စကားေျပာေကာင္းတဲ႔သူေတြဆီမွာသာရွိနိုင္မဲ႔ေကာင္းက်ိုးသုခေတြဆိုတာ

အေလ်ွာက္ေကာင္းရင္ အေထာင္းသက္သာဆိုတဲ႔ စကားလည္းရွိေလတယ္ မလား။ စကားေျပာတတ္တဲ႔သူတစ္နည္းအားျဖင္႔ စကားေျပာတဲ႔ေနရာမွာသူ႕ေနရာနဲ႕သူ အံ့၀င္ခြင္က်အလိုက္သင္႔ေျပာတတ္တဲ႔သူေတြဟာ ေနရာေကာင္းကိုရတတ္ျပီး လူမႈဆက္ဆံေရးနယ္ပယ္မွာ ပိုျပီးလူ၀င္ဆန္႕တတ္ျကပါတယ္။ ဆိုေတာ႔စကားေျပာေကာင္းျခင္းကေန ဘယ္လိုေကာင္းက်ိဳးေတြရနိုင္သလဲဆိုတာ…
(၁) လူခ်စ္လူခင္မ်ားလာတယ္
စကားေျပာေကာင္းတဲ႔သူတိုင္းဟာ လူတိုင္းနဲ႕စကားေျပာဆက္ဆံတဲ႔ အခါ ေအာက္က်ိဳ႕ဖို႕၀န္မေလးတတ္ျကပါဘူး။ ကိုယ္႔ကိုယ္ကိုယ္ေျမွာက္ပင္႔ေျပာဆိုျခင္းမရွိပဲအျမဲနိွမ္႔ခ်ေျပာဆိုတတ္တာရယ္ အေသးမႊားေလးကအစ တစ္ပါးသူ ရဲ႕စိတ္ မျငိဳျငင္ေအာင္ေတာင္းပန္ေျပာဆိုတတ္တာေတြေျကာင္႔ ေနရာတကာမွာ လူတိုင္းရဲ႕ခ်စ္ခင္ျခင္းကို ခံရတတ္ပါတယ္။ စကားေျပာရင္ ပီယဓာတ္ အျပည္႔ေလးနဲ႕ေျပာတတ္တာမလို႕ လူတိုင္းလိုလိုရဲ႕ခ်စ္ခင္မႈကို ရတတ္ျကတဲ႔သူေတြပါ။
(၂) ယံုျကည္တဲ႔သူမ်ားလာတယ္
အေျပာေကာင္းတုိင္းမယံုနဲ႕လို႕တစ္ခ်ိဳ႕သူေတြကေတာင္ေျပာေလ႔ရွိတတ္ျကပါတယ္။ စကားလံုးလွလွေလးေတြနဲ႕နားေထာင္ေကာင္းေအာင္ေျပာတတ္တဲ႔သူ ေတြဟာ လူေတြရဲ႕ယံုျကည္မႈကို ပိုျပီးရတတ္ပါတယ္။ကိုယ္ရဲဲ႕စကားေတြေျကာင္႔တစ္ဖက္သားက ကိုယ္႔အေပၚယံုျကည္မႈပိုလာျပီးသူတို႕ရဲ႕အေရးျကီးကိစၥျကီးငယ္ကအစေျပာျပလာ တိုင္ပင္လာတတ္တဲ႔အထိပါပဲ။ ယံုျကည္မႈကိုအလြဲသံုးစားမလုပ္ဖို႕ေတာ႔လိုတာေပါ႔ေလ။
(၃) ေနရာတကာလူ၀င္ဆန္႕လာတယ္
ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ဘယ္ေလာက္ပဲ ပညာေတြတတ္ ဘြဲ႕ေတြရ ပထမဆုေတြဆြတ္ခူးေနပါေစ စကားေျပာမတတ္(တစ္နည္းအားျဖင္႔ စကားေျပာ မေကာင္းရင္)လူ၀င္ဆန္႕ဖို႕သိပ္အဆင္မေျပလွပါဘူး။ ဒါေျကာင္႔ ကိုယ္ေရာက္ရွိေနတဲ႔Positionနဲ႕လုိက္ေအာင္ေျပာဆို ဆက္ဆံတတ္မွသာလူျကားထဲမွာ လူ၀င္ဆန္႕ျပီးေနရာရတဲ႔ လူတစ္ေယာက္ျဖစ္လာမွာပါ။
(၄) ရန္သူရယ္လို႕မရွိသေလာက္ရွားတယ္
စကားေျပာေကာင္းတဲ႔သူမွာရန္သူရယ္လို႕မရွိပါဘူး။ သူကျကိတ္ျပီးမုန္းေနတဲ႔သူသာရွိေကာင္းရွိမယ္ ၊ သူကိုမုန္းတဲ႔သူကမရွိသေလာက္ရွားပါတယ္။ သူမ်ားကိုေျမွာက္ပင္႔ေျပာ ဆိုဖို႕လည္း၀န္မေလးသလို ေရလိုက္ငါးလိုက္ေပါင္းသင္းဆက္ဆံတတ္တာေျကာင္႔ ရန္သူရယ္လို႕မရွိတတ္ျကပါဘူး။
(၅) အက်ိဳးစီးပြားအျဖစ္ျမန္တယ္၊ တည္ျမဲတယ္
ခ်ိဳခ်ိဳသာသာယဥ္ယဥ္ေက်းေက်းနဲ႕တစ္ဖက္သူနား၀င္ေအာင္ေျပာဆိုတတ္တဲ႔ အရည္အခ်င္းေျကာင္႔ ဘယ္လုပ္ငန္းမဆိုမိတ္ေကာင္းေဆြေကာင္းေတြနဲ႕ေတြ႕ဆံုရတတ္ျပီး အက်ိဳးစီးပြားေတြ အျဖစ္ျမန္ျပီး ဆက္ဆံေရးေကာင္းမြန္မႈေျကာင္႔ေရရွည္တည္တံ့ေစပါတယ္။

စကားေျပာေကာင္းရျခင္းဟာ တစ္ခါတေလမွာလူ႕ေအာက္က်တယ္လို႕ခံစားေကာင္းခံစားနိုင္ေပမဲ႔ လူေတြနဲ႕ဆက္ဆံတဲ႔ေနရာမွာတကယ္ကို စိတ္ေအးခ်မ္းသာနိုင္ေစတာမို႕ အေျပာေကာင္းျပီးရန္ုျငိမ္းတဲ႔သူေတြျဖစ္ျကပါေစလို႕ဆုေတာင္းရင္…

Unicode

အလျှောက်ကောင်းရင် အထောင်းသက်သာဆိုတဲ့ စကားလည်းရှိလေတယ် မလား။ စကားပြောတတ်တဲ့သူတစ်နည်းအားဖြင့် စကားပြောတဲ့နေရာမှာသူ့နေရာနဲ့သူ အံ့ဝင်ခွင်ကျအလိုက်သင့်ပြောတတ်တဲ့သူတွေဟာ နေရာကောင်းကိုရတတ်ပြီး လူမှုဆက်ဆံရေးနယ်ပယ်မှာ ပိုပြီးလူဝင်ဆန့်တတ်ကြပါတယ်။ ဆိုတော့စကားပြောကောင်းခြင်းကနေ ဘယ်လိုကောင်းကျိုးတွေရနိုင်သလဲဆိုတာ…
(၁) လူချစ်လူခင်များလာတယ်
စကားပြောကောင်းတဲ့သူတိုင်းဟာ လူတိုင်းနဲ့စကားပြောဆက်ဆံတဲ့ အခါ အောက်ကျို့ဖို့ဝန်မလေးတတ်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်ပြောဆိုခြင်းမရှိပဲအမြဲနှိမ့်ချပြောဆိုတတ်တာရယ် အသေးမွှားလေးကအစ တစ်ပါးသူ ရဲ့စိတ် မငြိုငြင်အောင်တောင်းပန်ပြောဆိုတတ်တာတွေကြောင့် နေရာတကာမှာ လူတိုင်းရဲ့ချစ်ခင်ခြင်းကို ခံရတတ်ပါတယ်။ စကားပြောရင် ပီယဓာတ် အပြည့်လေးနဲ့ပြောတတ်တာမလို့ လူတိုင်းလိုလိုရဲ့ချစ်ခင်မှုကို ရတတ်ကြတဲ့သူတွေပါ။
(၂) ယုံကြည်တဲ့သူများလာတယ်
အပြောကောင်းတိုင်းမယုံနဲ့လို့တစ်ချို့သူတွေကတောင်ပြောလေ့ရှိတတ်ကြပါတယ်။ စကားလုံးလှလှလေးတွေနဲ့နားထောင်ကောင်းအောင်ပြောတတ်တဲ့သူ တွေဟာ လူတွေရဲ့ယုံကြည်မှုကို ပိုပြီးရတတ်ပါတယ်။ကိုယ်ရဲဲ့စကားတွေကြောင့်တစ်ဖက်သားက ကိုယ့်အပေါ်ယုံကြည်မှုပိုလာပြီးသူတို့ရဲ့အရေးကြီးကိစ္စကြီးငယ်ကအစပြောပြလာ တိုင်ပင်လာတတ်တဲ့အထိပါပဲ။ ယုံကြည်မှုကိုအလွဲသုံးစားမလုပ်ဖို့တော့လိုတာပေါ့လေ။
(၃) နေရာတကာလူဝင်ဆန့်လာတယ်
ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ပညာတွေတတ် ဘွဲ့တွေရ ပထမဆုတွေဆွတ်ခူးနေပါစေ စကားပြောမတတ်(တစ်နည်းအားဖြင့် စကားပြော မကောင်းရင်)လူဝင်ဆန့်ဖို့သိပ်အဆင်မပြေလှပါဘူး။ ဒါကြောင့် ကိုယ်ရောက်ရှိနေတဲ့Positionနဲ့လိုက်အောင်ပြောဆို ဆက်ဆံတတ်မှသာလူကြားထဲမှာ လူဝင်ဆန့်ပြီးနေရာရတဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။
(၄) ရန်သူရယ်လို့မရှိသလောက်ရှားတယ်
စကားပြောကောင်းတဲ့သူမှာရန်သူရယ်လို့မရှိပါဘူး။ သူကကြိတ်ပြီးမုန်းနေတဲ့သူသာရှိကောင်းရှိမယ် ၊ သူကိုမုန်းတဲ့သူကမရှိသလောက်ရှားပါတယ်။ သူများကိုမြှောက်ပင့်ပြော ဆိုဖို့လည်းဝန်မလေးသလို ရေလိုက်ငါးလိုက်ပေါင်းသင်းဆက်ဆံတတ်တာကြောင့် ရန်သူရယ်လို့မရှိတတ်ကြပါဘူး။
(၅) အကျိုးစီးပွားအဖြစ်မြန်တယ်၊ တည်မြဲတယ်
ချိုချိုသာသာယဉ်ယဉ်ကျေးကျေးနဲ့တစ်ဖက်သူနားဝင်အောင်ပြောဆိုတတ်တဲ့ အရည်အချင်းကြောင့် ဘယ်လုပ်ငန်းမဆိုမိတ်ကောင်းဆွေကောင်းတွေနဲ့တွေ့ဆုံရတတ်ပြီး အကျိုးစီးပွားတွေ အဖြစ်မြန်ပြီး ဆက်ဆံရေးကောင်းမွန်မှုကြောင့်ရေရှည်တည်တံ့စေပါတယ်။

စကားပြောကောင်းရခြင်းဟာ တစ်ခါတလေမှာလူ့အောက်ကျတယ်လို့ခံစားကောင်းခံစားနိုင်ပေမဲ့ လူတွေနဲ့ဆက်ဆံတဲ့နေရာမှာတကယ်ကို စိတ်အေးချမ်းသာနိုင်စေတာမို့ အပြောကောင်းပြီးရန်ုငြိမ်းတဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းရင်…

327 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.