ပုံ/စာ
ဆူဒန်၊ ဒါဖာမြောက်ပိုင်း အယ်လ် ဆာရစ်ဖ်ရွာ ဆေးရုံတစ်ခုမှာ ဖျားနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ ငှက်ဖျား ကုသမှုခံယူဖို့ စောင့်ဆိုင်းနေရာ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ငှက်ဖျားကြောင့် သေဆုံးသူဦးရေဟာ ကမ္ဘာအနှံ့မှာ ကျဆင်းလာခဲ့ပေမဲ့ အရှေ့တောင်အာရှ ဒေသပိုင်းတွေမှာ ငှက်ဖျားဖြစ်နှုန်း အနည်းငယ်တက်လာတဲ့အတွက် ကျန်းမာရေးဦးစီးတွေက ဒီဇင်ဘာလမှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အရှေ့တောင် အာရှဒေသတွေမှာ ငှက်ဖျားတိုက်ဖျက်ဆေး ယဉ်ပါးမှုဖြစ်နေတဲ့အတွက် ကျွမ်းကျင်ပညာရှင်တွေကို မွှန်ထူနေစေတယ်လို့ သိရပါတယ်။
ကိုလံဘီယာ၊ မြန်မာ၊ ထိုင်း နဲ့ ဗီယက်နမ် လေးနိုင်ငံဟာ ငှက်ဖျားတိုက်ဖျက်ဆေး ယဉ်ပါးမှုရဲ့ ဗဟိုချက်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျားတိုက်ဖျက်ရေးပရိုဂရမ်ရဲ့ ညွှန်ကြားရေးမှူး ရောဘတ် နူးမန်းကပြောသွားပါတယ်။
လူသားတွေဆီမှာ ငှက်ဖျားရောဂါကိုဖြစ်စေတဲ့ အသေစေနိုင်ဆုံး ကပ်ပါးကောင် လေးမျိုးကို တိုက်ဖျက်ကုသဖို့ အကောင်းဆုံးနည်းကတော့ artemisinin ဆေးအုပ်စုကို အခြေခံထားတဲ့ ပေါင်းစပ်ကုထုံးတွေပဲ ဖြစ်ပါတယ်။ အရှေ့တောင် အာရှဒေသတွေမှာ အဲ့ဒီ့ ဆေးအုပ်စုကို အခြေခံထားတဲ့ ပေါင်းစပ်ကုထုံးတွေကို ယဉ်ပါးမှုဖြစ်နေတဲ့ နှုန်းဟာ အံ့သြစရာ ကောင်းလောက်အောင် မြင့်တက်နေကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။
အဲ့ဒီ့ နိုင်ငံတွေမှာ ငှက်ဖျားကြောင့် သေဆုံးမှုနှုန်း ဆက်လက်မမြင့်တက်ဘူး ဆိုရင်တောင် ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်ဘူးဆိုရင်တော့ ဒါဟာ ပြဿနာပါပဲ။
“ဒီကိစ္စမျိုးကို မထိန်းချုပ်နိုင်ရင် ဘာတွေဖြစ်တတ်တယ်ဆိုတာကို သမိုင်းက သင်ကြားပေးခဲ့ပြီး ဖြစ်တာကြောင့် ပိုပြီး အာရုံစိုက်ဖို့လိုအပ်ပါတယ်။”လို့ နူးမန်းက ပြောသွားပါတယ်။
Ref:latimes