လူျဖစ္ရက်ိဳးမနပ္ပဲေလာကျကီးကိုအရံႈးေပးထားတဲ႔လူေတြဆိုတာ

တစ္ခ်ိဳ႕ေသာသူေတြဟာ အခ်ိန္တိုင္းလိုလို အားငယ္၀မ္းနည္းျပီး ျငိမ္သက္ေနတတ္ျကပါတယ္။ ေပ်ာ္စရာကိစၥေတြသူတို႕ဘ၀မွာေပၚေပါက္လာခဲ႔ရင္ေတာင္မွေပ်ာ္ရေကာင္းမွန္းမသိပဲ ဘ၀ကိုစိတ္ကုန္ေနတဲ႔သူလိုမ်ိဳး ျဖတ္သန္းေနတတ္ျကပါတယ္။ ဒီလို လူ႕ဘ၀ရဲ႕သုခခ်မ္းသာေတြကိုေတာင္ခံစားရေကာင္းမွန္းမသိစိတ္ဓာတ္က်အားငယ္စိတ္ပဲ အျမဲရွိေနတတ္တဲ႔သူေတြရဲ႕အတြင္းပိုင္းစိတ္ခံစားခ်က္ဟာ ဘယ္လိုေတြျဖစ္ေနသလဲဆိုတာ…
(၁) ျဖစ္သမ်ွအေျကာင္းအားလံုးကို အဆိုးဘက္ကပဲျမင္တတ္တယ္
ျဖစ္လာသမ်ွ ကိစၥတိုင္းျပႆနာတိုင္းကို အဆိုးဘက္ကပဲျမင္တတ္တာျကီးက အက်င္႔ပါေနတတ္ျကပါတယ္။ ဘယ္ေလာက္ေကာင္းတဲ႔ အရာေတြပဲျဖစ္လာျဖစ္လာ ္ေကာင္းတယ္လို႕ရယ္ကိုစိတ္ထဲမွာ မခံစားတတ္ေတာ႔ပဲ အဆိုးဘက္ကပဲေတြးျမင္တတ္ျကပါတယ္။ ဒါေျကာင္႔ သူတို႕ဘ၀မွာေပ်ာ္စရာ
ေကာင္းတ႔ဲကိစၥရယ္ အခ်ိန္ရယ္ဆိုတာ ရွိမလာဘူးလုိ႕ေတြးရင္း အားငယ္သြားတတ္ျကျပန္ပါတယ္။
(၂) ေမ်ွာ္လင္႔ခ်က္ျကီးျကီးမားမား ေတြမရွိတတ္ျကဘူး
သူတို႕ဘ၀မွာ ရည္မွန္းခ်က္ရယ္လို႕လည္းထားရေကာင္းမွန္းမသိျကပါဘူး။ ရည္မွန္းခ်က္ေတြဘာေတြဆိုတာ မျဖစ္နိုင္တဲ႔ အရာအပိုေတြပါဆိုျပီးကိုယ္႔ကိုယ္ကိုယ္ယံုျကည္မႈအားနည္းက်ပါတယ္။
(၃) သူတို႕စိတ္ထဲကကိုယ္ပိုင္၀ါသနာအေသးေလးေတြကို ေမ႔ေလ်ာ႔ေနတတ္ျကတယ္
ကိုယ္႔စိတ္ထဲမွာဘယ္အရာေတြကိုလုပ္ရရင္ေပ်ာ္ေနသလဲ ကိုယ္ရဲ႕ကိုယ္ပိုင္၀ါသနာ အေသးေလးေတြကဘာေတြလည္း ဆိုတာ ရွာေဖြဖို႕ေမ႔ေလ်ာ႔ေနတတ္ျကပါတယ္။ဒါေျကာင္႔သူတို႕ဘ၀မွာ ဘာရယ္၀ါသနာပါတယ္မရိွပါဘူး ဆိုျပီး ဘ၀ကိုရိုးရိုးျကီးျငီးေငြ႕စြာနဲ႕ျဖတ္သန္းတတ္ျကပါတယ္။
(၄) ကိုယ္႔မွာကိုယ္ပိုင္အရည္ခ်င္းေကာင္းတစ္ခုရွိတယ္ဆိုတာကို မယံုျကည္ျကဘူး
ကိုယ္လုပ္နိုင္တဲ႔အရာရယ္ရွိတယ္လုိ႕မယံုျကည္တတ္ျကပါဘူး။ တစ္ျခားသူေတြစြမ္းေဆာင္ေနတာကိုျကည္႔ျပီးအားက်စိတ္၀င္ သိမ္ငယ္စိတ္၀င္ရံုမွတစ္ပါးကိုယ္တိုင္စြမ္းေဆာင္နို္င္တာ ဘာမွမရွိဘူးလို႕ေတြးတတ္ျကပါတယ္။ ဒါေျကာင္႔လည္းဘယ္ေတာ႔မွလူျကားထဲမသြားပဲပုန္းေရွာင္ေနရင္းကေန
ကိုယ္ပိုင္အရည္ခ်င္းေတြေပ်ာက္ဆံုးကုန္ပါတယ္။
(၅) ကိုယ္ပိုင္အခ်ိန္ေတြကိုအက်ိဳးရွိေအာင္သံုးဖို႕စိတ္ကူးမရွိဘူး
အခ်ိန္ေတြကို ဘာအတြက္ဘာအတြက္ရယ္ဆိုျပီး စီမံခန္႔ခြဲျပီးသံုးတတ္တာမ်ိဳး မရွိျကပါဘူး။ ဘယ္လိုလုပ္လုပ္ အတူတူပါပဲ၊ အခ်ိန္ေတြ ဘာေတြခ်ျပီးလုပ္လည္းမထူးပါဘူး ဆိုျပီး ကိုယ္႔ဘ၀ရဲ႕တန္ဖိုးရွိတဲ႔အခ်ိန္ေတြကို ျဗဲလရမ္းသံုးမိေနျကတာပါ။ Target ဆိုတာလည္း မရွိ Hope ဆိုတာလည္း ေသေသခ်ာေသခ်ာ မရွိတဲ႔သူတစ္ေယာက္အတြက္အခ်ိန္ကိုကန္႔သတ္ျပီးမသံုးတတ္တာလည္း အဆန္းေတာ႔မဟုတ္ေလာက္ပါဘူး။
သင္႔မွာလည္းအေပၚကအခ်က္ေတြထဲကတစ္ခ်က္ေလာက္မ်ားရွိခဲ႔ရင္ အခ်ိန္ဆြဲမေနပဲခ်က္ခ်င္းဆိုသလို ျပဳျပင္ျပီး လူျဖစ္ရက်ိဳးနပ္တဲ႔ေပ်ာ္ရႊင္တဲ႔ ဘ၀ေတြကိုသာဖန္တီးနိုင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

တစ်ချို့သောသူတွေဟာ အချိန်တိုင်းလိုလို အားငယ်ဝမ်းနည်းပြီး ငြိမ်သက်နေတတ်ကြပါတယ်။ ပျော်စရာကိစ္စတွေသူတို့ဘဝမှာပေါ်ပေါက်လာခဲ့ရင်တောင်မှပျော်ရကောင်းမှန်းမသိပဲ ဘဝကိုစိတ်ကုန်နေတဲ့သူလိုမျိုး ဖြတ်သန်းနေတတ်ကြပါတယ်။ ဒီလို လူ့ဘဝရဲ့သုခချမ်းသာတွေကိုတောင်ခံစားရကောင်းမှန်းမသိစိတ်ဓာတ်ကျအားငယ်စိတ်ပဲ အမြဲရှိနေတတ်တဲ့သူတွေရဲ့အတွင်းပိုင်းစိတ်ခံစားချက်ဟာ ဘယ်လိုတွေဖြစ်နေသလဲဆိုတာ…
(၁) ဖြစ်သမျှအကြောင်းအားလုံးကို အဆိုးဘက်ကပဲမြင်တတ်တယ်
ဖြစ်လာသမျှ ကိစ္စတိုင်းပြဿနာတိုင်းကို အဆိုးဘက်ကပဲမြင်တတ်တာကြီးက အကျင့်ပါနေတတ်ကြပါတယ်။ ဘယ်လောက်ကောင်းတဲ့ အရာတွေပဲဖြစ်လာဖြစ်လာ ်ကောင်းတယ်လို့ရယ်ကိုစိတ်ထဲမှာ မခံစားတတ်တော့ပဲ အဆိုးဘက်ကပဲတွေးမြင်တတ်ကြပါတယ်။ ဒါကြောင့် သူတို့ဘဝမှာပျော်စရာ
ကောင်းတဲ့ကိစ္စရယ် အချိန်ရယ်ဆိုတာ ရှိမလာဘူးလို့တွေးရင်း အားငယ်သွားတတ်ကြပြန်ပါတယ်။
(၂) မျှော်လင့်ချက်ကြီးကြီးမားမား တွေမရှိတတ်ကြဘူး
သူတို့ဘဝမှာ ရည်မှန်းချက်ရယ်လို့လည်းထားရကောင်းမှန်းမသိကြပါဘူး။ ရည်မှန်းချက်တွေဘာတွေဆိုတာ မဖြစ်နိုင်တဲ့ အရာအပိုတွေပါဆိုပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းကျပါတယ်။
(၃) သူတို့စိတ်ထဲကကိုယ်ပိုင်ဝါသနာအသေးလေးတွေကို မေ့လျော့နေတတ်ကြတယ်
ကိုယ့်စိတ်ထဲမှာဘယ်အရာတွေကိုလုပ်ရရင်ပျော်နေသလဲ ကိုယ်ရဲ့ကိုယ်ပိုင်ဝါသနာ အသေးလေးတွေကဘာတွေလည်း ဆိုတာ ရှာဖွေဖို့မေ့လျော့နေတတ်ကြပါတယ်။ဒါကြောင့်သူတို့ဘဝမှာ ဘာရယ်ဝါသနာပါတယ်မရှိပါဘူး ဆိုပြီး ဘဝကိုရိုးရိုးကြီးငြီးငွေ့စွာနဲ့ဖြတ်သန်းတတ်ကြပါတယ်။
(၄) ကိုယ့်မှာကိုယ်ပိုင်အရည်ချင်းကောင်းတစ်ခုရှိတယ်ဆိုတာကို မယုံကြည်ကြဘူး
ကိုယ်လုပ်နိုင်တဲ့အရာရယ်ရှိတယ်လို့မယုံကြည်တတ်ကြပါဘူး။ တစ်ခြားသူတွေစွမ်းဆောင်နေတာကိုကြည့်ပြီးအားကျစိတ်ဝင် သိမ်ငယ်စိတ်ဝင်ရုံမှတစ်ပါးကိုယ်တိုင်စွမ်းဆောင်နို်င်တာ ဘာမှမရှိဘူးလို့တွေးတတ်ကြပါတယ်။ ဒါကြောင့်လည်းဘယ်တော့မှလူကြားထဲမသွားပဲပုန်းရှောင်နေရင်းကနေ
ကိုယ်ပိုင်အရည်ချင်းတွေပျောက်ဆုံးကုန်ပါတယ်။
(၅) ကိုယ်ပိုင်အချိန်တွေကိုအကျိုးရှိအောင်သုံးဖို့စိတ်ကူးမရှိဘူး
အချိန်တွေကို ဘာအတွက်ဘာအတွက်ရယ်ဆိုပြီး စီမံခန့်ခွဲပြီးသုံးတတ်တာမျိုး မရှိကြပါဘူး။ ဘယ်လိုလုပ်လုပ် အတူတူပါပဲ၊ အချိန်တွေ ဘာတွေချပြီးလုပ်လည်းမထူးပါဘူး ဆိုပြီး ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဗြဲလရမ်းသုံးမိနေကြတာပါ။ Target ဆိုတာလည်း မရှိ Hope ဆိုတာလည်း သေသေချာသေချာ မရှိတဲ့သူတစ်ယောက်အတွက်အချိန်ကိုကန့်သတ်ပြီးမသုံးတတ်တာလည်း အဆန်းတော့မဟုတ်လောက်ပါဘူး။
သင့်မှာလည်းအပေါ်ကအချက်တွေထဲကတစ်ချက်လောက်များရှိခဲ့ရင် အချိန်ဆွဲမနေပဲချက်ချင်းဆိုသလို ပြုပြင်ပြီး လူဖြစ်ရကျိုးနပ်တဲ့ပျော်ရွှင်တဲ့ ဘဝတွေကိုသာဖန်တီးနိုင်ကြပါစေလို့ဆုတောင်းရင်း…

186 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.