သြားကုိက္ေ၀ဒနာအတြက္ မသိမျဖစ္သိထားသင့္တဲ႔သဘာ၀ေဆးနည္းမ်ား

သြားက်န္းမာေရးနဲ႔ပတ္သက္ျပီးေျပာရမယ္ဆိုရင္ သြားကုိက္တာက အမ်ားဆံုးေတြ႔ၾကံဳရတဲ႔ ကိစၥတစ္ခုပါပဲ။သြားကုိက္ျပီဆုိ ေနလို႔မရ၊အစားစားလို႔ကလည္းမရနဲ႔ေအာင့္သက္သက္ ခံစားရပါတယ္။ျပီးေတာ့သြားကုိက္တာက အခ်က္ေတာင္မျပပဲအခ်ိန္မေရြးထကုိက္တတ္တာမုိ႔ ပိုဆိုးပါတယ္။သြားကုိအပ္နဲ႔ထုိးေနသလိုကုိခံစားရတာပါ။သြားကုိက္တာက တစ္ရက္ႏွစ္ရက္နဲ႔ လည္းမေပ်ာက္သလို မၾကာခဏဆိုသလိုလည္းျပန္ျဖစ္တတ္ပါေသးတယ္။အဲ႔ဒါေၾကာင့္ သြားကုိက္ေနရင္အျမန္ဆံုးသက္သာေပ်ာက္ကင္းေစမယ့္ သဘာ၀ေဆးနည္းေလးေတြ မ်ွေ၀ေပးခ်င္ပါတယ္။ညဘက္ၾကီးရုတ္တရက္သြားကုိက္လို႔ေဆးခန္းသြားျပဖို႔အဆင္မေျပ
တဲ႔အခါ ဒီနည္းေလးေတြကအသံုး၀င္မွာပါ။

၁)ေလးညွင္းပြင့္ဆီ
ေလးညွင္းပြင့္ဆီ တစ္စက္ႏွစ္စက္ကုိ ကုိက္ေနတဲ႔သြားအေပၚမွာနည္းနည္းေလးတို႔ေပးထားပါ။ လ်ွာနဲ႔မထိမိေအာင္ေနဖို႔ေတာ့လိုပါတယ္။တစ္ေန႔ကုိ ၄ၾကိမ္လုပ္ေပးႏုိင္ျပီး ေလးညွင္းပြင့္ဆီက သင့္ရဲ ႔သြားကုိက္ေရာဂါကုိ အျမန္ဆံုးသက္သာသြားေစတာကုိေတြ႔ရပါလိမ့္မယ္။

၂)လက္ဖက္ေျခာက္ထုပ္
လက္ဖက္ေျခာက္ထုပ္ေသးေသးေလးက က်န္းမာေရးအတြက္ေရာ၊အလွအပအတြက္ပါ အသံုး၀င္ၾကပါတယ္။အခုတစ္ခါလည္းသြားကုိက္ေရာဂါအတြက္မပါမျဖစ္ပါပဲ။ လက္ဖက္ေျခာက္ထုပ္ေသးေသးေလးကုိယူျပီးေရခြက္ထဲမွာထည့္ထားပါ။ခဏေနရင္ သြားေပၚမွာတင္ေပးထားပါတဲ႔။တကယ္လို႔သြားက အေအးဒဏ္ခံႏုိင္ရင္ လက္ဖက္ေျခာက္အိတ္ေလးကုိ ေရခဲေရထဲမွာထည့္ထားျပီး ျပန္သံုးေပးႏုိင္ပါတယ္။ တစ္ေန႔ကုိတစ္ၾကိမ္သံုးေပးလုိ႔ရပါတယ္။

၃)မုန္႔ဖုတ္ဆိုဒါ
မုန္႔ဖုတ္ဆိုဒါကုိ သြားကုိက္တာသက္သာဖို႔သံုးမယ္ဆုိရင္ မုန္႔ဖုတ္ဆိုဒါ၊ေရနဲ႔ဂြမ္းလံုးေလး ပဲလိုအပ္ပါတယ္။မုန္႔ဖုတ္ဆိုဒါနဲ႔ေရကုိေရာစပ္ျပီး ဂြမ္းလံုးေလးနွစ္လုိက္ပါ။ျပီးရင္ ဂြမ္္းလံုးေလးကုိ ကုိက္ေနတဲ႔သြားေပၚမွာဖိထားလိုက္ရံုပါပဲ။ေရမသံုးပဲ ေရေႏြးသံုးခ်င္လဲ ရပါတယ္။တစ္ေန႔ကုိ ၂ၾကိမ္ သြားကုိက္သက္သာတဲ႔အထိလုပ္ေပးႏုိင္ပါတယ္။မုန္႔ဖုတ္ဆိုဒါမွာပါ၀င္တဲ႔အစြမ္းသတိၱေတြေၾကာင့္ေရာင္ရမ္းမႈကုိသက္သာေစျပီး ဘတ္တီးရီးယားေတြကုိပါကင္းစင္ေစပါတယ္။

၄)အုန္းဆီ
ထူးျခားစြာနဲ႔ အုန္းဆီကလည္းသြားကုိက္သက္သာေစပါတယ္တဲ႔။အရင္ကဆို လူၾကီးေတြက ကေလးေတြနားကုိက္တာ၊နားယားတာဆို အုန္းဆီေလးတစ္စက္ႏွစ္စက္ထည့္ေပးေလ့ ရွိၾကပါတယ္။အခုလည္းသြားကုိက္သက္သာေစဖို႔ အုန္းဆီကုိသံုးမယ္ဆိုရင္ အုန္းဆီစားပြဲတင္ဇြန္း ၁ဇြန္း၊ေရေႏြး၊သြားတိုက္တံ၊သြားတိုက္ေဆးလိုအပ္ပါတယ္။ပထမဆံုးအုန္းဆီကုိ သြားေပၚမွာ အနည္းငယ္ပြတ္လိမ္းျပီး မိနစ္ ၂၀ေလာက္ထားပါ။အုန္းဆီေတြ ပါးစပ္ထဲမ၀င္သြားေအာင္ထိန္းျပီး မိနစ္ ၂၀ျပည့္သြားရင္ေထြးထုတ္လိုက္ပါ။ျပီးရင္ ေရေႏြးေလးနဲ႔ပလုတ္က်င္းျပီး ပံုမွန္အတိုင္းသြားတိုက္သန္႔စင္ေပးလို႔ရပါျပီ။တစ္ေန႔ကုိ ၂ၾကိမ္ပံုမွန္လုပ္ေပးရင္ သြားကုိက္တဲ႔ေ၀ဒနာကုိသက္သာေစမွာပါ။

၅)၀ီစကီ
၀ီစကီကုိလည္းေဆးျဖစ္၀ါးျဖစ္ဆိုသလို သံုးၾကပါတယ္။လုိအပ္တာကေတာ့ ၀ီစကီနဲ႔ဂြမ္းလံုး ပါပဲ။ဂြမ္းလံုးေလးကုိ ၀ီစကီထဲႏွစ္ျပီး ကုိက္ေနတဲ႔သြားေပၚမွာတင္ေပးထားပါ။ သြားဆရာ၀န္နဲ႔မျပခင္အထိ တစ္ေန႔ကိုတစ္ၾကိမ္ပံုမွန္လုပ္ေပးပါ။သြားကုိက္ေရာဂါကုိ အရွင္းမေပ်ာက္ရင္ေတာင္ ဒီေဆးနည္းေလးက သင့္ရဲ ႔ေ၀ဒနာကုိ ေျဖေလ်ာ့ေပးႏုိင္ပါတယ္။

၆)ဂ်င္း
ညအခ်ိန္မေတာ္ၾကီးသြားထကုိက္ရင္ မီးဖုိေခ်ာင္အေျပးသြားျပီး ဂ်င္းေလးတစ္စိတ္ယူလိုက္ပါ။ျပီးရင္ ဂ်င္းကုိညက္ေအာင္ေထာင္းျပီး ေရအနည္းငယ္ေရာပါ။ဂြမ္းလံုးေလးယူျပီး အဲ႔ဒီအရည္ကုိကိုက္ေနတဲ႔သြားေပၚမွာအံုထားေပးလိုက္ပါ။၅မိနစ္ေလာက္ၾကာေအာင္ထားေပးႏုိင္ျပီး သြားကုိက္လာတိုင္းလုပ္ေပးႏုိင္ပါတယ္။ဂ်င္းဟာ ေရာင္ရမ္းမႈေတြ၊ နာက်င္မႈေတြကုိေလ်ွာ့ခ်သက္သာေစပါတယ္။

၇)သံလြင္ဆီ
သံလြင္ဆီက အိမ္တိုင္းမွာမရွိမျဖစ္ လိုအပ္တဲ႔အရာတစ္ခုပါ။သံလြင္ဆီစစ္စစ္ကုိ ဂြမ္းနဲ႔တို႔ျပီး သြားေပၚမွာထားေပးထားရံုပါပဲ။တစ္ေန႔ကို ၂ၾကိမ္ကေန ၃ၾကိမ္လုပ္ေပးႏုိင္ပါတယ္။ သံလြင္ဆီစစ္စစ္မွာဒီလုိကုိက္ခဲေရာင္ရမ္းတာေတြကုိသက္သာေစတဲ႔အစြမ္းေတြရွိပါတယ္။အဲ႔ဒါေၾကာင့္သင့္ရဲ႔သြားကုိက္ေ၀ဒနာကို အျမန္ဆံုးသက္သာေစႏုိင္မွာပါ။

Unicode

သွားကျန်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် သွားကိုက်တာက အများဆုံးတွေ့ကြုံရတဲ့ ကိစ္စတစ်ခုပါပဲ။သွားကိုက်ပြီဆို နေလို့မရ၊အစားစားလို့ကလည်းမရနဲ့အောင့်သက်သက် ခံစားရပါတယ်။ပြီးတော့သွားကိုက်တာက အချက်တောင်မပြပဲအချိန်မရွေးထကိုက်တတ်တာမို့ ပိုဆိုးပါတယ်။သွားကိုအပ်နဲ့ထိုးနေသလိုကိုခံစားရတာပါ။သွားကိုက်တာက တစ်ရက်နှစ်ရက်နဲ့ လည်းမပျောက်သလို မကြာခဏဆိုသလိုလည်းပြန်ဖြစ်တတ်ပါသေးတယ်။အဲ့ဒါကြောင့် သွားကိုက်နေရင်အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် သဘာဝဆေးနည်းလေးတွေ မျှဝေပေးချင်ပါတယ်။ညဘက်ကြီးရုတ်တရက်သွားကိုက်လို့ဆေးခန်းသွားပြဖို့အဆင်မပြေ
တဲ့အခါ ဒီနည်းလေးတွေကအသုံးဝင်မှာပါ။

၁)လေးညှင်းပွင့်ဆီ
လေးညှင်းပွင့်ဆီ တစ်စက်နှစ်စက်ကို ကိုက်နေတဲ့သွားအပေါ်မှာနည်းနည်းလေးတို့ပေးထားပါ။ လျှာနဲ့မထိမိအောင်နေဖို့တော့လိုပါတယ်။တစ်နေ့ကို ၄ကြိမ်လုပ်ပေးနိုင်ပြီး လေးညှင်းပွင့်ဆီက သင့်ရဲ ့သွားကိုက်ရောဂါကို အမြန်ဆုံးသက်သာသွားစေတာကိုတွေ့ရပါလိမ့်မယ်။

၂)လက်ဖက်ခြောက်ထုပ်
လက်ဖက်ခြောက်ထုပ်သေးသေးလေးက ကျန်းမာရေးအတွက်ရော၊အလှအပအတွက်ပါ အသုံးဝင်ကြပါတယ်။အခုတစ်ခါလည်းသွားကိုက်ရောဂါအတွက်မပါမဖြစ်ပါပဲ။ လက်ဖက်ခြောက်ထုပ်သေးသေးလေးကိုယူပြီးရေခွက်ထဲမှာထည့်ထားပါ။ခဏနေရင် သွားပေါ်မှာတင်ပေးထားပါတဲ့။တကယ်လို့သွားက အအေးဒဏ်ခံနိုင်ရင် လက်ဖက်ခြောက်အိတ်လေးကို ရေခဲရေထဲမှာထည့်ထားပြီး ပြန်သုံးပေးနိုင်ပါတယ်။ တစ်နေ့ကိုတစ်ကြိမ်သုံးပေးလို့ရပါတယ်။

၃)မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကို သွားကိုက်တာသက်သာဖို့သုံးမယ်ဆိုရင် မုန့်ဖုတ်ဆိုဒါ၊ရေနဲ့ဂွမ်းလုံးလေး ပဲလိုအပ်ပါတယ်။မုန့်ဖုတ်ဆိုဒါနဲ့ရေကိုရောစပ်ပြီး ဂွမ်းလုံးလေးနှစ်လိုက်ပါ။ပြီးရင် ဂွမ််းလုံးလေးကို ကိုက်နေတဲ့သွားပေါ်မှာဖိထားလိုက်ရုံပါပဲ။ရေမသုံးပဲ ရေနွေးသုံးချင်လဲ ရပါတယ်။တစ်နေ့ကို ၂ကြိမ် သွားကိုက်သက်သာတဲ့အထိလုပ်ပေးနိုင်ပါတယ်။မုန့်ဖုတ်ဆိုဒါမှာပါဝင်တဲ့အစွမ်းသတ္တိတွေကြောင့်ရောင်ရမ်းမှုကိုသက်သာစေပြီး ဘတ်တီးရီးယားတွေကိုပါကင်းစင်စေပါတယ်။

၄)အုန်းဆီ
ထူးခြားစွာနဲ့ အုန်းဆီကလည်းသွားကိုက်သက်သာစေပါတယ်တဲ့။အရင်ကဆို လူကြီးတွေက ကလေးတွေနားကိုက်တာ၊နားယားတာဆို အုန်းဆီလေးတစ်စက်နှစ်စက်ထည့်ပေးလေ့ ရှိကြပါတယ်။အခုလည်းသွားကိုက်သက်သာစေဖို့ အုန်းဆီကိုသုံးမယ်ဆိုရင် အုန်းဆီစားပွဲတင်ဇွန်း ၁ဇွန်း၊ရေနွေး၊သွားတိုက်တံ၊သွားတိုက်ဆေးလိုအပ်ပါတယ်။ပထမဆုံးအုန်းဆီကို သွားပေါ်မှာ အနည်းငယ်ပွတ်လိမ်းပြီး မိနစ် ၂ဝလောက်ထားပါ။အုန်းဆီတွေ ပါးစပ်ထဲမဝင်သွားအောင်ထိန်းပြီး မိနစ် ၂ဝပြည့်သွားရင်ထွေးထုတ်လိုက်ပါ။ပြီးရင် ရေနွေးလေးနဲ့ပလုတ်ကျင်းပြီး ပုံမှန်အတိုင်းသွားတိုက်သန့်စင်ပေးလို့ရပါပြီ။တစ်နေ့ကို ၂ကြိမ်ပုံမှန်လုပ်ပေးရင် သွားကိုက်တဲ့ဝေဒနာကိုသက်သာစေမှာပါ။

၅)ဝီစကီ
ဝီစကီကိုလည်းဆေးဖြစ်ဝါးဖြစ်ဆိုသလို သုံးကြပါတယ်။လိုအပ်တာကတော့ ဝီစကီနဲ့ဂွမ်းလုံး ပါပဲ။ဂွမ်းလုံးလေးကို ဝီစကီထဲနှစ်ပြီး ကိုက်နေတဲ့သွားပေါ်မှာတင်ပေးထားပါ။ သွားဆရာဝန်နဲ့မပြခင်အထိ တစ်နေ့ကိုတစ်ကြိမ်ပုံမှန်လုပ်ပေးပါ။သွားကိုက်ရောဂါကို အရှင်းမပျောက်ရင်တောင် ဒီဆေးနည်းလေးက သင့်ရဲ ့ဝေဒနာကို ဖြေလျော့ပေးနိုင်ပါတယ်။

၆)ဂျင်း
ညအချိန်မတော်ကြီးသွားထကိုက်ရင် မီးဖိုချောင်အပြေးသွားပြီး ဂျင်းလေးတစ်စိတ်ယူလိုက်ပါ။ပြီးရင် ဂျင်းကိုညက်အောင်ထောင်းပြီး ရေအနည်းငယ်ရောပါ။ဂွမ်းလုံးလေးယူပြီး အဲ့ဒီအရည်ကိုကိုက်နေတဲ့သွားပေါ်မှာအုံထားပေးလိုက်ပါ။၅မိနစ်လောက်ကြာအောင်ထားပေးနိုင်ပြီး သွားကိုက်လာတိုင်းလုပ်ပေးနိုင်ပါတယ်။ဂျင်းဟာ ရောင်ရမ်းမှုတွေ၊ နာကျင်မှုတွေကိုလျှော့ချသက်သာစေပါတယ်။

၇)သံလွင်ဆီ
သံလွင်ဆီက အိမ်တိုင်းမှာမရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုပါ။သံလွင်ဆီစစ်စစ်ကို ဂွမ်းနဲ့တို့ပြီး သွားပေါ်မှာထားပေးထားရုံပါပဲ။တစ်နေ့ကို ၂ကြိမ်ကနေ ၃ကြိမ်လုပ်ပေးနိုင်ပါတယ်။ သံလွင်ဆီစစ်စစ်မှာဒီလိုကိုက်ခဲရောင်ရမ်းတာတွေကိုသက်သာစေတဲ့အစွမ်းတွေရှိပါတယ်။အဲ့ဒါကြောင့်သင့်ရဲ့သွားကိုက်ဝေဒနာကို အမြန်ဆုံးသက်သာစေနိုင်မှာပါ။

412 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.