Casseroles ဆိုတာဘာလဲ ?
Casseroles ကို ၁၈၆၆ခုႏွစ္တုန္းက ျပင္သစ္လူမ်ဳိး Elmire Jolicoeur က ေခတ္သစ္ စားစရာတစ္ခုျဖစ္တဲ့ Casseroles ကို ဘာလင္ ၊ New Hamsphire မွာ တီထြင္ခဲ့ပါတယ္။ Casseroles ကို အရသာ႐ွိတဲ့ဟင္းလ်ာတစ္ခုအျဖစ္ ခ်က္ျပဳတ္ခဲ့ရာမွာ အေမရိကန္မွာ ၂ဝရာစုႏွစ္အတြင္း ေရပန္းစားသြားခဲ့ပါတယ္။ Casseroles မွာ အသီးရြက္မ်ဳိးစံု၊ ဂ်ဳံမႈန္႔ ၊ ဆန္ ၊ အာလူး ၊ ခ်ိစ္တို႔နဲ႔ေရာစပ္ထားတာေၾကာင့္ တစ္ခါစားလိုက္တာနဲ႔ အရသာအရမ္း႐ွိျပီး ဗိုက္လည္းဝသြားေစပါတယ္။ ခ်က္ျပဳတ္နည္းက လုပ္ရမခက္ပါဘူး။ စားေနၾကအစားစားေတြနဲ႔မတူပဲ အရသာသစ္ဆန္းေတြကို ျမည္းစမ္းခ်င္သူမ်ားအတြက္ Casseroles ေလးကို လုပ္စားၾကည့္ဖို႔ ေဝမွ်ေပးလိုက္တယ္ေနာ္…
ပါဝင္ပစၥည္းမ်ား
– အမဲသား (၅ဝဝ ဂရမ္)
– အာလူး (၁ ကီလိုဂရမ္)
– ၾကက္ဥ ၁လံုး
– ႏြားႏုိ႔ (၂၅ဝ မီလီလီတာ)
– ေထာပတ္ (၁ဝဝ ဂရမ္)
– ၾကက္သြန္နီ ၁လံုး
– ခ်ိစ္ (၅ဝ)ဂရမ္
– ဆား ၊ င႐ုတ္ေကာင္း
အခြာႏႊာထားတဲ့ အာလူးကို ဆားရည္ထဲမွာ ထည့္ျပဳတ္လုိက္ပါ။ ျပီးရင္ေရေတြကုိ ခပ္ထုတ္လိုက္ျပီး ေထာပတ္ ၅ဝ ဂရမ္ကို အာလူးနဲ႔ေရာသမႊပါ။ ႏြားႏို႔ကိုအပူေပးျပီး အာလူးအေရာထဲထည့္လိုက္ပါ။ တစ္သားတည္းျဖစ္သြားသည္အထိ စိတ္႐ွည္႐ွည္နဲ႔ေမႊေပးဖို႔လိုပါတယ္။
ၾကက္သြန္နီကုိ အခံြႏႊာျပီး အစိတ္စိတ္ေလးေတြ လွီးပါ။ ေရႊေရာင္ေျပာင္းသည္အထိ ေထာပတ္ဆီနဲ႔ ဆီသတ္ေပးပါ။ ျပီးရင္ ႏုပ္ႏုပ္စင္းထားတဲ့ အသားကို ၾကက္သြန္ဆီသတ္နဲ႔ထည့္ေမႊျပီး ဆားအနည္းငယ္ျဖဴးလိုက္ပါ။ အသားက်က္လာျပီလုိ႔ထင္ရင္ ၾကက္ဥေဖာက္ထည့္ျပီး သမေပးပါ။ ကိုယ္လိုခ်င္တဲ့ပံုစံခြက္ေလးထဲ အမဲသားအေရာကိုထည့္ ၊ ျပီးရင္ ေစာနက အာလူးအရည္ေတြကိုအေပၚက ေလာင္းထည့္ပါ။ ေနာက္ဆံုးအေနနဲ႔ အမဲဆီနဲ႔ ေထာပတ္ဆီကိုေရာျပီး အေပၚကေန ဇြန္းနဲ႔ ျဖန္႔လိုက္ပါ။
၁၅မိနစ္ေလာက္ ဖုတ္ျပီးတာနဲ႔ မီးဖိုထဲကေနထုတ္ကာ ကိုယ္လိုသေလာက္ခ်ိစ္ေတြအေပၚက ထည့္ပါ။ ျပီးရင္ ေနာက္ထပ္ ၅မိနစ္ေလာက္ ဖုတ္ျပီးတာနဲ႔ အရသာ႐ွိတဲ့ Casseroles ေလးတစ္ခုကို စားသံုးႏုိင္ပါျပီ။ အရသာကေတာ့ ႐ွယ္မွ႐ွယ္ပဲ … !
(Unicode)
Casseroles ဆိုတာဘာလဲ ?
Casseroles ကို ၁၈၆၆ခုနှစ်တုန်းက ပြင်သစ်လူမျိုး Elmire Jolicoeur က ခေတ်သစ် စားစရာတစ်ခုဖြစ်တဲ့ Casseroles ကို ဘာလင် ၊ New Hamsphire မှာ တီထွင်ခဲ့ပါတယ်။ Casseroles ကို အရသာရှိတဲ့ဟင်းလျာတစ်ခုအဖြစ် ချက်ပြုတ်ခဲ့ရာမှာ အမေရိကန်မှာ ၂ဝရာစုနှစ်အတွင်း ရေပန်းစားသွားခဲ့ပါတယ်။ Casseroles မှာ အသီးရွက်မျိုးစုံ၊ ဂျုံမှုန့် ၊ ဆန် ၊ အာလူး ၊ ချိစ်တို့နဲ့ရောစပ်ထားတာကြောင့် တစ်ခါစားလိုက်တာနဲ့ အရသာအရမ်းရှိပြီး ဗိုက်လည်းဝသွားစေပါတယ်။ ချက်ပြုတ်နည်းက လုပ်ရမခက်ပါဘူး။ စားနေကြအစားစားတွေနဲ့မတူပဲ အရသာသစ်ဆန်းတွေကို မြည်းစမ်းချင်သူများအတွက် Casseroles လေးကို လုပ်စားကြည့်ဖို့ ဝေမျှပေးလိုက်တယ်နော်…
ပါဝင်ပစ္စည်းများ
– အမဲသား (၅ဝဝ ဂရမ်)
– အာလူး (၁ ကီလိုဂရမ်)
– ကြက်ဥ ၁လုံး
– နွားနို့ (၂၅ဝ မီလီလီတာ)
– ထောပတ် (၁ဝဝ ဂရမ်)
– ကြက်သွန်နီ ၁လုံး
– ချိစ် (၅ဝ)ဂရမ်
– ဆား ၊ ငရုတ်ကောင်း
အခွာနွှာထားတဲ့ အာလူးကို ဆားရည်ထဲမှာ ထည့်ပြုတ်လိုက်ပါ။ ပြီးရင်ရေတွေကို ခပ်ထုတ်လိုက်ပြီး ထောပတ် ၅ဝ ဂရမ်ကို အာလူးနဲ့ရောသမွှပါ။ နွားနို့ကိုအပူပေးပြီး အာလူးအရောထဲထည့်လိုက်ပါ။ တစ်သားတည်းဖြစ်သွားသည်အထိ စိတ်ရှည်ရှည်နဲ့မွှေပေးဖို့လိုပါတယ်။
ကြက်သွန်နီကို အခွံနွှာပြီး အစိတ်စိတ်လေးတွေ လှီးပါ။ ရွှေရောင်ပြောင်းသည်အထိ ထောပတ်ဆီနဲ့ ဆီသတ်ပေးပါ။ ပြီးရင် နုပ်နုပ်စင်းထားတဲ့ အသားကို ကြက်သွန်ဆီသတ်နဲ့ထည့်မွှေပြီး ဆားအနည်းငယ်ဖြူးလိုက်ပါ။ အသားကျက်လာပြီလို့ထင်ရင် ကြက်ဥဖောက်ထည့်ပြီး သမပေးပါ။ ကိုယ်လိုချင်တဲ့ပုံစံခွက်လေးထဲ အမဲသားအရောကိုထည့် ၊ ပြီးရင် စောနက အာလူးအရည်တွေကိုအပေါ်က လောင်းထည့်ပါ။ နောက်ဆုံးအနေနဲ့ အမဲဆီနဲ့ ထောပတ်ဆီကိုရောပြီး အပေါ်ကနေ ဇွန်းနဲ့ ဖြန့်လိုက်ပါ။
၁၅မိနစ်လောက် ဖုတ်ပြီးတာနဲ့ မီးဖိုထဲကနေထုတ်ကာ ကိုယ်လိုသလောက်ချိစ်တွေအပေါ်က ထည့်ပါ။ ပြီးရင် နောက်ထပ် ၅မိနစ်လောက် ဖုတ်ပြီးတာနဲ့ အရသာရှိတဲ့ Casseroles လေးတစ်ခုကို စားသုံးနိုင်ပါပြီ။ အရသာကတော့ ရှယ်မှရှယ်ပဲ … !