ခန္ဓာကိုယ် တခြားအစိပ်အပိုင်းတွေထိ ပျံ့နှံ့နေပြီဖြစ်တဲ့ နောက်ပိုင်းဆင့် ရင်သားကင်ဆာဖြစ်နေတဲ့ အမျိုးသမီးတွေကို ဓာတ်ရောင်ခြည်ကုထုံးနဲ့သော်လည်းကောင်း ခွဲစိပ်ကုသ၍သော်လည်းကောင်း ထိရောက်မှု မရှိနိုင်တော့ဘူးလို့ သိရပါတယ်။
ပျံ့နှံ့ ရင်သားကင်ဆာ ဖြစ်နေတဲ့ အိန္ဒိယအမျိုးသမီး အယောက် ၃၅၀ကို သုတေသီတွေက လေ့လာမှုလုပ်ခဲ့ပါတယ်။ ဝေဒနာရှင်အားလုံးဟာ ဓာတုကုထုံးနဲ့ ကုသမှုခံယူပြီးပြီ ဖြစ်ပါတယ်။ တစ်ဝက်ခန့်ဟာ တော့ ဓာတ်ရောင်ခြည်ကုထုံး ခံယူပြီးတဲ့နောက်မှာ သားမြတ် တစ်ဖက်သော်လည်းကောင်း နှစ်ဖက်စလုံးသော်လည်းကောင်း ဖြတ်ထုတ်လိုက်ကြရပါတယ်။
ယင်းလူနာတွေအပေါ် ဓာတ်ရောင်ခြည်ကုထုံးနဲ့ ခွဲစိပ်ကု နှစ်မျိုးစလုံးက ကျန်းမာရေးအကျိုးရလဒ် ဘာမှထပ်မဖြစ်လာနိုင်ဘူးလို့ ဆရာဝန်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ခန္ဓာကိုယ်အတွင်း တခြားအကျိတ်တွေကို ကြီးထွားစေတဲ့ သားမြတ်ထဲက မူရင်းအကျိတ်ကို ဖြတ်ထုတ်လိုက်ရတဲ့ သက်သေသက္ကာယ တချို့ရှိနေပါတယ်။
ရင်သားကင်ဆာနဲ့ ပတ်သက်လို့ ထပ်လေ့လာဖို့ လိုအပ်ပါသေးတယ်လို့ သုတေသီတွေက ပြောသွားပါတယ်။
Ref:whec