ကတိတစ္ခုကိုေပးျပီးသြားရင္

” ကတိ ” ဆိုတာပါးစပ္က လြယ္လြယ္ေလးေပးလိုက္ရတယ္ဆိုေပမယ့္ သူ႔မွာ တည္ၾကည္ ေလးနက္မႈ၊ သစၥာေစာင့္သိမႈေတြပါဝင္ေနပါတယ္။ ကတိတစ္ခုကုိ လြယ္လြယ္ေလးျဖတ္လိုက္ေတာ့ ဘာျဖစ္လဲ ? ကတိေပးတဲ့လူရဲ ႔ ကိုယ့္က်င့္သိကၡာပဲထိခုိက္ပါတယ္… ဒါေၾကာင့္ ကတိတစ္ခုကို မေပးခင္ ကိုယ္ဒါကိုလုပ္ႏုိင္လား ? ေသခ်ာလား အဆံုးထိတည္သြားႏုိင္လားဆိုတာ စဥ္းစားပါ… ကတိတစ္ခုျပတ္သြားရင္ ေနာက္ကြယ္မွာဘယ္လိုအက်ိဳးဆက္ေတြပါလာလည္းဆိုေတာ့ သာဓကေလးတစ္ခုနဲ႔ ေဝမွ်ေပးလိုက္ပါတယ္

××××

အိမ္ေထာင္သက္တမ္း (၇)ႏွစ္ၾကာေတာ့ ကၽြန္ေတာ့္မိန္းမရဲ႕အျပဳအမူေတြ ေျပာင္းလဲလာ
တာကို သတိထားမိခဲ့တယ္။ ကၽြန္ေတာ္ၾကိဳက္တဲ့ ဟင္းေတြလည္း မခ်က္ေတာ့ဘူး။ အျမဲတမ္း အလုပ္မွာအဆင္ေျပရဲ႕လားလို႔ ေမးေနၾက စကားသံေတြလည္း တိတ္ဆိတ္ေနခဲ့တာၾကာျပီ။ ကေလးေတြကိုပဲသူၾကည့္ျပီး ရယ္ျပ၊ ျပံဳးျပေတာ့တယ္။ ကၽြန္ေတာ့္အေပၚ တျဖည္းျဖည္းေအးတိေအးစက္ႏုိင္လာတယ္ဗ်ာ..

အတူတူ႐ွိေနရဲ႕နဲ႔ မေပ်ာ္ရႊင္၊ ျငီးေငြ႔ေနရတဲ့ဘဝၾကီးကို ကၽြန္ေတာ္ျမန္ျမန္အဆံုးသတ္ခ်င္
ျပီ။ အဆံုးသတ္ဖို႔အတြက္ နည္းလမ္းကတစ္ခုပဲ႐ွိတယ္….

” ကြာ႐ွင္းျခင္း ”

အေဖ့ကို ဖုန္းေခၚျပီး ကၽြန္ေတာ့္ဆံုးျဖတ္ခ်က္အေၾကာင္း ဒီလိုေျပာျပလိုက္တယ္…
” အေဖ ကၽြန္ေတာ့္မိန္းမ အမူရာေတြက ပံုမွန္မဟုတ္ေတာ့ဘူး ..တျဖည္းျဖည္းေသြးေအး
လာတယ္..ကြာ႐ွင္းလိုက္ေတာ့မယ္ဗ်ာ ”
အေဖက ” ငါမင္းကို အၾကံတစ္ခုေပးမယ္ ”
‘ မင္းတို႔ႏွစ္ေယာက္ မဂၤလာေဆာင္ကို မွတ္မိေသးလား.. ? မင္းသူ႔ကုိေျပာခဲ့တဲ့ ကတိစကားေတြကို ျပန္စဥ္းစား… အဲ့ဒီကတိေတြကိုေရာ မင္းဘယ္ေလာက္ ျဖည့္ဆည္းျပီးသြားျပီလဲ ျပန္စဥ္းစားၾကည့္ ”

ေပးခဲ့တဲ့ ကတိေတြက ေခါင္းထဲမွာ အစီအရီျပန္ေပၚလာတယ္. . .

” ကၽြန္ေတာ့္ရဲ႕ႏွလံုးသား တစ္ခုလံုးနဲ႔ရင္းျပီး သူ႔ကို ကၽြန္ေတာ္ခ်စ္သြားပါ့မယ္ အမွားေတြ ၊ အျပစ္နာဆာေတြကိုလည္း နားလည္သည္းခံေပးမယ္ .. သစၥာ႐ွိ႐ွိနဲ႔ ေဘးနားကေန ပံ့ပိုးေပးသြားမယ္…. မိသားစု စိတ္ခ်မ္းသာ ေပ်ာ္ရႊင္မႈကသာ ကၽြႏ္ေတာ့္ရဲ႕ပထမဆံုး ဦးစားေပးျဖစ္တယ္။ က်န္းမာသည္ျဖစ္ေစ နာမက်န္းသည္ျဖစ္ေစ ၊ ေအာင္ျမင္သည္ျဖစ္ေစ ၊ က်႐ႈံးသည္ျဖစ္ေစ … သက္ဆံုးတိုင္ထိ ေသအတူ ႐ွင္မကြာလက္တဲြသြားမယ္လို႔ ကတိသစၥာျပဳပါတယ္… ”

အေဖက ထပ္ေျပာတယ္။
” အဲ့ဒီကတိေတြကို မင္းဘက္ကဆက္ျပီး မထိန္းသိမ္းႏုိင္ေတာ့ဘူးဆိုရင္ေတာ့
မင္းသေဘာပဲ.. ဘာမွမေျပာင္းလဲသြားဘူးထင္ရင္ေတာ့ မင္းကြာ႐ွင္းႏုိင္တယ္ ” တဲ့။

ကၽြန္ေတာ္သေဘာေပါက္သြားျပီ။ အေဖ့ကို ေက်းဇူးတင္ပါတယ္ေျပာျပီး ဖုန္းခဏခ်လုိက္
ကာ အိမ္ေထာင္သက္တမ္းတစ္ေလွ်ာက္ ကၽြန္ေတာ့္လုပ္ရပ္ေတြအားလံုး ပိတ္ကားခ်ပ္မွာ
ျပေနသလိုမ်ဳိး တေရြ႕ေရြ႕ျမင္ေယာင္လာတယ္ ။ ကၽြန္ေတာ္ မတည္ႏုိင္ခဲတဲ့ ကတိေတြအမ်ား
ၾကီးပါလား… !!!

သူမ အိမ္သန္႔႐ွင္းလုပ္ေနခ်ိန္မွာ ကၽြန္ေတာ္ကေတာ့ ဆုိဖာေပၚထုိင္ျပီး သီခ်င္းနားေထာင္ေနခဲ့တယ္။
အိမ္ေနာက္ေဖးမွာ ခ်က္ျပဳတ္ေၾကာ္ေလွာ္ေနခ်ိန္ ဝိုင္းမကူေပးဘဲ ကိုယ္နဲ႔မဆိုင္သလို တီဗီေအးေဆးၾကည့္ေနမိခဲ့တယ္။ အိမ္မွာ ကေလးေတြထိန္းရလုိ႔ ပင္ပန္းေနခ်ိန္ ကၽြန္ေတာ္ အျပင္မွာ သူငယ္ခ်င္းေတြနဲ႔ ရယ္ေမာေပ်ာ္ပါးေနမိခဲ့တယ္။ တစ္ခါတစ္ေလ မဟုတ္ဘူး… အပတ္တုိင္းလိုလို (၉)နာရီေက်ာ္မွ အိမ္ျပန္ေနာက္က်တဲ့ရက္ေတြ ႐ွိခဲ့တယ္။

အဲ့ဒီေတာ့မွ ကၽြန္ေတာ္ဟာ ဘယ္ေလာက္ဆိုးသြမ္းမိုက္မဲျပီး ကေလးေတြအတြက္ ဖခင္ေကာင္းမပီသလဲဆုိတာေတြးမိသြားတယ္။ ဒီလိုေနလို႔ေတာ့ မျဖစ္ဘူး။ ငါေျပာင္းလဲမွျဖစ္မယ္ ။ အခုခ်ိန္ကစျပီး
ေျပာင္းလဲရင္ေတာ့ မွီႏုိင္ပါေသးတယ္။

– – – – –

တစ္ညေန ကေလးေတြနဲ႔ ကၽြန္ေတာ္လမ္းေလွ်ာက္ထြက္ျဖစ္တယ္။ ရတနာဆုိင္ တစ္ဆုိင္
သြားျပီး ကၽြန္ေတာ့္မိန္းမအရမ္းလိုခ်င္ေနခဲ့တဲ့ ဆဲြၾကိဳေလးတစ္ကံုး ဝယ္လာလိုက္တယ္။

ညေရာက္ေတာ့ ၾကည္ႏူးစရာေကာင္းတဲ့ ဒိတ္ေလးတစ္ခု ကၽြန္ေတာ့္ေခါင္မိုးထပ္ေပၚမွာ လုပ္ဖို႔ စီစဥ္လုိက္တယ္။ ႐ွန္ပိန္ ၊ ပန္းစည္းေလးေတြ၊ ဂႏၱဝင္ေတးသီခ်င္းေလးေတြနဲ႔ေပါ့။ သူမအရမ္းၾကိဳက္တဲ့ ဟင္းလ်ာကိုလည္း ကၽြန္ေတာ္ခ်က္ေကၽြးျဖစ္ခဲ့တယ္။ အဲ့ဒီလပုိင္းအတြင္း မိန္းမက ကၽြန္ေတာ့္ကိုျပံဳးျပလာတယ္။ အလုပ္ကေန အိမ္ျပန္လာရင္ ျပံဳးရႊင္ျပီး ၾကိဳဆုိတယ္။  ကၽြန္ေတာ္ၾကိဳက္တတ္တဲ့ ဟင္းေတြကိုလည္း မၾကာခဏခ်က္ေပးလာတယ္။

တစ္ရက္ ကၽြန္ေတာ္တို႔ ထမင္းစားျပီးေတာ့ ပန္းကန္ေတြအတူတူေဆးေနခ်ိန္ မိန္းမကေျပာတယ္။
‘ ႐ွင့္ရဲ႕ဒီလိုပံုစံကုိ ကၽြန္မလြမ္းေနခဲ့တာၾကာျပီ… ခ်စ္တယ္ ”တဲ့ ။

သူမဒီလိုေျပာလိုက္ေတာ့ ကၽြန္ေတာ့္မွာ ဒီေလာက္ေကာင္းတဲ့ မိန္းမမ်ဳိးကို ပိုင္ဆိုင္ခြင့္ရထားတဲ့အတြက္ ဝမ္းသာေက်နပ္မိတယ္။ အဲ့ဒီေန႔က အေဖနဲ႔စကားေျပာျဖစ္သြားတာလည္းကံေကာင္းတယ္လို႔ထင္မိတယ္။

သူမ နဖူးကို ကၽြန္ေတာ္ဖြဖြေလး နမ္းလိုက္ျပီး ” ေတာင္းပန္ပါတယ္ မိန္းမရယ္.. ”
သာယာခ်မ္းေျမ့တဲ့ အိမ္ေထာင္ေရးဆိုတာ ကံတရားနဲ႔ မဆုိင္ပါဘူး။ ေပးခဲ့ရတဲ့ အခ်ိန္ေတြ ၊ အေတြးေပါင္းမ်ားစြာ ၊ သည္းခံမႈမ်ားစြာ ၊ ခ်စ္ျခင္းေမတၱာ ၊ ဆုေတာင္းေတြ ၊ ေလးစားမႈေတြကို ရင္းႏွီးျမဳပ္ႏွံခဲ့ရျပီး ခင္ပြန္းနဲ႔ ဇနီးသည္ရဲ႕ၾကားမွာ ထား႐ွိတဲ့ ခိုင္ျမဲၾကံ႕ခုိင္တဲ့ ကတိသစၥာျပဳမႈေတြေၾကာင့္ပါပဲ။
အားလံုး ေပ်ာ္ရႊင္ခ်မ္းေျမ႕တဲ့ မိသားစုဘဝေလးေတြ ပုိင္ဆုိင္ႏုိင္ၾကပါေစ … <3

(Unicode)

” ကတိ ” ဆိုတာပါးစပ်က လွယ်လွယ်လေးပေးလိုက်ရတယ်ဆိုပေမယ့် သူ့မှာ တည်ကြည် လေးနက်မှု၊ သစ္စာစောင့်သိမှုတွေပါဝင်နေပါတယ်။ ကတိတစ်ခုကို လွယ်လွယ်လေးဖြတ်လိုက်တော့ ဘာဖြစ်လဲ ? ကတိပေးတဲ့လူရဲ ့ ကိုယ့်ကျင့်သိက္ခာပဲထိခိုက်ပါတယ်… ဒါကြောင့် ကတိတစ်ခုကို မပေးခင် ကိုယ်ဒါကိုလုပ်နိုင်လား ? သေချာလား အဆုံးထိတည်သွားနိုင်လားဆိုတာ စဉ်းစားပါ… ကတိတစ်ခုပြတ်သွားရင် နောက်ကွယ်မှာဘယ်လိုအကျိုးဆက်တွေပါလာလည်းဆိုတော့ သာဓကလေးတစ်ခုနဲ့ ဝေမျှပေးလိုက်ပါတယ်

××××

အိမ်ထောင်သက်တမ်း (၇)နှစ်ကြာတော့ ကျွန်တော့်မိန်းမရဲ့အပြုအမူတွေ ပြောင်းလဲလာ
တာကို သတိထားမိခဲ့တယ်။ ကျွန်တော်ကြိုက်တဲ့ ဟင်းတွေလည်း မချက်တော့ဘူး။ အမြဲတမ်း အလုပ်မှာအဆင်ပြေရဲ့လားလို့ မေးနေကြ စကားသံတွေလည်း တိတ်ဆိတ်နေခဲ့တာကြာပြီ။ ကလေးတွေကိုပဲသူကြည့်ပြီး ရယ်ပြ၊ ပြုံးပြတော့တယ်။ ကျွန်တော့်အပေါ် တဖြည်းဖြည်းအေးတိအေးစက်နိုင်လာတယ်ဗျာ..

အတူတူရှိနေရဲ့နဲ့ မပျော်ရွှင်၊ ငြီးငွေ့နေရတဲ့ဘဝကြီးကို ကျွန်တော်မြန်မြန်အဆုံးသတ်ချင်
ပြီ။ အဆုံးသတ်ဖို့အတွက် နည်းလမ်းကတစ်ခုပဲရှိတယ်….

” ကွာရှင်းခြင်း ”
အဖေ့ကို ဖုန်းခေါ်ပြီး ကျွန်တော့်ဆုံးဖြတ်ချက်အကြောင်း ဒီလိုပြောပြလိုက်တယ်…
” အဖေ ကျွန်တော့်မိန်းမ အမူရာတွေက ပုံမှန်မဟုတ်တော့ဘူး ..တဖြည်းဖြည်းသွေးအေး
လာတယ်..ကွာရှင်းလိုက်တော့မယ်ဗျာ ”
အဖေက ” ငါမင်းကို အကြံတစ်ခုပေးမယ် ”
” မင်းတို့နှစ်ယောက် မင်္ဂလာဆောင်ကို မှတ်မိသေးလား.. ? မင်းသူ့ကိုပြောခဲ့တဲ့ ကတိစကားတွေကို ပြန်စဉ်းစား… အဲ့ဒီကတိတွေကိုရော မင်းဘယ်လောက် ဖြည့်ဆည်းပြီးသွားပြီလဲ ပြန်စဉ်းစားကြည့် ”

ပေးခဲ့တဲ့ ကတိတွေက ခေါင်းထဲမှာ အစီအရီပြန်ပေါ်လာတယ်. . .

” ကျွန်တော့်ရဲ့နှလုံးသား တစ်ခုလုံးနဲ့ရင်းပြီး သူ့ကို ကျွန်တော်ချစ်သွားပါ့မယ် အမှားတွေ ၊ အပြစ်နာဆာတွေကိုလည်း နားလည်သည်းခံပေးမယ် .. သစ္စာရှိရှိနဲ့ ဘေးနားကနေ ပံ့ပိုးပေးသွားမယ်…. မိသားစု စိတ်ချမ်းသာ ပျော်ရွှင်မှုကသာ ကျွန်တော့်ရဲ့ပထမဆုံး ဦးစားပေးဖြစ်တယ်။ ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊ ကျရှုံးသည်ဖြစ်စေ … သက်ဆုံးတိုင်ထိ သေအတူ ရှင်မကွာလက်တွဲသွားမယ်လို့ ကတိသစ္စာပြုပါတယ်… ”

အဖေက ထပ်ပြောတယ်။
” အဲ့ဒီကတိတွေကို မင်းဘက်ကဆက်ပြီး မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့
မင်းသဘောပဲ.. ဘာမှမပြောင်းလဲသွားဘူးထင်ရင်တော့ မင်းကွာရှင်းနိုင်တယ် ” တဲ့။

ကျွန်တော်သဘောပေါက်သွားပြီ။ အဖေ့ကို ကျေးဇူးတင်ပါတယ်ပြောပြီး ဖုန်းခဏချလိုက်
ကာ အိမ်ထောင်သက်တမ်းတစ်လျှောက် ကျွန်တော့်လုပ်ရပ်တွေအားလုံး ပိတ်ကားချပ်မှာ
ပြနေသလိုမျိုး တရွေ့ရွေ့မြင်ယောင်လာတယ် ။ ကျွန်တော် မတည်နိုင်ခဲတဲ့ ကတိတွေအများ
ကြီးပါလား… !!!

သူမ အိမ်သန့်ရှင်းလုပ်နေချိန်မှာ ကျွန်တော်ကတော့ ဆိုဖာပေါ်ထိုင်ပြီး သီချင်းနားထောင်နေခဲ့တယ်။
အိမ်နောက်ဖေးမှာ ချက်ပြုတ်ကြော်လှော်နေချိန် ဝိုင်းမကူပေးဘဲ ကိုယ်နဲ့မဆိုင်သလို တီဗီအေးဆေးကြည့်နေမိခဲ့တယ်။ အိမ်မှာ ကလေးတွေထိန်းရလို့ ပင်ပန်းနေချိန် ကျွန်တော် အပြင်မှာ သူငယ်ချင်းတွေနဲ့ ရယ်မောပျော်ပါးနေမိခဲ့တယ်။ တစ်ခါတစ်လေ မဟုတ်ဘူး… အပတ်တိုင်းလိုလို (၉)နာရီကျော်မှ အိမ်ပြန်နောက်ကျတဲ့ရက်တွေ ရှိခဲ့တယ်။

အဲ့ဒီတော့မှ ကျွန်တော်ဟာ ဘယ်လောက်ဆိုးသွမ်းမိုက်မဲပြီး ကလေးတွေအတွက် ဖခင်ကောင်းမပီသလဲဆိုတာတွေးမိသွားတယ်။ ဒီလိုနေလို့တော့ မဖြစ်ဘူး။ ငါပြောင်းလဲမှဖြစ်မယ် ။ အခုချိန်ကစပြီး
ပြောင်းလဲရင်တော့ မှီနိုင်ပါသေးတယ်။

– – – – –

တစ်ညနေ ကလေးတွေနဲ့ ကျွန်တော်လမ်းလျှောက်ထွက်ဖြစ်တယ်။ ရတနာဆိုင် တစ်ဆိုင်
သွားပြီး ကျွန်တော့်မိန်းမအရမ်းလိုချင်နေခဲ့တဲ့ ဆွဲကြိုလေးတစ်ကုံး ဝယ်လာလိုက်တယ်။

ညရောက်တော့ ကြည်နူးစရာကောင်းတဲ့ ဒိတ်လေးတစ်ခု ကျွန်တော့်ခေါင်မိုးထပ်ပေါ်မှာ လုပ်ဖို့ စီစဉ်လိုက်တယ်။ ရှန်ပိန် ၊ ပန်းစည်းလေးတွေ၊ ဂန္တဝင်တေးသီချင်းလေးတွေနဲ့ပေါ့။ သူမအရမ်းကြိုက်တဲ့ ဟင်းလျာကိုလည်း ကျွန်တော်ချက်ကျွေးဖြစ်ခဲ့တယ်။ အဲ့ဒီလပိုင်းအတွင်း မိန်းမက ကျွန်တော့်ကိုပြုံးပြလာတယ်။ အလုပ်ကနေ အိမ်ပြန်လာရင် ပြုံးရွှင်ပြီး ကြိုဆိုတယ်။  ကျွန်တော်ကြိုက်တတ်တဲ့ ဟင်းတွေကိုလည်း မကြာခဏချက်ပေးလာတယ်။

တစ်ရက် ကျွန်တော်တို့ ထမင်းစားပြီးတော့ ပန်းကန်တွေအတူတူဆေးနေချိန် မိန်းမကပြောတယ်။
” ရှင့်ရဲ့ဒီလိုပုံစံကို ကျွန်မလွမ်းနေခဲ့တာကြာပြီ… ချစ်တယ် ”တဲ့ ။

သူမဒီလိုပြောလိုက်တော့ ကျွန်တော့်မှာ ဒီလောက်ကောင်းတဲ့ မိန်းမမျိုးကို ပိုင်ဆိုင်ခွင့်ရထားတဲ့အတွက် ဝမ်းသာကျေနပ်မိတယ်။ အဲ့ဒီနေ့က အဖေနဲ့စကားပြောဖြစ်သွားတာလည်းကံကောင်းတယ်လို့ထင်မိတယ်။

သူမ နဖူးကို ကျွန်တော်ဖွဖွလေး နမ်းလိုက်ပြီး ” တောင်းပန်ပါတယ် မိန်းမရယ်.. ”
သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးဆိုတာ ကံတရားနဲ့ မဆိုင်ပါဘူး။ ပေးခဲ့ရတဲ့ အချိန်တွေ ၊ အတွေးပေါင်းများစွာ ၊ သည်းခံမှုများစွာ ၊ ချစ်ခြင်းမေတ္တာ ၊ ဆုတောင်းတွေ ၊ လေးစားမှုတွေကို ရင်းနှီးမြုပ်နှံခဲ့ရပြီး ခင်ပွန်းနဲ့ ဇနီးသည်ရဲ့ကြားမှာ ထားရှိတဲ့ ခိုင်မြဲကြံ့ခိုင်တဲ့ ကတိသစ္စာပြုမှုတွေကြောင့်ပါပဲ။
အားလုံး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ … <3

313 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.