၂၀၁၂ အကယ်ဒမီပေးပွဲအတွက် ဂယက်ထနေခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောက အကြောင်းကို ဖွင့်ဟလာတဲ့ ကိုဇော်( အရုဏ်ဦး)

1016627_459024237527858_1170116352_n.jpg

အကယ်ဒမီပေးပွဲလဲနီးလာပြီဖြစ်တဲ့အတွက် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ‘ဥ’ဇာတ်ကားရဲ့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)နဲ့ စကားစမြည်ပြောကြည့်မိတဲ့အခါ သူက‘ဥကားက ဟာသကားဖြစ်တဲ့အတွက် သိပ်တော့ စိတ်မလှုပ်ရှားမိဘူး။ ဒါပေမဲ့သတင်းတွေကတော့ ထွက်နေ တယ်ပေါ့နော်။ ကျွန်တော်တို့က ဒီနှစ်မှာ ရွေးချယ်တဲ့ဟာကို ပုံစံတစ်ခုပြောင်းပေးလိုက်တယ်။ ရုပ်ရှင်လောကသား တော်တော်များများနဲ့ ဌာနဆိုင်ရာအသစ်တွေနဲ့ပေါ့။ အဲဒီအစိတ်အပိုင်းမှာ ဘာဖြစ်လဲဆိုတော့ တချို့တွေကပြောကြပြန်ရော ဟိုတုန်းက ဌာနဆိုင်ရာတွေပေးတုန်းကလဲ တစ်မျိုးပြောတယ်။ အခု ရုပ်ရှင်လောကသားတွေပေးတော့လဲ ဒီလူတွေက ဘာဖြစ်ပြန်ပြီ၊ ညာဖြစ်ပြန်ပြီ။ အဲဒီတော့ ဘယ်လိုလူတွေကို ရွေးချယ်ခိုင်းရမလဲဆိုတာကို ကိုယ်တွေက ရွေးချယ်ပေးရမှာလေ။ ကျွန်တော်တို့ဆီမှာက သူများကိုပြောချင်တဲ့စိတ်က သိပ်များကြတယ်။ ကိုယ်တိုင်ရော လုပ်နိုင်လားဆိုတော့ မလုပ်နိုင်ကြဘူး။ ကိုယ်မလုပ်နိုင်ရင် သူများလဲမပြောတော့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်မှမလုပ်နိုင်တာ သူများလုပ်နေတာကိုကိုယ်က သွားပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ မင်းလုပ်နိုင်ရင်မင်းလာလုပ်ပါလားဆိုပြီး သူတို့ကလဲပြောမှာပဲ။ အခုလဲ အကယ်ဒမီ အကဲဖြတ်အဖွဲ့တွေနဲ့ပတ်သတ်လို့ ပြောနေဆိုနေကြတယ်ဆိုတော့ အဲဒါဆိုရင်ရုပ်ရှင်အစည်းအရုံးက နောက်နှစ်မှာ ရွေးတော့မယ်။ ဒီလူတွေပဲရှိတာလေ။ ၃၂ယောက်ပဲရှိတယ်။ အဲလူတွေမလုပ်ရင် ဘယ်သူတွေလုပ်မှာလဲ။ အကယ်ဒမီအကဲဖြတ်တာက Personalပါလို့ မရဘူး။ စံနှုန်းတွေရှိပြီးသား။ ရုပ်ရှင်အစည်းအရုံးက ပေးတော့မယ့်အချိန် အစည်းအဝေးခေါ်တဲ့အခါမှာ တစ်ယောက်တစ်ပေါက်တွေဖြစ်ကြတယ်။ တစ်ယောက်ချင်းစီရဲ့ ဖြစ်ချင်တာတွေကို စာရေးပြီးတင်လို့ပြောတဲ့အခါမှာ ကောင်းတာလေးတွေကိုရွေးပြီး ထုတ်ကြမယ်လို့ပြောတဲ့အခါမှာလဲ မဖြစ်ပြန်ဘူး။ အခုတစ်ခါဖွဲ့ပြန်တော့လဲ အဆင်မပြေပြန်ဘူး။ အဲဒါမျိုးက နိုင်ငံတကာမှာမရှိဘူး။ ကျွန်တော်တို့တစ်နိုင်ငံတည်းပဲရှိတာ။ ကိုယ်လဲမလုပ်ဘူး။ သူများကိုလဲ အကောင်းမပြောဘူ။ အဲဒီတော့ ကျွန်တော်ပြောချင်တာက ၀ိုင်းပြီးလုပ်ကြပါ။ တစ်ဖက်စောင်းနင်း မပြောကြပါနဲ့။ ဆိုလိုတာ ကားတစ်ကားကို အကယ်ဒမီအနေနဲ့ ပေးတော့မယ်ဆိုရင် ရည်ရွယ်ချက်ကဘယ်လို၊ တင်ပြပုံက ဘယ်လို သူ့ရဲ့ သတ်မှတ်ချက်တွေနဲ့ဘယ်လောက်ဘယ်လောက်ပေးသွားမယ်ဆိုတာ ရှိရမယ်။ ဇာတ်ပို့ဇာတ်ရံနဲ့ပတ်သတ်လို့လဲ မင်းသားမင်းသမီးတွေက ဇာတ်ပို့ဇာတ်ရံလုပ်ကြတဲ့ အခါကျတော့လဲ ဒီဇာတ်ပို့ဇာတ်ရံတွေက ကြိုးစား ကောင်းရင်ရမှာပေါ့။ အမှန်တော့ ဇာတ်ကားတစ်ကားလုံးမှာ အကုန်လုံးက သရုပ်ဆောင်တွေကြီးပဲ။ ခွဲခြားတာမျိုးမရှိဘူး။ အဲဒါကြောင့်မို့ သူတို့က မင်းသားဆု၊ မင်းသမီးဆုဆိုပြီးပေးတာ မဟုတ်ဘူး။’လို့ ပြောပါတယ်။

အသံပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ‘ဖမ်းတဲ့အသံကိုပေးမှာလား။ Mixing လုပ်တဲ့သူကို ပေးမှာလားဆိုတော့ ကျွန်တော်တို့က ဖမ်းတဲ့အသံကပေးစရာမလိုဘူး။ ရိုက်ကွင်းမှာ အသံကိုကောင်းအောင်ဖမ်းရမှာသူ့တာဝန်၊ တကယ်ပေးရမှာက နောက်ဆုံးမှာတကယ်ဖမ်းတဲ့Mixing လူကိုပေးရမှာလို့ပြောတော့ သူကျွန်တော်ကောင်းအောင်မဖမ်းပေးရင် ဘယ်လိုလုပ်မလဲဆိုတော့ မင်းအလုပ်မလုပ်နဲ့တော့ပေါ့။ အကယ်ဒမီလိုချင်ရင် Mixing မှာဖမ်းတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားလို့ပြောတော့ အကယ်ဒမီကိုမှန်းလို့မရဘူး။ ဒီနှစ်မှာ ဒီလိုအသံတွေထွက်တော့ နောင်နှစ်မှာ Crewလိုက်ပေးမယ်ဖြစ်ပြန်ရော။ ဒါကြီးက သိပ်အဓိပ္ပါယ်မရှိဘူးလို့ခံစားမိတယ်။ ဖြစ်နေတာက ရုပ်ရှင်လောက ၊ နယ်ပယ်မှာ ဖရိုမရဲဖြစ်နေတဲ့အပိုင်းဖြစ်နေတယ်ပေါ့နော်။ ဒီနှစ်ကတော့သူတို့၇ ကားထဲက ရွေးနေကြတယ်ပေါ့လေ။ ကိုဝိုင်းရဲ့လက်ပံရယ်၊ ကိုနေပိုင်ရဲ့ တိမ်မင်းသမီးရယ်၊ ကယန်းအလှရယ်၊ ဒီ၃ကားကတော့ ထင်ထင်ရှားရှားပေါ့လေ။ စည်းမျဉ်းစည်းကမ်းတွေနဲ့ အကုန်ကိုက်ညီတယ်။ ဦးဇော်ရဲ့ ဥကားကကျတော့ ဟာသကားဖြစ်တဲ့အတွက် ကောင်းတယ်ဆိုပြီး ၇ကားထဲပါတာပါ။ ဒီကားထဲမှာတော့ ဇာတ်ယောင်းမဖြစ်တဲ့ ချောရတနာကိုပဲပေးမလား။ တစ်ခုခုတော့ရှိမှာပေါ့။’ သူက ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.