ေတာင္ကုိရီးယားအႏုပညာရွင္မင္းသားတစ္လက္ျဖစ္တဲ႔ Lee Joo Seung ဆိုရင္ Pinocchio ဇာတ္ကားထဲက ရဲအရာရွိတစ္ေယာက္အျဖစ္ပရိသတ္ေတြမွတ္မိၾကမယ္ ထင္ပါတယ္။ Lee Jong-suk ၊ Park Shin-hye တို႔နဲ႔အတူတြဲဖက္သရုပ္ေဆာင္ခဲ႔တဲ႔မင္းသားျဖစ္ပါတယ္။ အခုေျပာျပမွာကေတာ့ သူ႔ရဲ ႔အခ်စ္ေရးပါ။သူ႔ရဲ႔ခ်စ္သူကလည္း အႏုပညာေလာကထဲကပါပဲ။ မင္းသမီးေခ်ာ Son Eun Seo နဲ႔ ခ်စ္သူေတြျဖစ္ေနတာပါတဲ႔။
လြန္ခဲ႔တဲ႔လေတြက Channel 7 မွာထုတ္လႊင့္ျပသခဲ႔တဲ႔ Voice ဇာတ္လမ္းတြဲမွာ သူတို႔ႏွစ္ေယာက္လံုးပါ၀င္သရုပ္ေဆာင္ခဲ႔တာျဖစ္ျပီး အဲ႔ဒီကတည္းကပုိျပီးရင္းႏီွးသြားခဲ႔ၾက တာျဖစ္တယ္လို႔လည္းသိရပါတယ္။စေတြ႔တာကေတာ့ ၂၀၁၆ခုႏွစ္ Showdown ဆိုတဲ႔ဇာတ္ကားရုိက္ကူးရင္းေတြ႔ခဲ႔တာပါ။အခုဆုိရင္လက္တြဲလာတာ ၆လနီးပါးရွိပါျပီတဲ႔။ သူတို႔စံုတြဲက ရုပ္ရွင္ျပဇာတ္ၾကည့္ရတာလည္းႏွစ္သက္သူေတြျဖစ္ျပီး မၾကာခဏဆိုသလုိ အတူတူသြားၾကည့္ေလ့ရွိပါတယ္။
သူတို႔ႏွစ္ေယာက္ခ်စ္သူေတြျဖစ္ေနတာ ၾကာျပီဆိုေပမဲ႔လည္း အခုမွ ပရိသတ္ေတြကုိ တရား၀င္ခ်ျပတာပါ။ႏွစ္ေယာက္လံုးရဲ ႔ေအဂ်င္စီအသီးသီးကလည္းသူတို႔ရဲ႔အေျခအေန ကုိ အတည္ျပဳခဲ့ပါတယ္။မင္းသား Lee Joo Seung ဟာ ၂၀၁၈ခုႏွစ္အတြက္ Have A Date With Spring ဇာတ္ကားကုိရိုက္ကူးထားတယ္လုိ႔သိရပါတယ္။အဲ႔ဒီဇာတ္ကားမွာ မင္းသားေခ်ာ Kang Ha-neul ၊ Kim Sung Kyun ၊Young Nam Jang တို႔နဲ႔ အတူတြဲဖက္ သရုပ္ေဆာင္ မွာျဖစ္ပါတယ္။မင္းသမီးေခ်ာ Son Eun Seo ဟာဆိုရင္လည္း ၂၀၁၆ခုနွစ္တုန္းကရိုက္ကူးခဲ႔တဲ႔ Hey Ghost,Let’s Fight ဇာတ္ကားမွာပါ၀င္ခဲ႔ျပီး ၂၀၁၇ခုနွစ္အတြင္းမွာေတာ့Voice နဲ႔ Queen For Seven Days ဆိုတဲ႔နန္းတြင္းဇာတ္ကားမွာပါ၀င္ထားတယ္လို႔သိရပါတယ္။
Congratulations!
Unicode
တောင်ကိုရီးယားအနုပညာရှင်မင်းသားတစ်လက်ဖြစ်တဲ့ Lee Joo Seung ဆိုရင် Pinocchio ဇာတ်ကားထဲက ရဲအရာရှိတစ်ယောက်အဖြစ်ပရိသတ်တွေမှတ်မိကြမယ် ထင်ပါတယ်။ Lee Jong-suk ၊ Park Shin-hye တို့နဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့မင်းသားဖြစ်ပါတယ်။ အခုပြောပြမှာကတော့ သူ့ရဲ ့အချစ်ရေးပါ။သူ့ရဲ့ချစ်သူကလည်း အနုပညာလောကထဲကပါပဲ။ မင်းသမီးချော Son Eun Seo နဲ့ ချစ်သူတွေဖြစ်နေတာပါတဲ့။
လွန်ခဲ့တဲ့လတွေက Channel 7 မှာထုတ်လွှင့်ပြသခဲ့တဲ့ Voice ဇာတ်လမ်းတွဲမှာ သူတို့နှစ်ယောက်လုံးပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းကပိုပြီးရင်းနှီးသွားခဲ့ကြ တာဖြစ်တယ်လို့လည်းသိရပါတယ်။စတွေ့တာကတော့ ၂၀၁၆ခုနှစ် Showdown ဆိုတဲ့ဇာတ်ကားရိုက်ကူးရင်းတွေ့ခဲ့တာပါ။အခုဆိုရင်လက်တွဲလာတာ ၆လနီးပါးရှိပါပြီတဲ့။ သူတို့စုံတွဲက ရုပ်ရှင်ပြဇာတ်ကြည့်ရတာလည်းနှစ်သက်သူတွေဖြစ်ပြီး မကြာခဏဆိုသလို အတူတူသွားကြည့်လေ့ရှိပါတယ်။
သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေတာ ကြာပြီဆိုပေမဲ့လည်း အခုမှ ပရိသတ်တွေကို တရားဝင်ချပြတာပါ။နှစ်ယောက်လုံးရဲ ့အေဂျင်စီအသီးသီးကလည်းသူတို့ရဲ့အခြေအနေ ကို အတည်ပြုခဲ့ပါတယ်။မင်းသား Lee Joo Seung ဟာ ၂၀၁၈ခုနှစ်အတွက် Have A Date With Spring ဇာတ်ကားကိုရိုက်ကူးထားတယ်လို့သိရပါတယ်။အဲ့ဒီဇာတ်ကားမှာ မင်းသားချော Kang Ha-neul ၊ Kim Sung Kyun ၊Young Nam Jang တို့နဲ့ အတူတွဲဖက် သရုပ်ဆောင် မှာဖြစ်ပါတယ်။မင်းသမီးချော Son Eun Seo ဟာဆိုရင်လည်း ၂၀၁၆ခုနှစ်တုန်းကရိုက်ကူးခဲ့တဲ့ Hey Ghost,Let’s Fight ဇာတ်ကားမှာပါဝင်ခဲ့ပြီး ၂၀၁ရခုနှစ်အတွင်းမှာတော့Voice နဲ့ Queen For Seven Days ဆိုတဲ့နန်းတွင်းဇာတ်ကားမှာပါဝင်ထားတယ်လို့သိရပါတယ်။
Congratulations!