(Unicode)
” Teen Wolf ” ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာတဲ့ Tyler Posey နဲ့ Dylan O’Brien တို့ဟာ ထိုဇာတ်ကားရိုက်ကူးနေချိန်မှ ပထမဆုံးတွေ့ရှိခဲ့ကြတာဖြစ်ပြီး ဇာတ်လမ်းတွဲရိုက်ကူးချိန်အတွင်းမှာလည်း ရင်းရင်းနှီးနှီးခင်ခင်မင်မင်နဲ့ ညီအစ်ကိုရင်းတွေထက်တောင် ပိုပြီး နီးစပ်ခဲ့ကြတယ်။ စိတ်တူ ကိုယ်တူသူငယ်ချင်းတစ်ယောက်ရတဲ့အတွက် အရမ်းပျော်ပါတယ်လို့ Tyler က ဆိုပါတယ်။
ပရိတ်သတ်တွေအားလုံးချစ်ရတဲ့ မင်းသားနှစ်လက်ဆိုတော့ သူတို့ကို ဒီလိုချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးမြင်ရတာ စိတ်ချမ်းသာစရာပါပဲ။ တစ်ခါတစ်လေ စူပါဟော့ပ်စတား Colton Haynes နဲ့လည်း ဆုံပြီး စကားလက်ဆုံကြတတ်ပါတယ်။ Colton ကလည်း Teen Wolf ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်ဦးပဲဖြစ်ပါတယ်။ မိန်းကလေးများအသည်းစွဲ Tyler Hoechlin နဲ့လည်း အရမ်းခင်ကြပါတယ်။ ဝါဿနာလည်း တူညီကြပါတယ်။ တစ်ယောက်က ဒါလုပ်မယ်ဆို နောက်တစ်ယောက်က နှစ်ခါခေါ်စရာတောင်မလိုအောင် ကောက်ကောက်ပါပြီးသားပါ။
Teen Wolf ပထမဆုံး season ရိုက်ကူးဖို့အတွက် သူတို့အတူတူနေခဲ့ဖူးပါတယ်။ သူငယ်
ချင်းသက်တမ်းကတော့ အခုဆို ၅နှစ်ရှိပါပြီ။ Dylan O’Brien ပါဝင်သရုပ်ဆောင်ထားတဲ့ Maze Runner နဲ့ American Assassin ဇာတ်ကားတွေဟာလည်း အောင်မြင်မှုတစ်ခဲနက်ရရှိခဲ့ပါတယ်။ Dylan မလုပ်နိုင်ဘူးလို့ထင်နေခဲ့တဲ့အရာတွေအတွက်လည်း Tyler က အားပေးနှစ်သိမ့်မှုတွေအများကြီးပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့friendship goal ဗီဒီယိုလေးကြည့်ပြီး သင်လည်း ဒီိလောက်သူငယ်ချင်းတစ်ယောက်လောက်လိုချင်သွားလိမ့်မယ်။