ကိုယ့်ထက်အသက်ငယ်တဲ့ကောင်လေးနဲ့ချစ်မိတဲ့အခါ

ကိုယ့်ထက်အသက်ငယ်တဲ့ကောင်လေးတွေကိုချစ်မိသွားတဲ့ မိန်းကလေး ဟာသိပ်ချစ်တတ်ကြတဲ့ မိန်းကလေးတွေဆိုလည်း မမှားပါဘူး။ ဆိုတော့ကိုယ့်ထက်ငယ်တဲ့ကောင်လေးကို ချစ်သူတော်ထားရတဲ့မိန်းကလေးတွေဟာ အချစ်ကြောင့်ဘယ်လိုကောင်မလေးမျိုးတွေဖြစ်သွားတတ်ကြသလဲဆိုတာ...
(၁) ကြင်နာတတ်တဲ့မိန်းကလေးဖြစ်လာတယ်
ကိုယ့်ထက်အသက်ငယ်တဲ့ကောင်လေးနဲ့ချစ်မိတဲ့မိန်းကလေးတွေဟာ အရင်ကထက်ပိုပြီး ကြင်နာ ယုယတတ်တဲ့စိတ်ကလေးရှိလာတတ်ကြပါတယ်။ချစ်သူအပေါ် အမလိုတစ်ဖုံ၊ အမေလို ဆူပြောပြီး ချစ်သူလိုဆိုးနွဲ့ချစ်ရင်း သိပ်ကို ဖြူဖြူစင်စင်နဲ့ချစ်သူကောင်လေးအပေါ်ကြင်နာတတ်တဲ့မမတွေ
ဖြစ်လာတတ်ကြပါတယ်။
(၂) စိုးရိမ်ပူပန်ကြီးတဲ့ကောင်မလေးဖြစ်လာတယ်
အရင်ကတစ်ယောက်တည်းကိုယ့်ကိုယ်ကိုယ်ဂရုစိုက်လည်း ဖြစ်မစိုက်လည်းဖြစ်နဲ့နေခဲ့ကြတဲ့ကောင်မလေးတွေဟာ ကိုယ့်ထက်ငယ်တဲ့ချစ်သူမောင်လေးလည်းရှိလာရော ချစ်တဲ့စိတ်နဲ့သူ့အတွက်ပူပန်တတ်လာပါတယ်။ ဘယ်ရောက်နေလဲ၊ ဘယ်သူနဲ့လဲ ဆိုတဲ့ ချစ်စရာကောင်းတဲ့သ၀န်တိုတဲ့အတွေးလေးတွေနဲ့အရင်လိုအေးအေးဆေးဆေးနေတတ်တဲ့မိန်းကလေးမျိုးမဟုတ်တော့ ပဲစိုးရိမ်ကြီးတဲ့ကောင်မလေးဖြစ်လာပါတယ်။
(၃) ဆရာကြီးလုပ်တတ်လာတယ်
ကိုယ့်ထက်ငယ်တဲ့ကောင်လေးကို အားမလိုအားမရဖြစ်လို့ဆုံးမရတာတွေ ဒါမလုပ်ရဘူး ဟိုဟာ မလုပ်ရဘူး တွေမှာရင်း ကနေ အကျင့်ကြီးပါပြီးအရင်နဲ့မတူပဲ နေရာတကာမှာပါ ယောင်ယောင်ပြီး ဆရာကြီးလုပ်မိတတ်ကြတာလည်း ဒီမမတွေပါပဲ။
(၄) ပွစိပွစိအရမ်းလုပ်တတ်လာတယ်
အသက်ငယ်တဲ့ကောင်လေးကိုချစ်မိတော့ သူနဲ့ရွယ်တူကောင်မလေးသူငယ်ချင်းတွေနဲ့သ၀န်တွေတို၊ ကိုယ်လည်းဒီအရွယ်ကကဲခဲ့ပေမဲ့ကိုယ့်ကောင်လေးကဲရင်တော့ မသွားရဘူး ဘာဘူး ညာဘူးနဲ့ပွစိပွစိလုပ်ရင်း တစ်ဖြည်းဖြည်းအဖွားကြီးပေါက်စလေးနဲ့တူလာတတ်ကြတယ်ဆိုတာလည်း အမှန်တရားထဲကတစ်ခုပါပဲ။
(၅) တည်ငြိမ်တဲ့မမကြီးတွေဖြစ်လာတယ်
အိမ်မှာဘယ်လောက်ပဲ ကလေးလုပ်လုပ် သူငယ်ချင်းတွေကြား ဘယ်လောက်ပဲ ငပေါလုပ်လုပ် ကိုယ့်ကောင်လေးရှေ့ရောက်တဲ့ အခါအေးဆေးတည်ငြိမ်ပြီးရင့်ကျက်တဲ့ အလှနဲ့ကျက်သရေရှိတဲ့မမ ဖြစ်နေပြန်တတ်ကြပါတယ်။
ဆိုတော့ကိုယ်တိုင်ကမမတစ်ယောက်ဖြစ်နေပြီလား(ဒါမှမဟုတ်) ကိုယ့်ကိုအရမ်းချစ်တဲ့ဒီလိုမမတစ်ယောက်ရှိနေပြီဆိုရင်တော့ သင်တို့ရဲ့မနဲ့မောင်Relationship လေးသက်ဆုံးတိုင်တည်မြဲကြပါစေလို့ဆုတောင်းရင်း…

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.