Single Mom ေတြအတြက္ ကုိရီးယား၀မ္ေငြသန္း ၂၀လွဴဒါန္းခဲ႔တဲ႔ Suzy

“While You Were Sleeping” မင္းသမီးေခ်ာ Suzy ဟာ မတ္လတုန္းက အိမ္ေထာင္ဦးစီး မရွိပဲ ကေလးအတြက္တစ္ေယာက္တည္းရုန္းကန္ေနရတဲ႔မိခင္ေတြကုိ ကူညီတဲ႔အေနနဲ႔ ကုိရီးယား၀မ္ေငြ သန္း ၂၀လွဴဒါန္းခဲ႔တယ္လို႔သိရပါတယ္။သူမရဲ ႔ေအဂ်င္စီျဖစ္တဲ႔ JYP Entertainment က အတည္ျပဳေျပာၾကားခဲ႔တာပဲျဖစ္ပါတယ္။

Suzy ဟာ သရုပ္ေဆာင္ေလာကမွာေရာ ဂီတဘက္မွာပါ ထူးခြ်န္သူတစ္ေယာက္ျဖစ္ျပီး သူမရဲ ႔ျပင္ပအရည္အခ်င္းသာမက စိတ္ေနစိတ္ထားကလည္းလွပသူတစ္ေယာက္ ျဖစ္ပါတယ္။သူမဟာ Single Mother ေတြအတြက္သာမကကေလးငယ္ေလးေတြ၊၀င္ေငြနည္းပါးတဲ႔မိသားစုေတြ ၊ေနမေကာင္းျဖစ္ေနတဲ႔လူေတြအားလံုးကုိပါ ဆက္ျပီးကူညီႏုိင္ဖုိ႔လုပ္ေဆာင္ေန တယ္လို႔သိရပါတယ္။၂၀၁၅ခုႏွစ္မွာဆုိရင္ သူမလွဴဒါန္းခဲ႔တဲ႔ေငြဟာ စုစုေပါင္း ကုိရီးယား၀မ္ေငြ သန္း၁၀၀ ေက်ာ္ရွိပါတယ္။

၂၀၁၅ခုႏွစ္တုန္းက Suzy ဟာ ‘Honor Society’ လူမႈအဖြဲ႔အစည္းအတြက္ ကုိရီးယား၀မ္ေငြ သန္း ၁၀၀ေက်ာ္လွဴဒါန္းခဲ႔တာျဖစ္ပါတယ္။ထုိအဖြဲ႔အစည္းဟာ ဒုကၡေရာက္ေနတဲ႔သူေတြကုိ
ေထာက္ပံ႔ေပးေနတဲ႔သူေတြျဖစ္ျပီး ကင္ဆာေရာဂါခံစားေနရတဲ႔ကေလးငယ္ေတြအတြက္တစ္ႏွစ္ကုိ ၁၀သန္းေက်ာ္ေထာက္ပံ႔ကူညီေပးေနတဲ႔အဖြဲ႔ျဖစ္ပါတယ္။အဲ႔ဒီကတည္းက သူမဟာ လူမႈကူညီကယ္ဆယ္ေရး အဖြဲ႔၀င္တစ္ေယာက္ျဖစ္လာခဲ႔တာပါ။အခုဆုိရင္လည္း ကေလးတစ္ဖက္နဲ႔
တစ္ေယာက္တည္းရပ္တည္ေနရတဲ႔မိခင္ေတြကုိ ကုိယ္ခ်င္းစာစိတ္နဲ႔ ေငြေၾကးလွဴဒါန္းခဲ႔တာျဖစ္ပါတယ္။

အႏုပညာလႈပ္ရွားမႈအေနနဲ႔ေတာ့ မင္းသား Park Bo Gum နဲ႔ တြဲဖက္ရုိက္ကူးရမယ့္ ဇာတ္ညႊန္းကုိကမ္းလွမ္းခံခဲ႔ရေပမဲ႔ အခုခ်ိန္ထိေတာ့လက္ခံမယ္လို႔အတည္ျပဳေျပာထားျခင္း မရွိေသးပါဘူး။သူမ ေနာက္ဆံုးရိုက္ကူးခဲ႔တဲ႔ကားကေတာ့ မင္းသား Lee Jong Suk နဲ႔တဲြဖက္သရုပ္ေဆာင္ထားတဲ႔”While You Were Sleeping” ဇာတ္ကားပဲျဖစ္ပါတယ္။

Unicode

“While You Were Sleeping” မင်းသမီးချော Suzy ဟာ မတ်လတုန်းက အိမ်ထောင်ဦးစီး မရှိပဲ ကလေးအတွက်တစ်ယောက်တည်းရုန်းကန်နေရတဲ့မိခင်တွေကို ကူညီတဲ့အနေနဲ့ ကိုရီးယားဝမ်ငွေ သန်း ၂ဝလှူဒါန်းခဲ့တယ်လို့သိရပါတယ်။သူမရဲ ့အေဂျင်စီဖြစ်တဲ့ JYP Entertainment က အတည်ပြုပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Suzy ဟာ သရုပ်ဆောင်လောကမှာရော ဂီတဘက်မှာပါ ထူးချွန်သူတစ်ယောက်ဖြစ်ပြီး သူမရဲ ့ပြင်ပအရည်အချင်းသာမက စိတ်နေစိတ်ထားကလည်းလှပသူတစ်ယောက် ဖြစ်ပါတယ်။သူမဟာ Single Mother တွေအတွက်သာမကကလေးငယ်လေးတွေ၊ဝင်ငွေနည်းပါးတဲ့မိသားစုတွေ ၊နေမကောင်းဖြစ်နေတဲ့လူတွေအားလုံးကိုပါ ဆက်ပြီးကူညီနိုင်ဖို့လုပ်ဆောင်နေ တယ်လို့သိရပါတယ်။၂၀၁၅ခုနှစ်မှာဆိုရင် သူမလှူဒါန်းခဲ့တဲ့ငွေဟာ စုစုပေါင်း ကိုရီးယားဝမ်ငွေ သန်း၁၀၀ ကျော်ရှိပါတယ်။

၂၀၁၅ခုနှစ်တုန်းက Suzy ဟာ ‘Honor Society’ လူမှုအဖွဲ့အစည်းအတွက် ကိုရီးယားဝမ်ငွေ သန်း ၁ဝဝကျော်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ထိုအဖွဲ့အစည်းဟာ ဒုက္ခရောက်နေတဲ့သူတွေကို
ထောက်ပံ့ပေးနေတဲ့သူတွေဖြစ်ပြီး ကင်ဆာရောဂါခံစားနေရတဲ့ကလေးငယ်တွေအတွက်တစ်နှစ်ကို ၁ဝသန်းကျော်ထောက်ပံ့ကူညီပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။အဲ့ဒီကတည်းက သူမဟာ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တာပါ။အခုဆိုရင်လည်း ကလေးတစ်ဖက်နဲ့
တစ်ယောက်တည်းရပ်တည်နေရတဲ့မိခင်တွေကို ကိုယ်ချင်းစာစိတ်နဲ့ ငွေကြေးလှူဒါန်းခဲ့တာဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့တော့ မင်းသား Park Bo Gum နဲ့ တွဲဖက်ရိုက်ကူးရမယ့် ဇာတ်ညွှန်းကိုကမ်းလှမ်းခံခဲ့ရပေမဲ့ အခုချိန်ထိတော့လက်ခံမယ်လို့အတည်ပြုပြောထားခြင်း မရှိသေးပါဘူး။သူမ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားကတော့ မင်းသား Lee Jong Suk နဲ့တွဲဖက်သရုပ်ဆောင်ထားတဲ့”While You Were Sleeping” ဇာတ်ကားပဲဖြစ်ပါတယ်။

132 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.