ဒီလိုလူမျိုးကိုမတွေ့သေးခင်ချိန်ထိ တစ်ယောက်တည်း Single ဘဝနဲ့နေပစ်လိုက်ပါ !

ကိုယ့်ရှေ့လာပြီး ချစ်ကြည်နူးနေပြတဲ့ အတွဲတွေမြင်ရင် ရည်းစားထားချင်လိုက်တာဆိုပြီး အားကျမစောလိုက်ပါနဲ့။ မမြင်နိုင်တဲ့ ပြဿနာ ၊ မပြေလည်မှုတွေက အိမ်ကအမေဆူတာထက်ကို ပိုပြီးစိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် စိတ်ညစ်မှုတွေဝေးရာမှာနေချင်ရင်တော့ ရည်းစားမထားပါနဲ့။ ဒါပေမယ့် ရှေ့ကလူတွေက ဒီလိုသတိစကားတွေပေးပေမယ့်လည်း မီးတောထဲ ခုန်ဆင်းချင်သူတွေချည်းပါပဲ။ သီးချိန်တန်သီး ၊ ပွင့်ချိန်တန် ပွင့်ဆိုသလို အရွယ်ရောက်ရင်တော့ မေတ္တာရည်မျှရမယ့် လူတစ်ယောက်တော့ နီးစပ်ရာပတ်ဝန်းကျင်မှာ တွေ့ဆုံလာပါလိမ့်မယ်။ အဓိကကတော့ ကိုယ်ရွေးချယ်လိုက်တဲ့သူက ကိုယ့်အပေါ် ဘယ်လောက်ထိစိတ်ချမ်းသာမှုပေးနိုင်လဲဆိုတာပါပဲ။

ဒါကြောင့် ဒီလိုလူမျိုးမတွေ့ခင်ထိတော့ ကိုယ့်ဘာကိုယ် တစ်ယောက်တည်း single ဘဝနဲ့ဖြတ်သန်းပါ။

  • သင့်ကို လူကြားထဲလည်း ဖက်ဖို့မရှက်တတ်သလို ၊ ဂရုစိုက်ပြဖို့ကိုလည်း ဝန်မလေးတတ်သူ။
  • သင့်ကို ထူးခြားအံ့သြမှုတွေဆက်တိုက်ပေးပြီး မိဘတွေနဲ့လည်း ခင်မင်ရင်းနှီးအောင်မိတ်ဆက်ပေးသူ။
  • Fifty Shades of Grey ရုပ်ရှင်ထဲက မင်းသားလို ရုပ်မချောရင်တောင် စိတ်အားထက်သန်မှုရှိတဲ့ ယောက်ျားလေးမျိုး
  • လူအများမနာလိုဖြစ်ရလောက်အောင် သင့်မျက်နှာတစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတတ်သူ
  • သင့်အတွက်ဆို တိုက်ဖို့ခိုက်ဖို့ ဝန်မလေးသူ။ အခြားကောင်တွေ ထိကပါးရိကပါးလုပ်လာရင် ဒီတိုင်းလက်ပိုက်ကြည့်မနေတတ်သူ
  • သင်လိုအပ်ချိန်တိုင်း အနားမှာအမြဲရှိနေပေးတတ်သူ

  • သင်ဟာ သူ့အတွက်အရာရာဖြစ်နေပြီး သင်ရှိမှ သူအတွက်ပြည့်စုံတယ်လို့ ခံစားရသူ
  • အလုပ်ပြီးတာနဲ့ အိမ်တန်းပြန်သူ ၊ နားနေချိန်တွေမှာ အကျိုးမရှိတာမလုပ်ပဲ သူ့အတွက်အောင်မြင်ရာ အောင်မြင်ကြောင်းလမ်းစဉ်ကို ဖောက်ထွင်းနေသူ
  • သူ့ခံစားချက်နဲ့ပတ်သတ်ပြီး သံသယမရှိအောင် ကင်းကင်းရှင်းရှင်းနေတတ်သူ
  • သင်မရှိပဲ မနေနိုင်ဘူးဆိုတဲ့ လူမျိုး

အရမ်းမများပါဘူးနော်။ တကယ်ချစ်ရင် သူ့အလိုလိုဖြစ်ပေါ်လာတဲ့ အပြုအမူတွေပါ။ သေချာကြည့်ပါ၊ အကဲခတ်ပါ၊ လေ့လာပါ။ အချိန်ပေးပါ.. အချိန်ကပဲဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ ချစ်သူထားပြီးစိတ်ဆင်းရဲနေရမယ့်အစား ဒီလိုအချက်လေးတွေနဲ့ ပြည့်စုံတဲ့လူမျိုးကိုရွေးချယ်ပြီး Relationship ဘဝကို ပျော်ရွှင်စွာဖြတ်သန်းလိုက်ပါ။

897 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.