၀ုိး…ၾကက္ဆူဆီအစြမ္း အံ့မခန္းပါလား

ၾကက္ဆူဆီက သင့္ရဲ ႔အသားအရည္အတြက္ အက်ိဳးေက်းဇူးေတြအမ်ားၾကီးေပးစြမ္းႏုိင္တယ္ဆိုတာ သိပါသလား?အထူးသျဖင့္ သင့္ရဲ ႔မ်က္ႏွာလွလွေလးအတြက္ ၾကက္ဆူဆီက မထင္ထားေလာက္တဲ႔ အံ႔ၾသဆန္းၾကယ္မႈေတြေပးႏုိင္မွာအေသအခ်ာပါပဲ။ဘယ္လိုအက်ိဳးေက်းဇူးေတြရႏုိင္မလဲ
ၾကည့္လိုက္ရေအာင္..

၁)မ်က္ခံုး
မၾကာခဏဆိုသလို မ်က္ခံုးေမႊးမရွိတာ၊မ်က္ခံုးေမႊးပါးေနတာေတြနဲ႔ပတ္သက္ျပီး စိတ္ညစ္ခဲ႔ရဖူးတယ္ဟုတ္!မပူပါန႔ဲေတာ့။ၾကက္ဆူဆီက သင့္ရဲ ႔မ်က္ခံုးေမႊးကုိ လွပထူထဲေအာင္ ကူညီေပးႏုိင္ပါတယ္။ညတိုင္း ၾကက္ဆူဆီကုိမ်က္ခံုးမွာ ပြတ္လိမ္းျပီးအိပ္ပါ။ တစ္ပတ္ေလာက္ဆိုတာနဲ႔သိသာလာတာျမင္ရပါလိမ့္မယ္။

၂)မ်က္ေတာင္ေမႊး
ရွည္လ်ားေကာ့ပ်ံတဲ႔မ်က္ေတာင္လွလွေလးပုိင္ဆုိင္ခ်င္တယ္ဆိုရင္ ၾကက္ဆူဆီကုိ သတိရလိုက္ပါ။ၾကက္ဆူဆီက သင့္ရဲ ႔မ်က္ေတာင္ေမႊးေတြကို ၂ဆေလာက္
ရွည္လ်ားလာေစပါတယ္။ညတိုင္း မ်က္ေတာင္ေကာ့တံအေဟာင္းေလးနဲ႔ျဖစ္ေစ ေကာ့ေပးပါ။တစ္လေလာက္ဆို မ်က္ေတာင္ေလးေတြထူျပီးရွည္လ်ားလာတာ
ျမင္ရပါလိမ့္မယ္။ဘယ္လိုလဲ သေဘာက်သြားျပီဟုတ္!

၃)ႏႈတ္ခမ္း
ေဟာ ႏႈတ္ခမ္းအတြက္လည္းအသံုး၀င္ပါေသးတယ္။ႏႈတ္ခမ္းကုိ အျမဲတေစႏူးည့ံေခ်ာေမြ႔ျပီး ပန္းေရာင္သမ္းေနတာမ်ိဳးမျဖစ္ခ်င္ဘူးလား?ၾကက္ဆူဆီကသင့္ႏႈတ္ခမ္းကုိေရဓာတ္ျပည့္၀ ေစျပီးေခ်ာေမြ႔ျပည့္ေဖာင္းေစပါတယ္။ညအိပ္ရာ၀င္ခါနီးတိုင္း ၾကက္ဆူဆီကုိႏႈတ္ခမ္းမွာ လိမ္းအိပ္ပါ။ၾကက္ဆူဆီက သင့္ရဲ ႔ေစ်းၾကီးေပး၀ယ္ထားရတဲ႔ႏႈတ္ခမ္းဆိုးေဆးအဆီနဲ႔ ႏိႈင္းယွဥ္လို႔ရေလာက္ေအာင္ အက်ဳိးသက္ေရာက္မႈရွိေစပါတယ္။

၄)မ်က္ႏွာသန္႔စင္ေဆး
ၾကက္ဆူဆီက မ်က္ႏွာအေရျပားေပၚက ဆဲလ္ေသေတြကိုဖယ္ရွားေပးျပီးေတာက္ပေစပါတယ္။ ၾကက္ဆူဆီတစ္စက္ႏွစ္စက္ကုိ ဂြမ္းလံုးထဲထည့္၊ျပီးရင္မ်က္ႏွာကိုပြတ္လိမ္း သန္႔စင္ေပးပါ။ေခြ်းေပါက္က်ယ္တာကုိလည္းကာကြယ္ေပးႏုိင္ျပီးေခြ်းေပါက္ထဲကအညစ္အေၾကးေတြကိုပါသန္႔စင္ေစပါတယ္။လိမ္းျပီးရင္၃မိနစ္ေလာက္ႏိွပ္နယ္ေပးျပီး ေရေအးနဲ႔ျဖစ္ေစ ၊ေရေႏြးနဲ႔ျဖစ္ေစ သစ္ေပးပါ။

၅)ဆံပင္
ၾကက္ဆူဆီနဲ႔အုန္းဆီကုိ အခ်ိဳးက်ေရာစပ္ျပီးဆံပင္အႏွံ႔လိမ္းေပး၊ႏိွပ္နယ္ေပးပါ။ျပီးရင္ ေခါင္းကုိ တစ္ခုခုနဲ႔ပတ္အုပ္ထားျပီးတစ္ညလံုးထားပါ။ေနာက္တစ္ေန႔က်ေခါင္းေလ်ွာ္ရည္နဲ႔ ေခါင္းေလ်ွာ္ေပးပါ။တစ္ပတ္ကုိ တစ္ခါလုပ္ေပးရံုနဲ႔ဆံပင္ေတြသိသိသာသာရွည္လာတာ ကိုျမင္ရပါလိမ့္မယ္။ဆံပင္ရွည္လာရံုသာမကေဗာက္ေတြကုိလည္းဖယ္ရွားေပးလို႔ ဆံေကသာကိုေပ်ာ့ေျပာင္းလွပေစပါတယ္။

၆)၀က္ျခံ
ၾကက္ဆူဆီက ၀က္ျခံေတြအတြက္လည္းေကာင္းမြန္ေစပါတယ္။ ပထမဆံုးၾကက္ဆူဆီ မလိမ္းခင္ေခြ်းေပါက္ေတြပြင့္သြားေအာင္ ၾကက္သီးေႏြးေရေလးနဲ႔မ်က္ႏွာသစ္ေပးပါ။ ခဏေနရင္ ၾကက္ဆူဆီတစ္စက္၊ႏွစ္စက္ယူျပီးမ်က္ႏွာကိုညင္သာစြာလိမ္းျပီးႏွိပ္နယ္ေပးပါ။တစ္ညလံုးထားျပီးေနာက္တစ္ေန႔မိုးလင္းတဲ႔အခါ ေရေအးေအးေလးနဲ႔သစ္ခ်ေပးပါ။ၾကက္ဆူဆီက ၀က္ျခံျဖစ္ေစတဲ႔ဘတ္တီးရီးယားေတြကုိတိုက္ထုတ္ေပးႏုိင္ျပီးအသားအရည္အတြင္းပုိင္းထိျပဳျပင္ေပးလို႔တစ္ပတ္ကုိ တစ္ၾကိမ္ပံုမွန္လုပ္ေပးရုံနဲ႔သိသာထင္ရွားတဲ႔ရလဒ္ကုိျမင္ေတြ႔ရမွာပါ။ အေရးအေၾကာင္းေတြလည္းေလ်ွာ့ခ်ေပးႏိုင္လုိ႔ မ်က္ႏွာအတြက္တကယ္အသံုး၀င္တဲ႔ ဆီတစ္မ်ိဳးပဲျဖစ္ပါတယ္။မ်က္ႏွာက ၀က္ျခံအမာရြတ္ေတြကုိလည္္း သိသိသာသာေပ်ာက္ကင္းေစပါတယ္။

Unicode

ကြက်ဆူဆီက သင့်ရဲ ့အသားအရည်အတွက် အကျိုးကျေးဇူးတွေအများကြီးပေးစွမ်းနိုင်တယ်ဆိုတာ သိပါသလား?အထူးသဖြင့် သင့်ရဲ ့မျက်နှာလှလှလေးအတွက် ကြက်ဆူဆီက မထင်ထားလောက်တဲ့ အံ့သြဆန်းကြယ်မှုတွေပေးနိုင်မှာအသေအချာပါပဲ။ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲကြည့်လိုက်ရအောင်..

၁)မျက်ခုံး
မကြာခဏဆိုသလို မျက်ခုံးမွှေးမရှိတာ၊မျက်ခုံးမွှေးပါးနေတာတွေနဲ့ပတ်သက်ပြီး စိတ်ညစ်ခဲ့ရဖူးတယ်ဟုတ်!မပူပါနဲ့တော့။ကြက်ဆူဆီက သင့်ရဲ ့မျက်ခုံးမွှေးကို လှပထူထဲအောင် ကူညီပေးနိုင်ပါတယ်။ညတိုင်း ကြက်ဆူဆီကိုမျက်ခုံးမှာ ပွတ်လိမ်းပြီးအိပ်ပါ။ တစ်ပတ်လောက်ဆိုတာနဲ့သိသာလာတာမြင်ရပါလိမ့်မယ်။

၂)မျက်တောင်မွှေး
ရှည်လျားကော့ပျံတဲ့မျက်တောင်လှလှလေးပိုင်ဆိုင်ချင်တယ်ဆိုရင် ကြက်ဆူဆီကို သတိရလိုက်ပါ။ကြက်ဆူဆီက သင့်ရဲ ့မျက်တောင်မွှေးတွေကို ၂ဆလောက်
ရှည်လျားလာစေပါတယ်။ညတိုင်း မျက်တောင်ကော့တံအဟောင်းလေးနဲ့ဖြစ်စေ ကော့ပေးပါ။တစ်လလောက်ဆို မျက်တောင်လေးတွေထူပြီးရှည်လျားလာတာ
မြင်ရပါလိမ့်မယ်။ဘယ်လိုလဲ သဘောကျသွားပြီဟုတ်!

၃)နှုတ်ခမ်း
ဟော နှုတ်ခမ်းအတွက်လည်းအသုံးဝင်ပါသေးတယ်။နှုတ်ခမ်းကို အမြဲတစေနူးည့ံချောမွေ့ပြီး ပန်းရောင်သမ်းနေတာမျိုးမဖြစ်ချင်ဘူးလား?ကြက်ဆူဆီကသင့်နှုတ်ခမ်းကိုရေဓာတ်ပြည့်ဝ စေပြီးချောမွေ့ပြည့်ဖောင်းစေပါတယ်။ညအိပ်ရာဝင်ခါနီးတိုင်း ကြက်ဆူဆီကိုနှုတ်ခမ်းမှာ လိမ်းအိပ်ပါ။ကြက်ဆူဆီက သင့်ရဲ ့စျေးကြီးပေးဝယ်ထားရတဲ့နှုတ်ခမ်းဆိုးဆေးအဆီနဲ့ နှိုင်းယှဉ်လို့ရလောက်အောင် အကျိုးသက်ရောက်မှုရှိစေပါတယ်။

၄)မျက်နှာသန့်စင်ဆေး
ကြက်ဆူဆီက မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီးတောက်ပစေပါတယ်။ ကြက်ဆူဆီတစ်စက်နှစ်စက်ကို ဂွမ်းလုံးထဲထည့်၊ပြီးရင်မျက်နှာကိုပွတ်လိမ်း သန့်စင်ပေးပါ။ချွေးပေါက်ကျယ်တာကိုလည်းကာကွယ်ပေးနိုင်ပြီးချွေးပေါက်ထဲကအညစ်အကြေးတွေကိုပါသန့်စင်စေပါတယ်။လိမ်းပြီးရင်၃မိနစ်လောက်နှိပ်နယ်ပေးပြီး ရေအေးနဲ့ဖြစ်စေ ၊ရေနွေးနဲ့ဖြစ်စေ သစ်ပေးပါ။

၅)ဆံပင်
ကြက်ဆူဆီနဲ့အုန်းဆီကို အချိုးကျရောစပ်ပြီးဆံပင်အနှံ့လိမ်းပေး၊နှိပ်နယ်ပေးပါ။ပြီးရင် ခေါင်းကို တစ်ခုခုနဲ့ပတ်အုပ်ထားပြီးတစ်ညလုံးထားပါ။နောက်တစ်နေ့ကျခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးပါ။တစ်ပတ်ကို တစ်ခါလုပ်ပေးရုံနဲ့ဆံပင်တွေသိသိသာသာရှည်လာတာ ကိုမြင်ရပါလိမ့်မယ်။ဆံပင်ရှည်လာရုံသာမကဗောက်တွေကိုလည်းဖယ်ရှားပေးလို့ ဆံကေသာကိုပျော့ပြောင်းလှပစေပါတယ်။

၆)ဝက်ခြံ
ကြက်ဆူဆီက ဝက်ခြံတွေအတွက်လည်းကောင်းမွန်စေပါတယ်။ ပထမဆုံးကြက်ဆူဆီ မလိမ်းခင်ချွေးပေါက်တွေပွင့်သွားအောင် ကြက်သီးနွေးရေလေးနဲ့မျက်နှာသစ်ပေးပါ။ ခဏနေရင် ကြက်ဆူဆီတစ်စက်၊နှစ်စက်ယူပြီးမျက်နှာကိုညင်သာစွာလိမ်းပြီးနှိပ်နယ်ပေးပါ။တစ်ညလုံးထားပြီးနောက်တစ်နေ့မိုးလင်းတဲ့အခါ ရေအေးအေးလေးနဲ့သစ်ချပေးပါ။ကြက်ဆူဆီက ဝက်ခြံဖြစ်စေတဲ့ဘတ်တီးရီးယားတွေကိုတိုက်ထုတ်ပေးနိုင်ပြီးအသားအရည်အတွင်းပိုင်းထိပြုပြင်ပေးလို့တစ်ပတ်ကို တစ်ကြိမ်ပုံမှန်လုပ်ပေးရုံနဲ့သိသာထင်ရှားတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။ အရေးအကြောင်းတွေလည်းလျှော့ချပေးနိုင်လို့ မျက်နှာအတွက်တကယ်အသုံးဝင်တဲ့ ဆီတစ်မျိုးပဲဖြစ်ပါတယ်။မျက်နှာက ဝက်ခြံအမာရွတ်တွေကိုလည််း သိသိသာသာပျောက်ကင်းစေပါတယ်။

51 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.