ကိုယ္ခ်င္းစာတရားေနာက္ကြယ္က တန္ျပန္သက္ေရာက္မႈမ်ား

××××
မေန႔က ကၽြန္မ ATM စက္မွာ ပုိက္ဆံသြားထုတ္တယ္။ ပိုက္ဆံထုတ္ဖို႔ၾကည့္ေတာ့ စက္ထဲကေန ပိုက္ဆံေတြမထုတ္ရေသးပဲ တန္းလန္းၾကီးထားထားတာေတြ႔ရတယ္။ (၅)သိန္းေလာက္႐ွိပါတယ္။ ကၽြန္မလည္း အဲ့ဒီပုိက္ဆံေတြကို ယူျပီးေတာ့ ဘဏ္မန္ေနဂ်ာဆီ သြားအပ္လုိက္တယ္။ မန္ေနဂ်ာက ကၽြန္မကို ” ကၽြန္ေတာ္ ဘယ္လိုကူညီေပးရမလဲ” တဲ့ ။

” ATM စက္မွာ ဘယ္သူပုိက္ဆံလာထုတ္သြားလည္းဆိုတာ ေသခ်ာစိစစ္လိုက္ရင္ အေကာင့္ပုိင္႐ွင္သိရတဲ့အခါ ပိုက္ဆံျပန္ေပးႏုိင္မယ္ထင္ပါတယ္ ” လို႔ ေျပာလုိက္တယ္။ကၽြန္မျပဳလုပ္ခဲ့တဲ့အရာအတြက္ ဝမ္းသာအားရျပီး ဘဏ္ထဲကေနျပန္ထြက္လာခဲ့တယ္။

အဲ့ဒီေန႔မွာပဲ ဘဏ္မန္ေနဂ်ာဆီက ဖုန္းလာတယ္။ ပိုက္ဆံပိုင္႐ွင္ကို ျပန္ေတြ႔သြားျပီျဖစ္ေၾကာင္းနဲ႔ အံ့ၾသစရာကိစၥတစ္ခု႐ွိတယ္ဆုိျပီး ကၽြန္မကိုေျပာပါတယ္။ ပိုင္႐ွင္က အသက္ (၉၂)ႏွစ္ အဘြားတစ္ေယာက္ျဖစ္ျပီး အဲ့ဒီပိုက္ဆံေတြက သူမရဲ႕အိမ္လခေပးဖို႔လို႔ သိရပါတယ္။ ေငြလက္ခံစာရြက္ကိုပဲထုတ္ျပီး ပိုက္ဆံကိုက်ေတာ့ ထုတ္ဖို႔ေမ့သြားခဲ့တာပါတဲ့။

သူမရဲ႕အိမ္လခက ၄သိန္း၈ေသာင္းပဲက်တဲ့အတြက္ က်န္တဲ့ပုိက္ဆံကို ေက်းဇူးတင္တဲ့အေနနဲ႔ ကၽြန္မကိုေပးခ်င္တယ္လို႔ေျပာလာတယ္။ ေသခ်ာစဥ္းစားၾကည့္ေတာ့ ပုိက္ဆံဘာမွမပိုေတာ့ရင္ အဘြားဘာနဲ႔စားေသာက္ေနထိုင္မလဲဆိုတာ သိခ်င္ခဲ့တယ္။ ဒီေတာ့ အဲ့ဒီ ပုိက္ဆံကိုကၽြန္မ,မယူပါဘူး။ အဘြားက အေနမေခ်ာင္ေပမယ့္ သေဘာထားကေတာ့သိပ္ၾကီးမားတယ္လုိ႔လည္း အေတြးဝင္မိတယ္။ အဲ့ဒါနဲ႔ ကၽြန္မ ဘဏ္မန္ေနဂ်ာကို ဖုန္္းျပန္ဆက္လိုက္ပါတယ္။

ကၽြန္မဆီကေန အဘြား အေကာင့္ထဲကို (၂)သိန္းေလာက္ လဲႊေပးပါလို႔ ေတာင္းဆိုခဲ့တယ္။ အျခား ဘဏ္၀န္ထမ္းေတြကလည္း ကၽြန္မရဲ႕ေတာင္းဆိုမႈဟာ ဘာအတြက္လည္းဆိုတာသိေရာ ေနာက္ထပ္ (၁)သိန္းလဲႊေပးလိုက္ပါတယ္။ ခဏလည္းၾကာေရာ ဘဏ္မန္ေနဂ်ာဆီက ဖုန္းျပန္ဝင္လာတယ္။ ၀န္ထမ္းေတြအားလံုး အဘြားအတြက္ စိတ္ကူးေပါက္ျပီး ေနာက္ထပ္၃သိန္းေလာက္ လႊဲေပးလိုက္ျပီျဖစ္ေၾကာင္း ေျပာျပပါတယ္။ ကၽြန္မ ယံုေတာင္မယံုႏုိင္ဘူး။ ဘယ္ေလာက္ ၾကည္ႏူးဖို႔ေကာင္းလိုက္လဲ !

ကၽြန္မရဲ႕လုပ္ရပ္ေလးတစ္ခုေၾကာင့္ အဘြားရဲ႕ဘဝအဆင္ေျပေခ်ာေမြ႔သြားတာေတြ႔ေတာ့ ၀မ္းသာၾကည္ႏူးမိတယ္။ ကၽြန္မတို႔ဘက္က ေပးဆပ္လိုက္တဲ့အရာဟာ ၾကီးသည္ျဖစ္ေစ၊ ေသးသည္ျဖစ္ေစ ၊ တစ္ဖက္သားအတြက္ အဆင္ေျပသြားတယ္ဆိုရင္ တူညီတဲ့အက်ဳိးသက္ေရာက္မႈကိုေတာ့ ခံစားရစျမဲပါ။ ဘာပဲျဖစ္ျဖစ္ စိတ္ထဲက ေစတနာသန္႔သန္႔နဲ႔ကူညီပါ။ ခ်စ္ခင္ပါ။ ၾကင္နာပါ။ ဒါဆိုရင္္ေတာ့ သင့္ဘဝတစ္ေလွ်ာက္လံုးဟာ စိတ္ခ်မ္းသာမႈေတြနဲ႔ပဲ ျပည့္ေနပါလိမ့္မယ္။ ေသးငယ္တဲ့ ေျခလွမ္း ၊ ေသးငယ္တဲ့ လုပ္ရပ္ေတြဟာ မသိသာေပမယ့္ ႐ုိက္ခက္မႈကေတာ့ အက်ဳိးထိေရာက္မႈ႐ွိပါတယ္။

(Unicode)

××××
မနေ့က ကျွန်မ ATM စက်မှာ ပိုက်ဆံသွားထုတ်တယ်။ ပိုက်ဆံထုတ်ဖို့ကြည့်တော့ စက်ထဲကနေ ပိုက်ဆံတွေမထုတ်ရသေးပဲ တန်းလန်းကြီးထားထားတာတွေ့ရတယ်။ (၅)သိန်းလောက်ရှိပါတယ်။ ကျွန်မလည်း အဲ့ဒီပိုက်ဆံတွေကို ယူပြီးတော့ ဘဏ်မန်နေဂျာဆီ သွားအပ်လိုက်တယ်။ မန်နေဂျာက ကျွန်မကို ” ကျွန်တော် ဘယ်လိုကူညီပေးရမလဲ” တဲ့ ။

” ATM စက်မှာ ဘယ်သူပိုက်ဆံလာထုတ်သွားလည်းဆိုတာ သေချာစိစစ်လိုက်ရင် အကောင့်ပိုင်ရှင်သိရတဲ့အခါ ပိုက်ဆံပြန်ပေးနိုင်မယ်ထင်ပါတယ် ” လို့ ပြောလိုက်တယ်။ကျွန်မပြုလုပ်ခဲ့တဲ့အရာအတွက် ဝမ်းသာအားရပြီး ဘဏ်ထဲကနေပြန်ထွက်လာခဲ့တယ်။

အဲ့ဒီနေ့မှာပဲ ဘဏ်မန်နေဂျာဆီက ဖုန်းလာတယ်။ ပိုက်ဆံပိုင်ရှင်ကို ပြန်တွေ့သွားပြီဖြစ်ကြောင်းနဲ့ အံ့သြစရာကိစ္စတစ်ခုရှိတယ်ဆိုပြီး ကျွန်မကိုပြောပါတယ်။ ပိုင်ရှင်က အသက် (၉၂)နှစ် အဘွားတစ်ယောက်ဖြစ်ပြီး အဲ့ဒီပိုက်ဆံတွေက သူမရဲ့အိမ်လခပေးဖို့လို့ သိရပါတယ်။ ငွေလက်ခံစာရွက်ကိုပဲထုတ်ပြီး ပိုက်ဆံကိုကျတော့ ထုတ်ဖို့မေ့သွားခဲ့တာပါတဲ့။

သူမရဲ့အိမ်လခက ၄သိန်း၈သောင်းပဲကျတဲ့အတွက် ကျန်တဲ့ပိုက်ဆံကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မကိုပေးချင်တယ်လို့ပြောလာတယ်။ သေချာစဉ်းစားကြည့်တော့ ပိုက်ဆံဘာမှမပိုတော့ရင် အဘွားဘာနဲ့စားသောက်နေထိုင်မလဲဆိုတာ သိချင်ခဲ့တယ်။ ဒီတော့ အဲ့ဒီ ပိုက်ဆံကိုကျွန်မ,မယူပါဘူး။ အဘွားက အနေမချောင်ပေမယ့် သဘောထားကတော့သိပ်ကြီးမားတယ်လို့လည်း အတွေးဝင်မိတယ်။ အဲ့ဒါနဲ့ ကျွန်မ ဘဏ်မန်နေဂျာကို ဖုန််းပြန်ဆက်လိုက်ပါတယ်။

ကျွန်မဆီကနေ အဘွား အကောင့်ထဲကို (၂)သိန်းလောက် လွှဲပေးပါလို့ တောင်းဆိုခဲ့တယ်။ အခြား ဘဏ်ဝန်ထမ်းတွေကလည်း ကျွန်မရဲ့တောင်းဆိုမှုဟာ ဘာအတွက်လည်းဆိုတာသိရော နောက်ထပ် (၁)သိန်းလွှဲပေးလိုက်ပါတယ်။ ခဏလည်းကြာရော ဘဏ်မန်နေဂျာဆီက ဖုန်းပြန်ဝင်လာတယ်။ ဝန်ထမ်းတွေအားလုံး အဘွားအတွက် စိတ်ကူးပေါက်ပြီး နောက်ထပ်၃သိန်းလောက် လွှဲပေးလိုက်ပြီဖြစ်ကြောင်း ပြောပြပါတယ်။ ကျွန်မ ယုံတောင်မယုံနိုင်ဘူး။ ဘယ်လောက် ကြည်နူးဖို့ကောင်းလိုက်လဲ !

ကျွန်မရဲ့လုပ်ရပ်လေးတစ်ခုကြောင့် အဘွားရဲ့ဘဝအဆင်ပြေချောမွေ့သွားတာတွေ့တော့ ဝမ်းသာကြည်နူးမိတယ်။ ကျွန်မတို့ဘက်က ပေးဆပ်လိုက်တဲ့အရာဟာ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ၊ တစ်ဖက်သားအတွက် အဆင်ပြေသွားတယ်ဆိုရင် တူညီတဲ့အကျိုးသက်ရောက်မှုကိုတော့ ခံစားရစမြဲပါ။ ဘာပဲဖြစ်ဖြစ် စိတ်ထဲက စေတနာသန့်သန့်နဲ့ကူညီပါ။ ချစ်ခင်ပါ။ ကြင်နာပါ။ ဒါဆိုရင််တော့ သင့်ဘဝတစ်လျှောက်လုံးဟာ စိတ်ချမ်းသာမှုတွေနဲ့ပဲ ပြည့်နေပါလိမ့်မယ်။ သေးငယ်တဲ့ ခြေလှမ်း ၊ သေးငယ်တဲ့ လုပ်ရပ်တွေဟာ မသိသာပေမယ့် ရိုက်ခက်မှုကတော့ အကျိုးထိရောက်မှုရှိပါတယ်။

561 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.