ပျင်းလိုက်တာ…ဒီနေ့လည်းအရင်နေ့တွေကလိုပဲဖြတ်သန်းရအုံးမယ်…ဆိုပြီးနေ့စဉ်ဘ၀ကိုငြီးငွေ့နေတတ်ကြသူတွေအဖို့
ဘယ်ကိစ္စဘယ်လုပ်ငန်းကိုမဆိုလုပ်ဆောင်တဲ့အခါမှာသူမျာနဲ့ပြိုင်ဆိုင်လိုစိတ်များနေတာမျိုးထက် တစ်နေ့တစ်နေ့ကိုယ်ဘယ်လောက်ထိတိုးတတ်အောင်လုပ်နိုင်သလဲဆိုတာမျိုး ၊ ဒီနှစ်ဒီလောက် နောက်နှစ်ဘယ်လောက်ရအောင်ကြိုးစားမယ်ဆိုတာမျိုးTarget ထားပြီးလုပ်ဆောင်ပါ။
အပေါ်က အချက်တွေနဲ့သင့်ဘ၀ကိုပုံမှန်လေးတည်ဆောက်ဖြစ်မယ်ဆိုရင် နေ့စဉ်ဘ၀ကိုငြီးငွေ့နေစရာပျင်းရိနေစရာ မချိန်ရယ်လို့တောင်မရှိနိုင်တော့မယ်မထင်ပါဘူး
Unicode
တစ်ချို့သောသူတွေဟာ ကိုယ့်ဘဝကြီးကို တစ်နေ့တစ်နေ့ပုံမှန်လုပ်ရိုးလုပ်စဉ်တိုင်းလုပ်ဆောင်ရင်းငြီးငွေ့တတ်ကြတာမျိုး စိတ်ဓာတ်ကျအားငယ်တတ်ကြတာမျိုးဖြစ်တတ်ကြပါတယ်။ ဒါဟာသိပ်တော့သဘာဝကျတဲ့ကိစ္စကြီးတော့မဟုတ်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင်ကျေနပ်မှုမရှိပဲငြီးငွေ့နေပြီဆိုရင်တော့ဘယ်လိုအချက်လေးတွေနဲ့စတင်ပြင်ဆင်သင့်ပြီလဲဆိုတာ…
(၁) အပြင်များများထွက်ပါ
အပြင်များများထွက်ပါ၊ ငွေကြေးသိပ်မကုန်ပဲ လေ့လာစရာများတဲ့နေရာမျိုး၊ ကိုယ်နဲ့ခပ်စိမ်းစိမ်းဖြစ်နေတဲ့ နေရာအသစ်ဆန်းတွေကို သွားရောက်ကြည့်ပါ။ကိုယ့်ရဲ့စိတ်ပျော်ရွှင်ရာဟာ ဒီလိုသွားရင်းနဲ့လည်း မတော်တဆတွေ့ကောင်းတွေ့နို်င်ပါတယ်။
(၂) ကိုယ်မှာ အခုလုပ်နေတဲ့အလုပ်အပြင်ဘာတွေကိုစိတ်ဝင်စားတတ်သလဲဆိုတာကိုရှာဖွေပါ၊ လုပ်ဆောင်ပါ
ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲ အခုလက်ရှိကိုယ်က ဘာတာဝန်ကို ထမ်းဆောင်နေတဲ့သူလည်းကိုယ့်ကြောင့် ဘယ်သူတွေဘယ်လောက်အကျိုးရှိသွားလဲဆိုတာမျိုးနေ့စဉ်သုံးသပ်ပါ။ ကိုယ့်စိတ်ထဲမှာ အခုလက်ရှိပုံမှန်လုပ်နေတဲ့အလုပ်အပြင်ဘာတွေကို လုပ်ရတာ ၀ါသနာပါသလဲဆိုတာ ရှာဖွေပြီးကိုယ့်ရဲ့ပျင်းရိချိန်တွေကိုကိုယ်ပျော်ရွှင်ရတဲ့အရာတွေနဲ့ဖြတ်သန်းပါ။
(၃) မိတ်ဆွေသစ်တွေနဲ့မိတ်ဖွဲ့ပါ
မိတ်ဟောင်းဆွေဟောင်းတွေကို ပစ်ခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်စိတ်ကို အရင်ကထက်ပိုပြီးခွန်အားတွေဖြစ်စေဖို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိစေဖို့အတွက်မိတ်ဆွေ အသစ်တွေနဲ့မိတ်ဖွဲ့ဖို့ဝန်မလေးပါနဲ့။
(၄) ဘာလုပ်လုပ်Target တစ်ခုထားပြီးလုပ်ဆောင်ပါ
ဘယ်ကိစ္စဘယ်လုပ်ငန်းကိုမဆိုလုပ်ဆောင်တဲ့အခါမှာသူမျာနဲ့ပြိုင်ဆိုင်လိုစိတ်များနေတာမျိုးထက် တစ်နေ့တစ်နေ့ကိုယ်ဘယ်လောက်ထိတိုးတတ်အောင်လုပ်နို်င်သလဲဆိုတာမျိုး ၊ ဒီနှစ်ဒီလောက် နောက်နှစ်ဘယ်လောက်ရအောင်ကြိုးစားမယ်ဆိုတာမျိုးTarget ထားပြီးလုပ်ဆောင်ပါ။
(၅) တစ်နေ့ထပ်တစ်နေ့ အသိပညာတစ်ခု(သို့) အကျိုးတစ်ခုတိုးလာအောင်နေပါ
ဗဟုသုတပဲဖြစ်ဖြစ် အသိပညာတစ်ခုခုပဲဖြစ်ဖြစ် (ဒါမှမဟုတ်) ကိုယ်လုပ်ဆောင်နေတဲ့ လုပ်ငန်းတစ်ခုမှာပဲ ဖြစ်ဖြစ် တစ်နေ့ထက်တစ်နေ့ အကျိုးရှိအောင် အောင်မြင်လာအောင်တစ်ခုခုကျန်ခဲ့အောင် နေ့စဉ်ကြိုးစားကြည့်ပါ။ တိုးတတ်မှုတစ်ခုရှိလာတိုင်းလည်းကိုယ့်တိုးတတ်မှုတိုင်းအတွက်ကျေနပ်ဂုဏ်ယူပေးပါ။
အပေါ်က အချက်တွေနဲ့သင့်ဘဝကိုပုံမှန်လေးတည်ဆောက်ဖြစ်မယ်ဆိုရင် နေ့စဉ်ဘဝကိုငြီးငွေ့နေစရာပျင်းရိနေစရာ မချိန်ရယ်လို့တောင်မရှိနိုုင်တော့မယ်မထင်ပါဘူး…
279 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.