“Something in the Rain” ဇာတ္ကားနဲ႔ မထင္မွတ္ထားေလာက္ေအာင္ ေအာင္ျမင္ခဲ႔တဲ႔ Jung Hae In

Jung Hae In ဆိုရင္ ကေလးရုပ္ေလးနဲ႔ခ်စ္စရာေကာင္းတဲ႔မင္းသားကုိ ေျပးျမင္မိၾကမွာပါ။Jung Hae In ဟာ “Yeah, That’s The Way It Is” ၊ “Night Light” ၊ “Prison Playbook” ၊ “The King’s Case Note” ၊“The Age of Blood” ၊ “Heung Boo: The Revolutionist”စတဲ႔ဇာတ္ကားေတြမွာ ပါ၀င္သရုပ္ေဆာင္ခဲ႔ဖူးေပမဲ႔ ပရိသတ္ေတြက သူ႔ကုိ “While You Were Sleeping”ဇာတ္ကားနဲ႔ ပုိျပီးသတိထားမိလာၾကတာ
ျဖစ္ပါတယ္။အခုဆိုရင္ေတာ့ JTBC က ရိုက္ကူးေနတဲ႔ “Pretty Noona Who Buys Me Food”(Something in the Rain) ဇာတ္ကားမွာေခါင္းေဆာင္မင္းသား အျဖစ္ပါ၀င္သရုပ္ေဆာင္ေနရပါျပီ။

ဒီဇာတ္ကားဟာ ဒါရိုက္တာ Ahn Pan-seok ရိုက္ကူးတာျဖစ္ျပီး မင္းသမီး Son Ye Jin နဲ႔ တြဲဖက္သရုပ္ေဆာင္ရတာပဲျဖစ္ပါတယ္။Jung Hae In ရဲ ႔ေအဂ်င္စီျဖစ္တဲ႔ FNC အင္တာတိန္းမန္႔က ဒီဇာတ္ကားနဲ႔ပတ္သက္ျပီး “Jung Hae In ဟာ Prison Playbook ဇာတ္ကားရိုက္ကူးျပီးေနာက္ပင္ပန္းေနလို႔ ၂လေလာက္အနားယူမယ္လို႔ေျပာခဲ႔ပါတယ္။ဒါေပမဲ႔ ဒီ ‘Pretty Noona Who Buys Me Food’ ဇာတ္ညႊန္းကုိဖတ္ျပီးတဲ႔အခ်ိန္မွာေတာ့
Hae In က ခ်က္ခ်င္းပဲ သူဒီဇာတ္ကားမွာ ပါ၀င္ခ်င္တယ္လို႔ေျပာခဲ႔ျပီး ေနာက္ဆံုးအခုလို ရုပ္ရွင္ရိုက္ကူးဖုိ႔ျဖစ္လာေတာ့တာပဲ”လုိ႔ေျပာျပခဲ႔ပါတယ္။

ထူးျခားတာကေတာ့ ဒီဇာတ္ညႊန္းဟာ မင္းသားဆီကုိပထမဆံုးကမ္းလွမ္းခဲ႔တာမဟုတ္ပါဘူး။ တစ္ျခားသူေတြက ျငင္းပယ္ျပီးေနာက္မွ သူ႔ဆီကုိေရာက္လာခဲ႔တာျဖစ္တယ္လို႔သိရပါတယ္။ ကံေကာင္းစြာနဲ႔ ဒီဇာတ္ရုပ္နဲ႔ သူ႔ရဲ ႔ပံုစံနဲ႔က လိုက္ဖက္ေနခဲ့ပါတယ္။ဇာတ္ညႊန္းက အသက္အရြယ္ၾကီးတဲ႔အမ်ိဳးသမီးတစ္ေယာက္နဲ႔ခ်စ္သူအျဖစ္သရုပ္ေဆာင္ရမွာျဖစ္ပါတယ္။ပထမဆံုးအပုိင္း ၁ မွာတင္ ဒီဇာတ္ကားကုိၾကည့္ရႈသူေတြတိုးပြားလာခဲ႔ျပီးအသက္ ၂၀အရြယ္ကေန အသက္ ၄၀အရြယ္ၾကားပရိသတ္ေတြရဲ ႔စိတ္၀င္စားမႈမ်ားစြာရရွိခဲ႔တယ္လို႔သိရပါတယ္။

ဒီလိုၾကည့္ရႈသူမ်ားေလေလ ေၾကာ္ျငာကုမၸဏီေတြက သေဘာက်ေလပါပဲ။ဒီကားဟာ “Strong Woman Do Bong Soon” ၊ “Woman of Dignity”၊“Misty” စတဲ႔ဇာတ္ကားေတြထက္ေတာင္ပိုျပီးေအာင္ျမင္ခဲ႔ပါတယ္။ေၾကာ္ျငာကုမၸဏီေတြကလည္း ဒီဇာတ္ကားမွာ ေၾကာ္ျငာေတြထည့္ဖုိ႔ကမ္းလွမ္းမႈေတြလုပ္ခဲ႔ပါတယ္။ျပီးေတာ့ ဒါဟာ JTBC ရဲ႔သမုိင္းတစ္ေလ်ွာက္ ဒီလိုတံု႔ျပန္႔မႈမ်ိဳးရတာ ပထမဆံုးအၾကိမ္ပဲလို႔သိရျပီး သူတို႔ကလည္းအရမ္းကုိ အံ႔ၾသေနၾကပါတယ္။

တစ္ျခားေသာေၾကာ္ျငာကုမၸဏီေတြကလည္း Jung Hae In ကုိကမ္းလွမ္းမႈေတြလုပ္ခဲ႔ၾကျပီး ရင္းႏွီးသူေတြကဆုိရင္ ဒီဇာတ္ကားမရုိက္ကူးခင္က မင္းသားဟာ တစ္ႏွစ္စာခ်ဳပ္အတြက္ ေဒၚလာသန္း ၁၅၀ နီးပါးရရွိလိမ့္မယ္လို႔ခန္႔မွန္းၾကျပီး ဇာတ္ကားရိုက္ကူးျပီးမွာေတာ့ ေဒၚလာ ၅၀၀ကေန ၆၀၀ နီးပါးေတာင္ သရုပ္ေဆာင္ေၾကးရလိမ့္မယ္လို႔ ခန္႔မွန္းခဲ႔ၾကပါတယ္။

ဒီဇာတ္ကားထြက္ျပီး အပုိင္းအနည္းငယ္ေလာက္မွာပဲ မင္းသားကို ေၾကာ္ျငာရိုက္ဖုိ႔ ေတာ္ေတာ္မ်ားမ်ားကမ္းလွမ္းခဲ႔ၾကတယ္လုိ႔သိရပါတယ္။သူ႔ရဲ႔ေအဂ်င္စီကလည္း “သရုပ္ေဆာင္ေၾကးနဲ႔ပတ္သက္ျပီးအေသးစိတ္ေျပာျပဖို႔ေတာ့ခက္ခဲပါတယ္။ဒါေပမဲ႔ ေၾကာ္ျငာအတြက္ ကမ္းလွမ္းမႈေတြအမ်ားၾကီးရရွိခဲ႔တာေတာ့ အမွန္ပါပဲ”လို႔ေျပာခဲ႔ပါတယ္။

ဇာတ္ကားရိုက္ကူးေနစဥ္ကာလမွာလည္း ဒါရုိက္တာရဲ ႔ဦးေဆာင္မႈနဲ႔ ေအးေအးေဆးေဆး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရိုက္ကူးျပီးစီးသြားတယ္လို႔သိရျပီး မနဲ႔ေမာင္ဇာတ္လမ္းကို ၾကည့္ရႈသူေတြလည္း တရိပ္ရိပ္တုိးလာေနတုန္းပါပဲလုိ႔သိရပါတယ္။

Unicode

Jung Hae In ဆိုရင် ကလေးရုပ်လေးနဲ့ချစ်စရာကောင်းတဲ့မင်းသားကို ပြေးမြင်မိကြမှာပါ။Jung Hae In ဟာ “Yeah, That’s The Way It Is” ၊ “Night Light” ၊ “Prison Playbook” ၊ “The King’s Case Note” ၊“The Age of Blood” ၊ “Heung Boo: The Revolutionist”စတဲ့ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပေမဲ့ ပရိသတ်တွေက သူ့ကို “While You Were Sleeping”ဇာတ်ကားနဲ့ ပိုပြီးသတိထားမိလာကြတာ
ဖြစ်ပါတယ်။အခုဆိုရင်တော့ JTBC က ရိုက်ကူးနေတဲ့ “Pretty Noona Who Buys Me Food”(Something in the Rain) ဇာတ်ကားမှာခေါင်းဆောင်မင်းသား အဖြစ်ပါဝင်သရုပ်ဆောင်နေရပါပြီ။

ဒီဇာတ်ကားဟာ ဒါရိုက်တာ Ahn Pan-seok ရိုက်ကူးတာဖြစ်ပြီး မင်းသမီး Son Ye Jin နဲ့ တွဲဖက်သရုပ်ဆောင်ရတာပဲဖြစ်ပါတယ်။Jung Hae In ရဲ ့အေဂျင်စီဖြစ်တဲ့ FNC အင်တာတိန်းမန့်က ဒီဇာတ်ကားနဲ့ပတ်သက်ပြီး “Jung Hae In ဟာ Prison Playbook ဇာတ်ကားရိုက်ကူးပြီးနောက်ပင်ပန်းနေလို့ ၂လလောက်အနားယူမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ ဒီ ‘Pretty Noona Who Buys Me Food’ ဇာတ်ညွှန်းကိုဖတ်ပြီးတဲ့အချိန်မှာတော့
Hae In က ချက်ချင်းပဲ သူဒီဇာတ်ကားမှာ ပါဝင်ချင်တယ်လို့ပြောခဲ့ပြီး နောက်ဆုံးအခုလို ရုပ်ရှင်ရိုက်ကူးဖို့ဖြစ်လာတော့တာပဲ”လို့ပြောပြခဲ့ပါတယ်။

ထူးခြားတာကတော့ ဒီဇာတ်ညွှန်းဟာ မင်းသားဆီကိုပထမဆုံးကမ်းလှမ်းခဲ့တာမဟုတ်ပါဘူး။ တစ်ခြားသူတွေက ငြင်းပယ်ပြီးနောက်မှ သူ့ဆီကိုရောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကံကောင်းစွာနဲ့ ဒီဇာတ်ရုပ်နဲ့ သူ့ရဲ ့ပုံစံနဲ့က လိုက်ဖက်နေခဲ့ပါတယ်။ဇာတ်ညွှန်းက အသက်အရွယ်ကြီးတဲ့အမျိုးသမီးတစ်ယောက်နဲ့ချစ်သူအဖြစ်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ပထမဆုံးအပိုင်း ၁ မှာတင် ဒီဇာတ်ကားကိုကြည့်ရှုသူတွေတိုးပွားလာခဲ့ပြီးအသက် ၂ဝအရွယ်ကနေ အသက် ၄ဝအရွယ်ကြားပရိသတ်တွေရဲ ့စိတ်ဝင်စားမှုများစွာရရှိခဲ့တယ်လို့သိရပါတယ်။

ဒီလိုကြည့်ရှုသူများလေလေ ကြော်ငြာကုမ္ပဏီတွေက သဘောကျလေပါပဲ။ဒီကားဟာ “Strong Woman Do Bong Soon” ၊ “Woman of Dignity”၊“Misty” စတဲ့ဇာတ်ကားတွေထက်တောင်ပိုပြီးအောင်မြင်ခဲ့ပါတယ်။ကြော်ငြာကုမ္ပဏီတွေကလည်း ဒီဇာတ်ကားမှာ ကြော်ငြာတွေထည့်ဖို့ကမ်းလှမ်းမှုတွေလုပ်ခဲ့ပါတယ်။ပြီးတော့ ဒါဟာ JTBC ရဲ့သမိုင်းတစ်လျှောက် ဒီလိုတုံ့ပြန့်မှုမျိုးရတာ ပထမဆုံးအကြိမ်ပဲလို့သိရပြီး သူတို့ကလည်းအရမ်းကို အံ့သြနေကြပါတယ်။

တစ်ခြားသောကြော်ငြာကုမ္ပဏီတွေကလည်း Jung Hae In ကိုကမ်းလှမ်းမှုတွေလုပ်ခဲ့ကြပြီး ရင်းနှီးသူတွေကဆိုရင် ဒီဇာတ်ကားမရိုက်ကူးခင်က မင်းသားဟာ တစ်နှစ်စာချုပ်အတွက် ဒေါ်လာသန်း ၁၅၀ နီးပါးရရှိလိမ့်မယ်လို့ခန့်မှန်းကြပြီး ဇာတ်ကားရိုက်ကူးပြီးမှာတော့ ဒေါ်လာ ၅ဝဝကနေ ၆၀၀ နီးပါးတောင် သရုပ်ဆောင်ကြေးရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ဒီဇာတ်ကားထွက်ပြီး အပိုင်းအနည်းငယ်လောက်မှာပဲ မင်းသားကို ကြော်ငြာရိုက်ဖို့ တော်တော်များများကမ်းလှမ်းခဲ့ကြတယ်လို့သိရပါတယ်။သူ့ရဲ့အေဂျင်စီကလည်း “သရုပ်ဆောင်ကြေးနဲ့ပတ်သက်ပြီးအသေးစိတ်ပြောပြဖို့တော့ခက်ခဲပါတယ်။ဒါပေမဲ့ ကြော်ငြာအတွက် ကမ်းလှမ်းမှုတွေအများကြီးရရှိခဲ့တာတော့ အမှန်ပါပဲ”လို့ပြောခဲ့ပါတယ်။

ဇာတ်ကားရိုက်ကူးနေစဉ်ကာလမှာလည်း ဒါရိုက်တာရဲ ့ဦးဆောင်မှုနဲ့ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ရိုက်ကူးပြီးစီးသွားတယ်လို့သိရပြီး မနဲ့မောင်ဇာတ်လမ်းကို ကြည့်ရှုသူတွေလည်း တရိပ်ရိပ်တိုးလာနေတုန်းပါပဲလို့သိရပါတယ်။

511 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.