လူအများမြင်ကွင်းမှာ မိန်းကလေးတွေမပြုလုပ်သင့်တဲ့အရာများ
ဝက်ခြံညှစ်ခြင်း
တံတွေး ထွေးခြင်း
(Unicode)
လူရှေ့သူရှေ့ရောက်ရင် မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့အမူရာကို ထိန်းထိန်းသိမ်းသိမ်းနေရပါတယ်။ ကိုယ်အနေထိုင်မတတ်ရင် ပြောဆိုခံရမှုကနေ လွတ်မြောက်လာမှာမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်အနေနဲ့ လူအများရှေ့ရောက်ရင် မလုပ်သင့်တဲ့အပြုမူလေးတွေကို သိစေရန်ဖော်ပြပေးလိုက်ပါတယ်။
ဝက်ခြံညှစ်ခြင်း
အင်တာနက် ဗီဒီယိုတွေမှာ ဆားဝက်ခြံတွေညှစ်ပြနေတာကြည့်ပြီး လူရှေ့သူရှေ့မရှောင် လျှောက်ညှစ်နေလို့တော့မဖြစ်ပါဘူး။ ကိုယ့်ဘာသာ အိမ်မှာ ဘယ်လိုပဲညှစ်ညှစ်ကိစ္စမရှိပေမယ့် လူအများကြားလုပ်တဲ့အခါ ဒါတွေကို မပေါ့ဆသင့်ပါဘူး။ နေရင်းထိုင်ရင်း လူအထင်သေးစရာဖြစ်ပါတယ်။ ဘယ်သူမှ သင့်ရဲ့ညစ်ပေနေတဲ့ အရေပြားတွေ၊ ဝက်ခြံလုံးတွေကိုမြင်ချင်မှာမဟုတ်ပါဘူး။ စားသောက်နေတဲ့နေရာဆို ပိုဆိုးပါတယ်။
တံတွေး ထွေးခြင်း
အပြုမူများစွာထဲမှာ ဒီအမူကျင့်ဟာ အဆိုးဆုံးပါပဲ။ ယောကျ်ားလေးတွေ ထွေးတောင် အမြင်မသင့်တော်ပါဘူး။ မတော်တဆ ကိုယ်ထွေးလိုက်လို့ နောက်လူစင်သွားတဲ့အခါ အားနာစရာတွေဖြစ်ရပါတယ်။ အရမ်းထွေးချင်ရင် လူမမမြင်တဲ့နေရာသွားပြီး ကိုယ့်ဘာသာသိုသိုသိပ်သိပ်ထွေးပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ တံတွေး ထွေးတာဟာ ကြည့်ရဆိုးစေပြီး ဆွဲဆောင်မှုလည်းနည်းစေပါတယ်။စကားများ ရန်ဖြစ်နေချိန် တံတွေး မထွေးတာအကောင်းဆုံးပါပဲ။
ဘောင်းဘီစ ဆွဲထုတ်ခြင်း
ဖြတ်တတ်ပါတယ်။ ဖြစ်လာရင်လည်း ခုနကပြောသလို လူမမြင်သူမမြင်နေရာသွားပြီးကိုယ့်အဝတ်စားကို သေချာစမတ်ကျအောင် ပြင်ဆင်ပါ။ နေရတာ မသက်သာလို့ စိတ်တဲ့ရှိသလို ဘောင်းဘီ​စ ဆွဲထုတ်လိုက်မယ်ဆို ဘေးပတ်ဝန်းကျင်မှ အထင်သေးမှုကိုလည်း ခံရမယ့်အပြင် မလိုလားအပ်တဲ့အတွေးပေါင်းများစွာတွေ ဝင်သွားနိုင်ပါတယ်။
ဒေါသမထိန်းနိုင်ခြင်း
လူကြားထဲ ဒေါသမထိန်းနိုင်တဲ့လူဟာ ဆိုးရွားတဲ့အမူကျင့်တွေ ကပ်တွယ်နေတဲ့လူလို့ ဘယ်သူမဆို တွေးမြင်ကြမှာပါပဲ။ ဒေါသက သူများကိုမထွက်ခင် ကိုယ်ကအရင် ပူလောင်တဲ့အရာပါ။ ဖုန်းထဲမှာ စကားများရန်ဖြစ်နေရင်တောင် ဘေးမှ လူတွေအတွက် စိတ်အနှောင့်ယှက်ဖြစ်ရပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သင့်ရဲ့ဒေါသကိုထိန်းပါ။
အရာအားလုံးကို ဓာတ်ပုံရိုက်လွန်းသူ
ကိုယ့်ရဲ့တစ်နေ့တာမှတ်တမ်းကို ဓာတ်ပုံနဲ့မှတ်တမ်းမတင်နဲ့ မပြောပါဘူး။ တင်ပါ။ ဒါပေမယ့်လူကြားထဲ ဖုန်းကြီးတကားကားနဲ့ ဓာတ်ပုံတစ်ချိန်လုံးရိုက်နေတာကြ အမြင်မသင့်တော်ပါဘူး။ ကိုယ့်ရဲ ့အမူရာကို ထိန်းပါ။ အထူးဆန်းမို့ ဓာတ်ပုံလှမ်းရိုက်လိုက်တာဖြစ်သင့်ပေမယ့် အမြဲတမ်း တဖျတ်ဖျတ်ရိုက်နေတာမျိုးတော့ မလုပ်သင့်ပါ။
ငှက်ပျောသီး စည်းမျဉ်း
လူကြားထဲ အားရပါးရ ပလုတ်ပလောင်းစားတတ်တဲ့အကျင့်ဆိုး မိန်းကလေးအချို ့မှာရှိပါတယ်။ အခြားအစားစာဆို ဘာမှမဖြစ်ပေမယ့် ငှက်ပျောသီးကို လူကြားထဲစားတဲ့အခါတော့ထိန်းရပါတယ်။ အားကြီးနဲ့ ဝါးပြတာတို့၊ တစ်ကိုက်ချင်း ဖြည်းဖြည်းမစားပဲ ပါးစပ်ထဲ ငှက်ပျောသီး အချောင်းလိုက်ထည့်တာမျိုးတွေ ရှောင်ကျဉ်သင့်ပါတယ်။
920 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.