မိန်းကလေးတိုင်း ကိုယ့်ကောင်လေးဆီက နွေးထွေးတဲ့ ပွေ့ဖက်မှုမျိုးကို အရမ်းသဘောကျ
ပါတယ်။ ဒီလိုဆိုရင် သူတို့အတွက် အရမ်းနွေးထွေးမှုရှိတယ်လို့လည်းခံစားရတယ်။
ဒါပေမယ့် မိန်းကလေးတွေလိုချင်တဲ့ သူတို့ကောင်လေးဆီက ပွေ့ဖက်မှုပုံစံတွေက မျိုးစုံ
ရှိနေတတ်ပါတယ်။ ဘယ်လိုမျိုးလေးလဲဆိုတော့…
ဒီလိုပုံစံကတော့ မျက်နှာချင်းဆိုင်ဖက်ထားပေမယ့်လည်း ပိုပြီးတင်းတင်းကြပ်ကြပ်ဖက်
ထားချင်လေ။ ဖက်လေ ဖက်လေ အားမရလေပေါ့ ။
အေးမြတဲ့ရာသီဥတုမှာ ချစ်သူရဲ့ရင်ခွင်ထဲခိုလှုံနေရတာလောက် နွေးထွေးတာရှိဦးမလား ။
ယောက်ျားလေးများအနေနဲ့ ကိုယ့်ချစ်သူကို ရင်ခွင်ကျယ်ကြီးထဲ ပစ်သွင်းလိုက်ပါ။ ဘယ်
အနွေးထည်ဆီကမှ မရရှိတဲ့ အနွေးဓာတ်မျိုး သူမ သင့်ဆီကရလိမ့်မယ်
ဒီလိုပြေးဖက်တာမျိုးကတော့ အပြင်မှာ သိပ်မြင်ရလိမ့်မရှိပါဘူး.. ရေမြေခြားက ပြန်လာတဲ့
ချစ်သူကို ပြေးပြီးဖက်လိုက်တာမျိုး ၊ ကောင်လေးက ပွေ့ချီလိုက်တာမျိုးတွေ တွေ့ရင်တော့
အားကျတယ်ဟုတ် ..
ဒါကတော့ အရမ်းရိုမန်တစ်ဆန်တဲ့ ပွေ့ဖက်ခြင်းမျိုးပါ။ ဖက်နေရင်း ကောင်မလေးရဲ့ဆံသား
တွေကို ခေါင်းငုံနမ်းရှိုက်လိုက်ခြင်းက ကိုယ့်ကောင်မလေးရဲ့ယုံကြည်စိတ်ချမှု တစ်ဝက်ကို
ရယူလိုက်ခြင်းပါပဲ။
အတူတူဖက်အိပ်တာလောက် ကောင်းတဲ့ခံစားချက်ရှိဦးမလား။ ဘယ်မိန်းကလေးမှ ဒီလိုပွေ့
ဖက်မှုကို မလွန်နိုင်ပါဘူး
အလွမ်းသည် ပွေ့ဖက်ခြင်းမျိုးက ပထမဆုံးဦး ဖက်တာမျိုးနဲ့ နည်းနည်းဆင်ပေမယ့်
သူကပိုပြီး အဓိပ္ပာယ်အများကြီးပါပါတယ်။ အကြာကြီးနေမှ ပြန်တွေ့ရတဲ့ အတွဲတွေမှာသာ
ဒီလိုတင်းကြပ်တဲ့ ပွေ့ဖက်မှုမျိုးနဲ့ အလွမ်းသည်ကြတာဖြစ်ပါတယ်။
ကဲ ဒါဆို ပွေ့ဖက်ပုံနည်းလမ်းလေးတွေ သေချာမှတ်ထားပြီး ကိုယ့်ကောင်မလေးကို
သေချာပွေ့ဖက်ပေးနိုင်ကြပါစေ…