တစ်ကိုယ်တော်ခရီးထွက်မယ်ဆိုရင် လုံခြုံစိတ်ချမှုရှိစေဖို့ ဒီအချက်လေးတွေသိထားဖို့လို
၎)ဘယ်လိုအန္တရာယ်အခက်အခဲတွေရှိလဲ ဒေသခံတွေကိုမေးပါ
Unicode
ခရီးထွက်ကြတဲ့အခါ လုံခြုံစိတ်ချမှုရှိဖို့က အရေးကြီးပါတယ်။အထူးသဖြင့် တစ်ခြားနိုင်ငံတွေ၊ ကိုယ်နဲ့မရင်းနှီးတဲ့ဒေသစိမ်းတွေကိုသွားရာက်မယ်ဆိုရင်ပိုပြီးသတိထားဖို့လိုပါတယ်။ တစ်ကိုယ်တော်ခရီးထွက်ချင်တဲ့သူတွေအတွက်တော့ ပိုပြီးတော့တောင် သိထားဖို့လိုပါတယ်။ဒီအချက်လေးတွေကိုသိထားမယ်ဆိုရင် သင့်ရဲ ့ပစ္စည်း၊ငွေကြေးနဲ့ကျန်းမာရေးအတွက်ပါ စိတ်ချရပါတယ်။ဘာတွေလဲဆိုတော့…
၁)ဟိုတယ်မှာတည်းမယ်ဆိုရင်…
ဘတ်တီးရီးယားတွေအများဆုံး၊အညစ်ပတ်ဆုံးက သန့်စင်ခန်းလို့ထင်ရင်သင်မှားသွား ပါလိ့မ်မယ်။တကယ်တော့ ဟိုတယ်ခန်းထဲက တီဗီရီမုက အညစ်ပတ်ဆုံး၊
ဘတ်တီးရီးယားတွေအများဆုံးပါတဲ့။အဲ့ဒါကြောင့် ရီမုကိုင်တဲ့အခါမှာ ပုံထဲကလို အိတ်လေးထဲထည့်ပြီးဖြစ်စေ၊လက်အိတ်နဲ့ဖြစ်စေ ကိုင်တွယ်သုံးသင့်ပါတယ်။
အဲ့ဒါမှ ဘတ်တီးရီးယားပိုးတွေကူးစက်တာကိုကာကွယ်နိုင်မှာပါ။
၂)အရေးကြီးစာရွက်စာတမ်းတွေပါတယ်ဆိုရင်…
အလုပ်ကိစ္စနဲ့တစ်နယ်တစ်ကျေးကိုသွားရမယ်၊တစ်ခြားနိုင်ငံကိုသွားရမယ်ဆိုရင် သင့်ရဲ ့အရေးကြီးစာရွက်စာတမ်းတစ်စုံတည်းနဲ့အလုပ်မဖြစ်ပါဘူး။ကော်ပီများများကူးထား သင့်ပါတယ်။အရေးမကြီးသေးဘူးဆိုရင် မူရင်းစာရွက်တွေကို လုံခြုံတဲ့နေရာမှာ သိမ်းထားပြီးအပြင်ထွက်တဲ့အခါ ကော်ပီစာရွက်တွေသာယူသွားပါ။မတော်တဆ
ခါးပိုက်နှိုက်ခံရတာ၊ကားပေါ်ကျန်ခဲ့တာတွေဆိုရင် စိတ်ပူစရာမလိုတော့ဘူးပေါ့။
၃)ဒေသခံတွေအတိုင်းဝတ်စားပါ…
အလည်အပတ်သွားတာဖြစ်စေ၊အလုပ်ကိစ္စနဲ့သွားတာဖြစ်စေ နိုင်ငံရပ်ခြား၊ဒေသခြားရောက်တဲ့အခါ ဒေသခံတွေအတိုင်းဝတ်စားပါ။ခါးပိုက်နှိုက်တွေကနေရာအနှံ့မှာရှိနေတာဖြစ်လို့ လူစိမ်းဆိုရင် ချက်ချင်းတန်းသိပါတယ်။တကယ်လို့ သင်ကဒေသခံအတိုင်းဝတ်စားထားရင်တော့ ခါးပိုက်နှိုက်ရန်က နည်းသွားပါလိမ့်မယ်။အဝတ်အစားနဲ့ပတ်သက်လို့ နိုင်ငံအလိုက်ဥပဒေတွေလည်းရှိလို့သေချာလေ့လာပြီးဝတ်စားဖို့လည်းလိုပါတယ်။
၄)ဘယ်လိုအန္တရာယ်အခက်အခဲတွေရှိလဲ ဒေသခံတွေကိုမေးပါ
ကိုယ်မသိတဲ့ဒေသ၊နိုင်ငံကိုရောက်ရင် ပထမဆုံး အပြင်လျှောက်မသွားခင် ဒေသခံတွေကိုမေးကြည့်ပါ။ဘယ််နေရာကိုတော့မသွားသင့်ဘူး၊ဘယ်နေရာကတော့
သွားရေးလာရေးခက်ခဲတယ်စသဖြင့် ဒေသခံတွေကအသိဆုံးဖြစ်လို့ မေးဖို့မမေ့ပါနဲ့။
၅)ဒေသခံတွေအများဆုံးစားတဲ့နေရာမှာစားပါ
နိုင်ငံရပ်ခြားကိုရောက်လို့၊ဒေသခြားကိုရောက်လို့ ဘာစားရမလဲမသိဘူး၊ဘယ်အစားအစာက ကောင်းလဲမသိဘူးဖြစ်နေရင် ဒေသခံတွေအများဆုံးဘယ်ဆိုင်ကိုသွားလေ့ရှိလဲ လေ့လာလိုက်ပါ။ဘယ်သူမဆို အစားအသောက်ကောင်းကြိုက်တာဖြစ်လို့ ဒီအချက်က သင့်အတွက်အကူအညီဖြစ်စေမှာပါ။အသီးအနှံတွေဝယ်စားရင်လည်း မစားခင်ရေနဲ့သေချာသန့်စင်ဖို့မမေ့ပါနဲ့။
၆)လူစိမ်းတွေနဲ့ အရက်ဘီယာမသောက်ပါနဲ့
ဘယ်လောက်ပဲကောင်းတဲ့ဝိုင်ဖြစ်ဖြစ်၊အရက်ဖြစ်ဖြစ် လူစိမ်းတွေနဲ့မသောက်မိစေဖို့ သတိထားပါ။ဘယ်သူ့ကိုမှယုံကြည်လို့မရပါဘူး။သင် မူးနေတဲ့အချိန် သင့်ရဲ ့ငွေကြေးတွေ၊ပစ္စည်းတွေပျောက်ဆုံးသွားနိုင်ပါတယ်။
၇)ငွေချေတဲ့အခါ ကတ်နဲ့ပေးတာမျိုးရှောင်ပါ
ဖြစ်နိုင်ရင် ငွေလဲလှယ်သွားပြီးပေးရင်ပိုကောင်းပါတယ်။ကတ်နဲ့ဖြတ်ခိုင်းတဲ့အခါ သင့်ကတ်ထဲက အချက်အလက်တွေအခိုးခံရနိုင်ပါတယ်။နိုင်ငံရပ်ခြားဖြစ်လို့ သင့်အချက်အလက်တွေ ပေါက်ကြားသွားရင် ပြန်ယူဖို့မလွယ်ကူပါဘူး။
၈)သံရုံးမှာစာရင်းသွင်းပါ
ဖြစ်နိုင်ရင် သင်တစ်ခြားနိုင်ငံရောက်ရောက်ချင်း နီးစပ်ရာသံရုံးကိုသွားပြီးသင့်ရဲ ့ကိုယ်ရေးအချက်အလက်တွေ၊သင့်ဆွေမျိုး၊မိသားစုရဲ ့လိပ်စာတွေကိုပေးထားပါ။
တကယ်လို့ အရေးကြီးကိစ္စရှိတဲ့အခါအလွယ်တကူဆက်သွယ်နိုင်ပါလိမ့်မယ်။
တစ်ကိုယ်တော်ခရီးထွက်မယ့်သူတွေရော၊မိသားစုနဲ့နိုင်ငံရပ်ခြားခရီးထွက်မယ့်သူတွေရော ပျော်ရွှင်လုံခြုံစွာနဲ့ ခရီးထွက်နိုင်ပါစေ…
268 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.