ကိုယ္႔သားသမီးကိုတကယ္ခ်စ္တဲ႔မိဘတုိင္းမလုပ္သင္႔တဲ႔အရာေတြက

မိဘတုိင္းဟာ ကိုယ္႔သားသမီးကိုမခ်စ္ဘူးရယ္မရွိျကပါဘူ။ မိဘတုိင္းအခ်စ္ျကီးတတ္ျကတဲ႔သူေတြျကီးပါပဲ။ ကြာတာက ခ်စ္ပံုခ်စ္နည္းေလးပါပဲ၊ ဆိုေတာ႔ကိုယ္႕သားသမီးကိုခ်စ္တဲ႔မိဘတိုင္းမလုပ္သင္႔တဲ႔အရာတစ္ခ်ိဳ႕ကဘာေတြလည္းဆိုတာ…
(၁) ျကမ္းျကမ္းတမ္းတမ္းအျပစ္ေပးတာ
သားသမီးနဲ႕မိဘျကားမွာဆံုးမသြန္သင္မႈနဲ႕နာယူမႈဆိုတာမ်ိဳးပဲရွိသင္႔ပါတယ္။ ကိုယ္မျကိုက္တဲ႔အရာ ကိုယ္မလုပ္ေစခ်င္တဲ႔အရာ ဒါမ်ိဳးေတြပဲျဖစ္ျဖစ္ အမွားဆိုတဲ႔အရာမ်ိဳးေတြကိုပဲျဖစ္ျဖစ္ကိုယ္႔သားသမီးေတြကလုပ္မိတဲ႔အခါ ျကမ္းျကမ္းတမ္းျကမ္းအျပစ္ေပးတာမ်ိဳးမလုပ္ပဲနားလည္ေအာင္ဆံုးမျပီးကိုယ္႔စကားကို ကိုယ္႔သားသမီးနာခံတတ္ေအာင္ျကိုးစားသင္႔ပါတယ္။
(၂) နွိမ္႔ခ်ေျပာဆိုတာ
တစ္ခ်ိဳ႕ေသာမိဘေတြက ကိုယ္႔သားသမီးရဲ႕မခံခ်င္စိတ္ကိုနိူးဆြေပးရင္ပိုတိုးတတ္လာနိုင္တယ္ဆိုတဲ႔စိတ္နဲ႕ တစ္ျခားကေလးနဲ႕ခိုင္းနႈိုင္းေျပာတာမ်ိဳး နွိမ္႔ခ်ေျပာဆိုတာမ်ိဳးးကိုျပဳလုပ္တတ္ျကပါတယ္။ ဒါဟာ သားသမီးရဲ႕စိတ္ထဲကို အျကီးမားဆံုးဒဏ္ရာထည္႔ေပးလိုက္တာနဲ႕တူတူပါပဲ။ ကိုယ္႔ကိုေမြးထားတဲ႔ကိုယ္န႕ဲရင္ဘတ္ခ်င္းအနီးဆံုးလုိ႕ထင္ရတဲ႔မိဘေတာင္မယံုျကည္ပါလား အထင္မျကီးပါလားဆိုတဲ႔သိမ္ငယ္စိတ္ဟာစြဲထင္ေနမွာပါပဲ။
(၃) ေအာင္ျမင္မႈတိုင္းကိုအားမရတာ
ကိုယ္႔သားသမီးရဲ႕ျကိုးစားျပီးလုပ္ေဆာင္သမ်ွေအာင္ျမင္မႈတိုင္းကို နည္းတယ္မ်ားတယ္ သေဘာမထားပဲ ၀မ္းပမ္းတသာျကိုဆိုေပးဖို႕လုိပါတယ္။ ကိုယ္ေမ်ွာ္မွန္းထားသေလာက္မရလို႕ ၀မ္းမသာေပးပဲဒီေလာက္ပဲလားဆိုတဲ႔ အေမးမ်ိဳးအျပဳမူမ်ိဳးဟာ သူတို႕ရဲ႕တက္လမ္းကိုပိတ္သြားေစတာမို႕ျကိုးစားသမ်ွရလဒ္တိုင္းကို ဂုဏ္ျပဳေပးပါ။
(၄) သားသမီးဘ၀ကို၀င္ဦးေဆာင္တာ
မိဘဆိုတာ သားသမီးေတြဘ၀ကို ဦးေဆာင္ရမဲ႔သူေတြမဟုတ္ပါဘူး။ ေထာက္ပံ့ကူညီေပးရမဲ႔သူေတြပါ။ အမွားမွန္ကိုလမ္းညႊန္ေပးျပီးတည္႔မတ္ေျဖာင္႔မတ္ဖို႕ေဘးကထိန္းေက်ာင္းေပးသင္႔တဲ႔သူေတြပါ။ ကိုယ္တိုင္၀င္ေရာင္ျပီး ဒါျကီးလုပ္မွျဖစ္မယ္ ဟုိဟာျကီးလုပ္မွျဖစ္မယ္ဆိုတာမ်ိဳး ဖိအားေပးတာဟာ သားသမီးကိုခ်စ္တဲ႔အခ်စ္ထက္ အတၱေတြပါပါေနတယ္ဆိုတာကိုသတိထားပါ။
(၅) ေနရာတိုင္းမွာအလိုလုိက္ျပီးအျကိုက္ေဆာင္ေပးတာ
ေနရာတကာမွာ ကိုယ္႔သားသမီးစိတ္ဆင္းရဲမွာဆိုးလုိ႕ ပင္ပန္းမွာဆုိးလို႕ဆိုျပီး အလိုလုိက္အျကိုက္ေဆာင္ အလြယ္လမ္းပဲညႊန္ျပေပးလို႕မရပါဘူး။ခ်ုစ္သလိုမျဖစ္ပဲသူတို႕ဘ၀ကိုနွစ္သလိုျဖစ္ေစတာမို႕တကယ္ခ်စ္ရင္ ဘယ္ေလာက္ခက္ခဲခဲ လမ္းမွန္ေလ်ွာက္တတ္ဖို႕ညႊန္ျပေပးသင္႔ပါတယ္။

Unicode

မိဘတိုင်းဟာ ကိုယ့်သားသမီးကိုမချစ်ဘူးရယ်မရှိကြပါဘူ။ မိဘတိုင်းအချစ်ကြီးတတ်ကြတဲ့သူတွေကြီးပါပဲ။ ကွာတာက ချစ်ပုံချစ်နည်းလေးပါပဲ၊ ဆိုတော့ကိုယ့်သားသမီးကိုချစ်တဲ့မိဘတိုင်းမလုပ်သင့်တဲ့အရာတစ်ချို့ကဘာတွေလည်းဆိုတာ…
(၁) ကြမ်းကြမ်းတမ်းတမ်းအပြစ်ပေးတာ
သားသမီးနဲ့မိဘကြားမှာဆုံးမသွန်သင်မှုနဲ့နာယူမှုဆိုတာမျိုးပဲရှိသင့်ပါတယ်။ ကိုယ်မကြိုက်တဲ့အရာ ကိုယ်မလုပ်စေချင်တဲ့အရာ ဒါမျိုးတွေပဲဖြစ်ဖြစ် အမှားဆိုတဲ့အရာမျိုးတွေကိုပဲဖြစ်ဖြစ်ကိုယ့်သားသမီးတွေကလုပ်မိတဲ့အခါ ကြမ်းကြမ်းတမ်းကြမ်းအပြစ်ပေးတာမျိုးမလုပ်ပဲနားလည်အောင်ဆုံးမပြီးကိုယ့်စကားကို ကိုယ့်သားသမီးနာခံတတ်အောင်ကြိုးစားသင့်ပါတယ်။
(၂) နှိမ့်ချပြောဆိုတာ
တစ်ချို့သောမိဘတွေက ကိုယ့်သားသမီးရဲ့မခံချင်စိတ်ကိုနိူးဆွပေးရင်ပိုတိုးတတ်လာနိုင်တယ်ဆိုတဲ့စိတ်နဲ့ တစ်ခြားကလေးနဲ့ခိုင်းနှိုုင်းပြောတာမျိုး နှိမ့်ချပြောဆိုတာမျိုးးကိုပြုလုပ်တတ်ကြပါတယ်။ ဒါဟာ သားသမီးရဲ့စိတ်ထဲကို အကြီးမားဆုံးဒဏ်ရာထည့်ပေးလိုက်တာနဲ့တူတူပါပဲ။ ကိုယ့်ကိုမွေးထားတဲ့ကိုယ်နဲ့ရင်ဘတ်ချင်းအနီးဆုံးလို့ထင်ရတဲ့မိဘတောင်မယုံကြည်ပါလား အထင်မကြီးပါလားဆိုတဲ့သိမ်ငယ်စိတ်ဟာစွဲထင်နေမှာပါပဲ။
(၃) အောင်မြင်မှုတိုင်းကိုအားမရတာ
ကိုယ့်သားသမီးရဲ့ကြိုးစားပြီးလုပ်ဆောင်သမျှအောင်မြင်မှုတိုင်းကို နည်းတယ်များတယ် သဘောမထားပဲ ဝမ်းပမ်းတသာကြိုဆိုပေးဖို့လိုပါတယ်။ ကိုယ်မျှော်မှန်းထားသလောက်မရလို့ ဝမ်းမသာပေးပဲဒီလောက်ပဲလားဆိုတဲ့ အမေးမျိုးအပြုမူမျိုးဟာ သူတို့ရဲ့တက်လမ်းကိုပိတ်သွားစေတာမို့ကြိုးစားသမျှရလဒ်တိုင်းကို ဂုဏ်ပြုပေးပါ။
(၄) သားသမီးဘဝကိုဝင်ဦးဆောင်တာ
မိဘဆိုတာ သားသမီးတွေဘဝကို ဦးဆောင်ရမဲ့သူတွေမဟုတ်ပါဘူး။ ထောက်ပံ့ကူညီပေးရမဲ့သူတွေပါ။ အမှားမှန်ကိုလမ်းညွှန်ပေးပြီးတည့်မတ်ဖြောင့်မတ်ဖို့ဘေးကထိန်းကျောင်းပေးသင့်တဲ့သူတွေပါ။ ကိုယ်တိုင်ဝင်ရောင်ပြီး ဒါကြီးလုပ်မှဖြစ်မယ် ဟိုဟာကြီးလုပ်မှဖြစ်မယ်ဆိုတာမျိုး ဖိအားပေးတာဟာ သားသမီးကိုချစ်တဲ့အချစ်ထက် အတ္တတွေပါပါနေတယ်ဆိုတာကိုသတိထားပါ။
(၅) နေရာတိုင်းမှာအလိုလိုက်ပြီးအကြိုက်ဆောင်ပေးတာ
နေရာတကာမှာ ကိုယ့်သားသမီးစိတ်ဆင်းရဲမှာဆိုးလို့ ပင်ပန်းမှာဆိုးလို့ဆိုပြီး အလိုလိုက်အကြိုက်ဆောင် အလွယ်လမ်းပဲညွှန်ပြပေးလို့မရပါဘူး။ချုစ်သလိုမဖြစ်ပဲသူတို့ဘဝကိုနှစ်သလိုဖြစ်စေတာမို့တကယ်ချစ်ရင် ဘယ်လောက်ခက်ခဲခဲ လမ်းမှန်လျှောက်တတ်ဖို့ညွှန်ပြပေးသင့်ပါတယ်။

221 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.