မိတ်ကပ်မလိမ်းလဲ သူတို့သဘာဝအတိုင်းလှနေတာ ဒါတွေကြောင့်ကိုး…
၁)တမာ
၂)ဆီးဖြူသီး
၃)နနွင်းမှုန့်
၎)ပျားရည်
၅)စန္ဒကူး
Unicode
ဓာတုပစ္စည်းအကူအညီမပါပဲ ဖြူစင်ဝင်းပတဲ့မျက်နှာ၊လှပတဲ့ဆံကေသာတွေမလိုချင်တဲ့သူ ဆိုတာမရှိပါဘူး။ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ မိန်းမသားတိုင်းလှချင်ကြပါတယ်။ သဘာဝအတိုင်းလှပချောမောချင်တယ်ဆိုရင် ကိုယ်တွေရဲ ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက နည်းလမ်းတွေကိုလည်းချန်ခဲ့လို့မရပါဘူး။အိန္ဒိယနိုင်ငံဆိုတာ သဘာဝအတိုင်းလှပချောမောသူ တွေများလို့ နာမည်ကြီးတဲ့နိုင်ငံတစ်ခုပါ။ဒီလိုလှပချောမောနေတယ်ဆိုတာလည်း လျှို့ဝှက်ချက်တွေရှိပါတယ်။အိန္ဒိယလူမျိုးတွေ ရှေးကတည်းကအသုံးပြုလာကြတဲ့ အလှအပရေးရာလျှို့ဝှက်ချက်တွေက ဘာတွေလဲဆိုရင်…
၁)တမာ
တမာက သဘာဝအလှအပပစ္စည်းတစ်ခုပါပဲ။တမာကို ဝက်ခြံအတွက်လည်းသုံးလို့ရသလို အသားအရည်ခြောက်သွေ့တာ၊ဆံပင်ပြဿနာတွေအတွက်လည်းဖြေရှင်းလို့ရပါတယ်။
*ဝက်ခြံအတွက် – အမာရွက်အနည်းငယ်ကို ဆူပွက်နေတဲ့ရေနွေးထဲမှာခဏတည်ထားပါ။ပြီးရင် ဂွမ်းလုံးလေးနဲ့ အဲ့ဒီအရည်ထဲကိုနှစ်ကာ မျက်နှာကိုလိမ်းပေးပါ။ဒါမှမဟုတ်တမာနဲ့သခွားသီး ရောစပ်ထားတဲ့မျက်နှာပေါင်းတင်ဆေးတွေရှိပါတယ်။အဲ့ဒါတွေကိုသုံးပေးနိုင်ပါတယ်။ *ခြောက်သွေ့တဲ့အသားရည်အတွက် – တမာမှုန့်အနည်းငယ်ကို စပျစ်စေ့ဆီအနည်းငယ်နဲ့ရောစပ်ပြီး မျက်နှာပေါ်ကိုလိမ်းပေးပါ။၁၅မိနစ်လောက်ထားပြီးရင်ရေအေးအေးလေးဆေးချပေးပါ။
*ဆံပင်ပြဿနာအတွက် – တမာဆီကို ဆံပင်အရင်းကနေလိမ်းပေးပါ။ ဗောက်ပျောက်ချင်တယ်ဆိုရင် တမာမှုန့်အနည်းငယ်ကိုရေနဲ့ရောစပ်ပြီးလိမ်းပေးပါ။၁နာရီ
လောက်ထားပြီးရင်ခေါင်းလျှော်ပေးလို့ရပါပြီ။
၂)ဆီးဖြူသီး
ဆီးဖြူသီးက ဗီတာမင်စီကြွယ်ဝလို့ ဆံပင်ကျွတ်တာကိုသက်သာစေပါတယ်။ ဆီးဖြူသီးမှုန့်ဖြစ်စေ၊အရည်ဖြစ်စေ စားပွဲတင်ဇွန်း ၂ဇွန်းစားယူပါ။ပြီးရင်လတ်ဆတ်တဲ့
သံပုရာသီးကနေ စားပွဲတင်ဇွန်း၂ဇွန်းစာအရည်ညှစ်ချပါ။အဲ့နှစ်ခုကိုရောပြီး ခေါင်းမှာလိမ်းပေးပါ။ခြောက်သွားရင် ရေနွေးနွေးလေးနဲ့ဖြည်းဖြည်းချင်းဆေးချပေးပါ။
၃)နနွင်းမှုန့်
နနွင်းမှုန့်က အိန္ဒိယလူမျိုးတွေရဲ ့အမှတ်အသားလို့တောင်ပြောလို့ရပါတယ်။နနွင်းမှုန့်က အလှအပအတွက်အများကြီးအသုံးဝင်ပါတယ်။
*အကြောပြတ်ရာတွေကို မှေးမှိန်သွားစေတယ်-နနွင်းမှုန့်ကို Besan လို့ခေါ်တဲ့ ဂျုံမှုန့်တစ်မျိုးနဲ့ ဒိန်ချဉ် ဆတူရောစပ်ပါ။ပြီးရင်အကြောပြတ်ရာတွေပေါ်လိမ်းပေးပါ။ တစ်ပတ်ကိုတစ်ခါပုံမှန်လုပ်သွားရင် အရာတွေမှေးမှိန်သွားပါလိမ့်မယ်။
*အရေးအကြောင်းတွေလျှော့ချပေးတယ်် – ဆန်မှုန့်၊နွားနို့အစိမ်း၊ခရမ်းချဉ်သီးရည်၊နနွင်းမှုန့် ဆတူ အနည်းငယ်စီရောစပ်ပါ။ပြီးရင် ရလာတဲ့အရည်ပျစ်ပျစ်ကိုမျက်နှာမှာလိမ်းပေးပြီး ခြောက်တဲ့အထိထားပါ။ခြောက်သွားရင်ရေဆေးချရုံပါပဲ။
*ခြေဖဝါးကွဲအက်တာတွေပျောက်တယ် – အုန်းဆီနဲ့ နနွင်းမှုန့်ကိုရောပါ။ပြီးရင် ကွဲအက်နေတဲ့ခြေဖဝါးမှာလိမ်းပေးပြီး ၁၅မိနစ်လောက်ထားပါ။၁၅မိနစ်ပြည့်ရင်
ရေစင်စင်ဆေးချပေးရုံပါပဲ။
၄)ပျားရည်
ပျားရည်ကတော့ အိန္ဒိယလူမျိုးတွေသာမက တစ်ကမ္ဘာလုံးက အမျိုးသမီးတော်တော်များများ အလှအပအတွက်သုံးလာကြပါပြီ။လွယ်ကူပြီးအကျိုးကျေးဇူး
တွေများလို့ မိန်းကလေးတိုင်းရဲ ့ဖေးဘရိတ်ပါပဲ။
*မီးလောင်ထားတဲ့အမာရွတ်တွေပျောက်စေတယ် – ပျားရည်စစ်စစ်ကို အမာရွတ်ပေါ်မှာလိမ်းထားပေးရုံပါပဲ။ပျားရည်မှာ အနာပျောက်စေတဲ့အစွမ်းသတ္တိတွေ
ရှိပြီး ဘတ်တီးရီးယားတွေရန်ကလည်းကာကွယ်ပေးပါတယ်။
*ချောမွတ်တဲ့အသားအရည်ကိုရစေတယ် – ပျားရည်ကို နှင်းဆီရည်နဲ့ရောစပ်ပြီး မျက်နှာကိုပေါင်းတင်ပါ။မျက်နှာတင်မက လည်ပင်းကိုပါလိမ်းပေးနိုင်ပါတယ်။တစ်ပတ်ကို
၃ကြိမ်လောက်လုပ်ပေးရုံနဲ့ တစ်လ နှစ်လလောက်ဆို ချောမွတ်ဖြူဝင်းတဲ့ အသားအရည်လေးပိုင်ဆိုင်လာစေမှာပါ။
၅)စန္ဒကူး
စန္ဒကူးက အသားအရည်အတွက်အကောင်းဆုံးလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ ဝက်ခြံ၊ အမည်းစက်၊အဖုအပိန့်တွေစတဲ့အရေပြားပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်။စန္ဒကူးမှုန့်ဖြစ်စေ၊အဆီဖြစ်စေမျက်နှာမှာလိမ်းပေးနိုင်ပါတယ်။သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်တဲ့။စန္ဒကူးမှုန့်နဲ့နွားနို့အစိမ်းနဲ့ဆတူရောစပ်ပြီးမျက်နှာမှာလိမ်းပေးပါ။နာရီဝက်လောက်ထားပြီးရေစင်စင်ဆေးချပေးရုံနဲ့ ကြည်လင်တောက်ပတဲ့အသားအရည်လေးဖြစ်အောင်ကူညီပေးနိုင်ပါတယ်။
6K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.