အထီးက်န္ျခင္းကိုကုစားဖို႕အခ်စ္ကိုခုတံုးမလုပ္မိပါေစနဲ႕

လူတစ္ခ်ိဳ႕ဟာ အထီးက်န္လာတဲ႔ အခါတစ္စံုတစ္ေယာက္ကိုတကယ္မခ်စ္ပဲ အထီးက်န္ျခင္းကိုကုစားဖို႕ပတ္သတ္တာမ်ိဳးေတြရွိတတ္ျကပါတယ္။ဒီလိုအရာေတြဟာ အစပိုင္းမွာေတာ႔ ေျပလည္ေစတတ္ပင္မဲ႔အခ်ိန္ျကာလာတာနဲ႕နွစ္ဦးနွစ္ဖက္ပူေလာင္ေစပါတယ္။ ဘယ္လို အေျကာင္းေတြေျကာင္႔ အထီးက်န္ျခင္းကေန အခ်စ္အတုေယာင္ေတြေပၚေပါက္ေစသလဲဆုိတာ…
(၁) မျကာေသးခင္ကမွခ်စ္ရသူနဲ႕ျပတ္ဆဲခဲ႔ျကရသူေတြ
သိပ္မျကာေသးတဲ႔အခ်ိန္မွာ ခ်စ္သူရည္းစားနဲ႕ကြဲခဲ႔ျကျပီး စိတ္ထဲမွာ ဟာလာဟင္းလင္းနဲ႕အထီးက်န္ေနျကတဲ႔သူေတြဟာ အထီးက်န္ျခင္းကို ကုစားဖို႕အခ်စ္မဟုတ္တဲ႔ခဏတာသာယာမႈေတြကိုဖန္တီးတတ္မိတတ္ျကပါတယ္။ ခ်စ္သူနဲ႕ကြဲကြာသြားတဲ႔လူတုိင္းကိုေျပာတာမ်ိဳးမဟုတ္ပပါဘူး။ ဒါပင္မဲ႔ အမ်ားစုေသာ ခ်စ္သူရည္းစားနဲ႕ကြဲထားတာ မျကာေသးတဲ႔သူေတြကဒီလိုအထီးက်န္ျခင္းကိုမခံစားနိုင္ျကပဲ အပူေပၚအပူဆင္႔ဆိုသလို ေနာက္ထပ္ အခ်စ္လုိ႕နာမည္ခံတဲ႔ အတုေယာင္အခ်စ္ေတြကိုဖန္တီးမိတတ္ျကပါတယ္။
(၂) ဘ၀ရဲ႕ျကမ္းတမ္းမႈဒဏ္ကို ပထမဦးဆံုးေလာေလာလတ္လတ္ျကံုေတြ႕ရသူေတြ
တစ္သတ္လံုးေအးခ်မ္းစြာ အပူပင္မရွိပဲေနလာခဲ႔ျပီးမွ မထင္မွတ္တဲ႔သံသရာ အခ်ိဳးအေကြ႕ေျကာင္႔ဘ၀ရဲ႕ျကမ္းတမ္းမႈဒဏ္ကုိ မခံစဖူးခံစားေနျကတဲ႔သူေတြဟာအားကိုးရွာတတ္ျကပါတယ္။ သူတို႕ရဲ႕စိတ္ပင္ပန္းမႈဒဏ္ေတြကိုသက္သာ ျငိမ္းေအးေစမယ္လို႕ထင္တဲ႔ အရာေတြကိုဖန္တီးေပးနုိင္ဖို႕ တကယ္မခ်စ္ပဲ အခ်စ္လို႕အမည္ခံျပီး ရုန္းထြက္တတ္ျကပါတယ္။တကယ္အခ်စ္စစ္မဟုတ္ေတာ႔ အခ်ိန္ျကာေလပိုပူေလာင္ေလျဖစ္ျပီး ပိုႏြံနစ္သြားတတ္ျကပါတယ္။
(၃) တစ္ေယာက္တည္းဘ၀ကိုပ်င္းရိျငီးေငြ႕တဲ့သူေတြ
ကိုယ္႔ဘ၀မွာ အခ်စ္ဆိုတာလည္းခံစားလို႕မရေသး ဒါေပမဲ႔တစ္ေယာက္တည္းေနရမွာလည္းျငီးေငြ႕ေနတတ္ျကတဲ႔သူေတြပါ။ ရွင္းရွင္းေျပာရရင္ ဘ၀ရည္မွန္းခ်က္ခိုင္ခိုင္မာမာနဲ႕ျကိုးစားရုန္းကန္ေနတာမ်ိဳးမဟုတ္ပဲ အခ်ိန္ေတြပိုျပီး သူ႕ဘ၀သူအားမလိုအားမရနဲ႕ အေဖာ္လုိခ်င္ေနတဲ႔သူမ်ိဳးေတြပါ။
(၄) ရတာမလိုလုိတာမရတဲ႔သူေတြ
ကိုယ္ကခ်စ္ေနတာတစ္ေယာက္ ကိုယ္႔ကိုခ်စ္ေနတာကတစ္ေယာက္နဲ႕ျဖစ္ေနတဲ႔သူမ်ိဳးေတြပါ။ ကိုယ္ခ်စ္တဲ႔သူကို အရတဲ႔အတူတူ ကိုယ္႔ကိုသေဘာက်ေနတဲ႔သူကို နည္းနည္းေလာက္တြဲျကည္႔လိုက္ပါအံုးမယ္ေလဆိုတဲ႔စိတ္နဲ႕အေပ်ာ္ေတြ ဘာေတြတြဲျကည္႔ရင္းကေန ကိုယ္တိုင္လည္းစိတ္မပါေတာ႔စိတ္ညစ္တစ္ပါးသူလည္းခံစားရနဲဲ႕ပင္ပန္းရႈပ္ေထြးေစပါတယ္။
(၅) အားက်တတ္တဲ႔သူေတြ
သူမ်ားေတြ အတြဲကိုယ္စီနဲ႕သာယာေနတာကိုပဲျမင္ျပီး ကိုယ္တိုင္လည္းတစ္ေယာက္ေလာက္ရွိရင္ေကာင္းမယ္ဆိုျပီး အဆင္ေျပမယ္ထင္တဲ႔သူနဲ႕ေကာင္တြဲ အခ်စ္လို႕အမည္တပ္ တကယ္တမ္းစြန္႔လႊတ္ရေတာ႔မဲ႔ကိစၥ အနစ္နာခံေပးရမဲ႔ကိစၥမ်ိဳးေတြက်ေတာ႔ေမတၱာမစစ္ေတာ႔ ဒုကၡေတြမ်ားျပီး စိတ္ေတြဆင္းရဲလာျကတာမ်ိဳးျဖစ္တတ္ျကပါတယ္။ သူမ်ားကို အားက်ရင္နဲ႕ကိုယ္႔ရဲ႕အထီးက်န္မႈကိုထိန္းခ်ဳပ္လို႕မရပဲ အတုေယာင္ခ်စ္ေတြကိုဖန္တီးတတ္ျကပါတယ္။
ဒါေျကာင္႔ ကိုယ္႔ရဲ႕အထီးက်န္မႈေတြ စိတ္ေယာက္ယက္ခတ္မႈေတြေျကာင္႔ မလိုအပ္တဲ႔ အခ်စ္အတုေယာင္ေတြကို မဖန္တီးမိျကပါေစနဲ႕လို႕အျကံျပဳရင္း…

Unicode

လူတစ်ချို့ဟာ အထီးကျန်လာတဲ့ အခါတစ်စုံတစ်ယောက်ကိုတကယ်မချစ်ပဲ အထီးကျန်ခြင်းကိုကုစားဖို့ပတ်သတ်တာမျိုးတွေရှိတတ်ကြပါတယ်။ဒီလိုအရာတွေဟာ အစပိုင်းမှာတော့ ပြေလည်စေတတ်ပင်မဲ့အချိန်ကြာလာတာနဲ့နှစ်ဦးနှစ်ဖက်ပူလောင်စေပါတယ်။ ဘယ်လို အကြောင်းတွေကြောင့် အထီးကျန်ခြင်းကနေ အချစ်အတုယောင်တွေပေါ်ပေါက်စေသလဲဆိုတာ…
(၁) မကြာသေးခင်ကမှချစ်ရသူနဲ့ပြတ်ဆဲခဲ့ကြရသူတွေ
သိပ်မကြာသေးတဲ့အချိန်မှာ ချစ်သူရည်းစားနဲ့ကွဲခဲ့ကြပြီး စိတ်ထဲမှာ ဟာလာဟင်းလင်းနဲ့အထီးကျန်နေကြတဲ့သူတွေဟာ အထီးကျန်ခြင်းကို ကုစားဖို့အချစ်မဟုတ်တဲ့ခဏတာသာယာမှုတွေကိုဖန်တီးတတ်မိတတ်ကြပါတယ်။ ချစ်သူနဲ့ကွဲကွာသွားတဲ့လူတိုင်းကိုပြောတာမျိုးမဟုတ်ပပါဘူး။ ဒါပင်မဲ့ အများစုသော ချစ်သူရည်းစားနဲ့ကွဲထားတာ မကြာသေးတဲ့သူတွေကဒီလိုအထီးကျန်ခြင်းကိုမခံစားနိုင်ကြပဲ အပူပေါ်အပူဆင့်ဆိုသလို နောက်ထပ် အချစ်လို့နာမည်ခံတဲ့ အတုယောင်အချစ်တွေကိုဖန်တီးမိတတ်ကြပါတယ်။
(၂) ဘဝရဲ့ကြမ်းတမ်းမှုဒဏ်ကို ပထမဦးဆုံးလောလောလတ်လတ်ကြုံတွေ့ရသူတွေ
တစ်သတ်လုံးအေးချမ်းစွာ အပူပင်မရှိပဲနေလာခဲ့ပြီးမှ မထင်မှတ်တဲ့သံသရာ အချိုးအကွေ့ကြောင့်ဘဝရဲ့ကြမ်းတမ်းမှုဒဏ်ကို မခံစဖူးခံစားနေကြတဲ့သူတွေဟာအားကိုးရှာတတ်ကြပါတယ်။ သူတို့ရဲ့စိတ်ပင်ပန်းမှုဒဏ်တွေကိုသက်သာ ငြိမ်းအေးစေမယ်လို့ထင်တဲ့ အရာတွေကိုဖန်တီးပေးနိုင်ဖို့ တကယ်မချစ်ပဲ အချစ်လို့အမည်ခံပြီး ရုန်းထွက်တတ်ကြပါတယ်။တကယ်အချစ်စစ်မဟုတ်တော့ အချိန်ကြာလေပိုပူလောင်လေဖြစ်ပြီး ပိုနွံနစ်သွားတတ်ကြပါတယ်။
(၃) တစ်ယောက်တည်းဘဝကိုပျင်းရိငြီးငွေ့တဲ့သူတွေ
ကိုယ့်ဘဝမှာ အချစ်ဆိုတာလည်းခံစားလို့မရသေး ဒါပေမဲ့တစ်ယောက်တည်းနေရမှာလည်းငြီးငွေ့နေတတ်ကြတဲ့သူတွေပါ။ ရှင်းရှင်းပြောရရင် ဘဝရည်မှန်းချက်ခိုင်ခိုင်မာမာနဲ့ကြိုးစားရုန်းကန်နေတာမျိုးမဟုတ်ပဲ အချိန်တွေပိုပြီး သူ့ဘဝသူအားမလိုအားမရနဲ့ အဖော်လိုချင်နေတဲ့သူမျိုးတွေပါ။
(၄) ရတာမလိုလိုတာမရတဲ့သူတွေ
ကိုယ်ကချစ်နေတာတစ်ယောက် ကိုယ့်ကိုချစ်နေတာကတစ်ယောက်နဲ့ဖြစ်နေတဲ့သူမျိုးတွေပါ။ ကိုယ်ချစ်တဲ့သူကို အရတဲ့အတူတူ ကိုယ့်ကိုသဘောကျနေတဲ့သူကို နည်းနည်းလောက်တွဲကြည့်လိုက်ပါအုံးမယ်လေဆိုတဲ့စိတ်နဲ့အပျော်တွေ ဘာတွေတွဲကြည့်ရင်းကနေ ကိုယ်တိုင်လည်းစိတ်မပါတော့စိတ်ညစ်တစ်ပါးသူလည်းခံစားရနဲဲ့ပင်ပန်းရှုပ်ထွေးစေပါတယ်။
(၅) အားကျတတ်တဲ့သူတွေ
သူများတွေ အတွဲကိုယ်စီနဲ့သာယာနေတာကိုပဲမြင်ပြီး ကိုယ်တိုင်လည်းတစ်ယောက်လောက်ရှိရင်ကောင်းမယ်ဆိုပြီး အဆင်ပြေမယ်ထင်တဲ့သူနဲ့ကောင်တွဲ အချစ်လို့အမည်တပ် တကယ်တမ်းစွန့်လွှတ်ရတော့မဲ့ကိစ္စ အနစ်နာခံပေးရမဲ့ကိစ္စမျိုးတွေကျတော့မေတ္တာမစစ်တော့ ဒုက္ခတွေများပြီး စိတ်တွေဆင်းရဲလာကြတာမျိုးဖြစ်တတ်ကြပါတယ်။ သူများကို အားကျရင်နဲ့ကိုယ့်ရဲ့အထီးကျန်မှုကိုထိန်းချုပ်လို့မရပဲ အတုယောင်ချစ်တွေကိုဖန်တီးတတ်ကြပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့အထီးကျန်မှုတွေ စိတ်ယောက်ယက်ခတ်မှုတွေကြောင့် မလိုအပ်တဲ့ အချစ်အတုယောင်တွေကို မဖန်တီးမိကြပါစေနဲ့လို့အကြံပြုရင်း…

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.