ဒရာမာဇာတ္ကားအသစ္မွာ သူတို႔ႏွစ္ေယာက္ကိုအတူျမင္ေတြ႔ရလိမ့္မယ္လို႔ သတင္းထြက္ရွိေန

ကိုရီးယားဇာတ္ကားေတြၾကည့္ရင္ ဘယ္မင္းသားနဲ႔ဘယ္မင္းသမီးကုိေတာ့ျဖင့္ ႏွစ္ေယာက္အတူ တြဲရုိက္တာျမင္ခ်င္တယ္ဆိုသူေတြရွိၾကမွာပါ။ဒီတစ္ခါေတာ့ခ်စ္စရာေကာင္းတဲ႔မင္းသားေလး Park Bo Gum နဲ႔ မင္းသမီးေခ်ာေလး Suzy တို႔ကုိ တြဲဖက္ျမင္ခ်င္ပါတယ္ဆုိတဲ႔ပရိသတ္ေတြ ၀မ္းသာစရာသတင္းပါပဲ။သူတို႔ႏွစ္ေယာက္ကုိ ဒရာမာဇာတ္ကားအသစ္မွာ အတူတူျမင္ေတြ႔ရေတာ့မယ္ဆိုတဲ႔ ေကာလဟာလသတင္းေတြထြက္ရွိလာခဲ႔ပါတယ္။

“People of Incheon Airport” ဆိုတဲ႔ဇာတ္ကားအတြက္ သူတုိ႔ႏွစ္ေယာက္ကုိ ကမ္းလွမ္းထားတာျဖစ္တယ္လို႔သိရျပီး ႏွစ္ေယာက္လံုးက ေခါင္းေဆာင္
မင္းသား၊မင္းသမီးေတြအျဖစ္ပါ၀င္သရုပ္ေဆာင္ရမွာပါ။သူတို႔ရဲ ႔ေအဂ်င္စီေတြျဖစ္တဲ႔ Blossom Entertainment နဲ႔ JYP Entertainmentကေတာ့ ဇာတ္ညႊန္းကိုဖတ္ေနဆဲျဖစ္ျပီး ပါ၀င္သရုပ္ေဆာင္ျဖစ္မလား၊မျဖစ္ဘူးလားဆိုတာကုိေတာ့ မင္းသားေရာ၊မင္းသမီးပါ အတည္မျပဳရေသးဘူးလို႔ ေျပာျပခဲ႔ပါတယ္။

“People of Incheon Airport” ဇာတ္ကားဟာ အင္ခြ်န္းေလဆိပ္မွာရိုက္ကူးမွာျဖစ္ျပီး ေလဆိပ္က တကယ္အလုပ္ၾကိဳးစားတဲ႔သူေတြအေၾကာင္းကုိ ေဖာ္ျပထားတဲ႔ဇာတ္လမ္း လည္းျဖစ္ပါတယ္။ေကာလဟာလသတင္းေတြအရ Park Bo Gum ကုိ Kang Kichan ဆိုတဲ႔ ေလဆိပ္စီမံခန္႔ခြဲေရးအသင္းက အဖြဲ႔၀င္အျဖစ္သရုပ္ေဆာင္ဖုိ႔ကမ္းလွမ္းထားတာျဖစ္ျပီး Suzy ကိုေတာ့ Yoon Seowool ဆိုတဲ႔ CS စီမံခန္႔ခြဲေရးအသင္းက အမွားေတြအမ်ားၾကီးလုပ္တတ္တဲ႔
ခရီးသည္၀န္ေဆာင္မႈေပးသူတစ္ေယာက္အျဖစ္သရုပ္ေဆာင္ဖို႔ကမ္းလွမ္းထားတာျဖစ္တယ္လို႔သိရပါတယ္။

သူတို႔ႏွစ္ေယာက္အတူပါ၀င္သရုပ္ေဆာင္ျဖစ္ဖုိ႔ကုိပရိသတ္ေတြကလည္းရင္ခုန္စြာေမ်ွာ္လင့္ေစာင့္စားေနၾကတယ္လို႔သိရပါတယ္။Suzy ရဲ ႔ေနာက္ဆံုးထြက္ဒရာမကားက မင္းသား Lee Jong Suk နဲ႔တြဲဖက္ရိုက္ကူးထားတဲ႔ While You Were Sleeping ဇတာ္ကားျဖစ္ျပီး ၂၀၁၇ အတြက္
အေကာင္းဆံုးစံုတြဲဆုကုိလည္းရရွိခဲ႔တာျဖစ္ပါတယ္။Park Bo Gum ရဲ ႔ေနာက္ဆံုးထြက္ ဒရာမာကားသစ္ကေတာ့ မင္းသမီးေခ်ာေလး Kim Yoo Jung နဲ႔တြဲဖက္ရိုက္ကူးထား တဲ႔ Love in the Moonlight ဇာတ္ကားျဖစ္ျပီး ပရိသတ္ေတြက သူတို႔ကုိတကယ့့္စံုတဲြလို႔ ယံုၾကည္ရေလာက္ေအာင္ ေရပန္းစားခဲ႔တာျဖစ္ပါတယ္။

အခု Park Bo Gum နဲ႔ Suzy တို႔ရဲ ႔အတည္ျပဳမႈကုိေစာင့္ေနဆဲျဖစ္ျပီး SBS ရုပ္သံဌာနက စက္တင္ဘာလေလာက္မွာ ထုတ္လႊင့္ျပသဖို႔စီစဥ္ထားတယ္လို႔သိရပါတယ္။ႏွစ္ဖက္စလံုးက တရား၀င္အတည္ျပဳလက္ခံထားျခင္းမရွိေပမဲ႔ ပရိသတ္ေတြကေတာ့ သူတို႔တြဲဖက္သရုပ္ေဆာင္ ဖို႔ကုိ ေမ်ွာ္လင့္ေနၾကပါတယ္။

Unicode

ကိုရီးယားဇာတ်ကားတွေကြည့်ရင် ဘယ်မင်းသားနဲ့ဘယ်မင်းသမီးကိုတော့ဖြင့် နှစ်ယောက်အတူ တွဲရိုက်တာမြင်ချင်တယ်ဆိုသူတွေရှိကြမှာပါ။ဒီတစ်ခါတော့ချစ်စရာကောင်းတဲ့မင်းသားလေး Park Bo Gum နဲ့ မင်းသမီးချောလေး Suzy တို့ကို တွဲဖက်မြင်ချင်ပါတယ်ဆိုတဲ့ပရိသတ်တွေ ဝမ်းသာစရာသတင်းပါပဲ။သူတို့နှစ်ယောက်ကို ဒရာမာဇာတ်ကားအသစ်မှာ အတူတူမြင်တွေ့ရတော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေထွက်ရှိလာခဲ့ပါတယ်။

“People of Incheon Airport” ဆိုတဲ့ဇာတ်ကားအတွက် သူတို့နှစ်ယောက်ကို ကမ်းလှမ်းထားတာဖြစ်တယ်လို့သိရပြီး နှစ်ယောက်လုံးက ခေါင်းဆောင်
မင်းသား၊မင်းသမီးတွေအဖြစ်ပါဝင်သရုပ်ဆောင်ရမှာပါ။သူတို့ရဲ ့အေဂျင်စီတွေဖြစ်တဲ့ Blossom Entertainment နဲ့ JYP Entertainmentကတော့ ဇာတ်ညွှန်းကိုဖတ်နေဆဲဖြစ်ပြီး ပါဝင်သရုပ်ဆောင်ဖြစ်မလား၊မဖြစ်ဘူးလားဆိုတာကိုတော့ မင်းသားရော၊မင်းသမီးပါ အတည်မပြုရသေးဘူးလို့ ပြောပြခဲ့ပါတယ်။

“People of Incheon Airport” ဇာတ်ကားဟာ အင်ချွန်းလေဆိပ်မှာရိုက်ကူးမှာဖြစ်ပြီး လေဆိပ်က တကယ်အလုပ်ကြိုးစားတဲ့သူတွေအကြောင်းကို ဖော်ပြထားတဲ့ဇာတ်လမ်း လည်းဖြစ်ပါတယ်။ကောလဟာလသတင်းတွေအရ Park Bo Gum ကို Kang Kichan ဆိုတဲ့ လေဆိပ်စီမံခန့်ခွဲရေးအသင်းက အဖွဲ့ဝင်အဖြစ်သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတာဖြစ်ပြီး Suzy ကိုတော့ Yoon Seowool ဆိုတဲ့ CS စီမံခန့်ခွဲရေးအသင်းက အမှားတွေအများကြီးလုပ်တတ်တဲ့
ခရီးသည်ဝန်ဆောင်မှုပေးသူတစ်ယောက်အဖြစ်သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတာဖြစ်တယ်လို့သိရပါတယ်။

သူတို့နှစ်ယောက်အတူပါဝင်သရုပ်ဆောင်ဖြစ်ဖို့ကိုပရိသတ်တွေကလည်းရင်ခုန်စွာမျှော်လင့်စောင့်စားနေကြတယ်လို့သိရပါတယ်။Suzy ရဲ ့နောက်ဆုံးထွက်ဒရာမကားက မင်းသား Lee Jong Suk နဲ့တွဲဖက်ရိုက်ကူးထားတဲ့ While You Were Sleeping ဇတာ်ကားဖြစ်ပြီး ၂၀၁၇ အတွက်
အကောင်းဆုံးစုံတွဲဆုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။Park Bo Gum ရဲ ့နောက်ဆုံးထွက် ဒရာမာကားသစ်ကတော့ မင်းသမီးချောလေး Kim Yoo Jung နဲ့တွဲဖက်ရိုက်ကူးထား တဲ့ Love in the Moonlight ဇာတ်ကားဖြစ်ပြီး ပရိသတ်တွေက သူတို့ကိုတကယ့့်စုံတွဲလို့ ယုံကြည်ရလောက်အောင် ရေပန်းစားခဲ့တာဖြစ်ပါတယ်။

အခု Park Bo Gum နဲ့ Suzy တို့ရဲ ့အတည်ပြုမှုကိုစောင့်နေဆဲဖြစ်ပြီး SBS ရုပ်သံဌာနက စက်တင်ဘာလလောက်မှာ ထုတ်လွှင့်ပြသဖို့စီစဉ်ထားတယ်လို့သိရပါတယ်။နှစ်ဖက်စလုံးက တရားဝင်အတည်ပြုလက်ခံထားခြင်းမရှိပေမဲ့ ပရိသတ်တွေကတော့ သူတို့တွဲဖက်သရုပ်ဆောင် ဖို့ကို မျှော်လင့်နေကြပါတယ်။

110 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.