ခြေဖ၀ါးမှာ ကြက်သွန်နီကပ်ပြီးအိပ်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ?
၃)ခြေထောက်အနံ့ဆိုးထွက်စေတဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်
၎)အအေးမိ၊နှာစေးရောဂါတွေကို တိုက်ထုတ်ပေးနိုင်တယ်
Unicode
အိမ်တွင်းဆေးနည်းတွေက ဟိုးးရှေးရှေးကတည်းက ဒီနေ့ထက်ထိအသုံးဝင်နေဆဲပါ။ အဲ့ဒီအိမ်တွင်းဆေးနည်းတွေထဲကမှ ကြက်သွန်နီတစ်လုံးကို ခြေအိတ်ထဲထည့်၊ပြီးရင် အဲ့ဒီခြေအိတ်ကိုတစ်ညလုံးခြေထောက်မှာစွပ်ပြီး အိပ်မယ်ဆိုရင် ရရှိလာမယ့်အကျိုးကျေးဇူးတွေက အံ့မခန်းပါပဲ။ကြက်သွန်နီတစ်လုံးက သင့်ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုနေ တာပါ။
ဘာလို့ ကြက်သွန်နီကို ခြေဖဝါးမှာကပ်ထားရမှာလဲ?ဘာလို့လဲဆိုရင် ခြေဖဝါးမှာ အကြောပေါင်း ၇၀၀၀ နီးပါးရှိပါတယ်တဲ့။အဲ့ဒီအကြောတွေကခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ ့အစိတ်အပိုင်းတွေ နဲ့တိုက်ရိုက်ဆက်သွယ်နေတာပါ။ခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းချုပ်ထားတဲ့နေရာ လို့တောင်ပြောလို့ရပါတယ်။ပုံမှန်ခြေလက်တွေညောင်းညာနေလို့ ခြေဗလာနဲ့လမ်းလျှောက်တာ ၊ခြေဖဝါးကိုနှိပ်နယ်ပေးတာနဲ့တောင်အကြောတွေပြေသွားတယ်မဟုတ်လား?ကြက်သွန်နီကလည်း အဲ့ဒီလိုပဲ သင့်ခန္ဓာကိုယ်ညောင်းညာမှုတွေကိုပြေပျောက်စေပြီး လန်းဆန်းတက်ကြွစေပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုရင်…
ကြက်သွန်နီတစ်လုံးကိုယူပါ။ပြီးရင် ပါးပါးလေးအပြားလိုက်လှီးပါ။သဘာဝစစ်စစ် ကြက်သွန်နီဖြစ်ဖို့တော့လိုတယ်နော်။ပြီးရင် လှီးထားတဲ့ကြက်သွန်နီအပြားလေး
တွေကို ခြေဖဝါးမှာကပ်လိုက်ပါ။ကပ်ပြီးရင် အပေါ်ကနေခြေအိတ်စွပ်လိုက်ရုံပါပဲ။
သင်အိပ်ပျော်နေတဲ့အချိန်မှာ ကြက်သွန်နီရဲ ့အစွမ်းတွေက ခြေဖဝါးထဲကိုဝင်ရောက်လာပြီး အဲ့ဒီအစွမ်းတွေက ခြေဖဝါးမှာရှိနေတဲ့ အကြောတွေအားလုံးကိုလန်းဆန်းတက်ကြွအောင် ကူညီပေးပါတယ်။ဒါ့အပြင်ကြက်သွန်နီက သာမန်ဖျားတာနာတာလောက်တော့ အပျော့ပါပဲ။သဘာဝဆေးအဖြစ်နာမည်ကြီးတဲ့ကြက်သွန်နီပါ။အရေပြားထဲကိုသန့်စင်တဲ့လေထုတွေဝင်ရောက်စေနိုင်တဲ့အစွမ်းတွေလည်းရှိပါတယ်။သန့်စင်တဲ့လေထုကိုဖန်တီးပေးတဲ့အပြင် ဘတ်တီးရီးယားတွေ၊ပိုးမွှားတွေကိုလည်း ဖယ််ရှားပေးပါတယ်။ကြက်သွန်နီမှာ ပါဝင်တဲ့ phosphoric acid (ကြက်သွန်နီနွှာတဲ့အခါမျက်စိစပ်ပြီးမွှန်လာစေတဲ့အက်စစ်)ဟာ
သွေးကြောတွေထဲဝင်ရောက်ပြီး သွေးတွေကိုသန့်စင်ပေးနိုင်ပါတယ်တဲ့။တကယ့်ကို အံ့သြစရာပါ။
ကြက်သွန်နီကိုခြေဖဝါးမှာကပ်ပြီးခြေအိတ်စွပ်ထားရတာ သင့်အတွက်ဘာမှဆုံးရှုံးမှု မရှိပါဘူး။ကြက်သွန်နီကြောင့်ရမယ့်အကျိုးကျေးဇူးတွေကတော့…
၁)သွေးကိုသန့်စင်ပေးတယ်
၂)ပိုးမွှားတွေ၊ဘတ်တီးရီးယားတွေဖယ်ရှားပေးတယ်
၃)ခြေထောက်အနံ့ဆိုးထွက်စေတဲ့ အဆိပ်အတောက်တွေကိုဖယ််ရှားပေးတယ်
၄)အအေးမိ၊နှာစေးရောဂါတွေကို တိုက်ထုတ်ပေးနိုင်တယ်
သတိထားရမှာကတော့ သုံးပြီးသားကြက်သွန်နီတွေကို ထပ်ပြီးမသုံးဖို့ပါပဲ။ဒီနည်းလမ်း ကရိုးရှင်းတယ် ၊မဖြစ်နိုင်ဘူးလို့ထင်စရာရှိပေမဲ့ တကယ်ကိုထိရောက်ပြီး ကျန်းမာရေးအတွက်အသုံးဝင်တဲ့နည်းလမ်းပါ။အဲ့ဒါကြောင့်လက်တွေ့တစ်ခါလောက်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ဒီနည်းလမ်းကိုလုပ်ဖူးတဲ့သူတွေရှိရင်လည်း အတွေ့အကြုံလေးတွေ ပြန်ပြီးမျှဝေခဲ့ဦးနော်။
582 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.