(Unicode)
အစားသောက်ဆို အရှေ့ဆုံးကကြိတ်မယ့် Baeလေးတွေအတွက် စင်ကာပူက ‘Boba Tea Toast’
‘Boba Tea Toast’ က မြင်တာနဲ့ စားချင်စဖွယ်ဟုတ်ရုံတင်မက အရသာကလည်းရှယ်မှရှယ်! စားဖူးသူတိုင်း လက်တို့ပြီးညွန်းနေတဲ့ ‘Boba Tea Toast’ … ဂလု!
အစာပြေမုန့်ချို တစ်မျိုးဖြစ်တဲ့ စင်ကာပူမှာ စတင်နာမည်ကြီးနေတာ ရက်ပိုင်းအတွင်းပဲ ရှိသေးပြီး အင်တာနက်မှာတော့ နိုင်ငံအသီးသီးမှာ အင်တာနက်သုံးစွဲသူတွေက တမ်းတမ်းစွဲစားချင်နေတဲ့ ‘Boba Tea Toast’ ကတော့ ဆန်းဒွစ် မီးကင်တစ်မျိုးဖြစ်ပြီး ပေါင်မုန့်ကြားထဲမှာ ပုလဲသီးလေးတွေကိုညှပ်ထည့်ထားတာဖြစ်ပါတယ်။
စင်ကာပူနိုင်ငံ Benjamin Browns မှာ (၅)ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။ Boba tea ကို ချိူမြိန်တဲ့ ဆော့အမျိုးစားပေါင်းစုံ ( Ovaltine ၊ Crunchie နဲ့ Caramel Lotus ) တို့နဲ့ပေါင်းစပ်ထားပါတယ်။
Benjamin Browns က လွန်ခဲ့တဲ့တစ်နှစ်လောက်ကလည်း မစ်ရှိတ်တစ်မျိုးနဲ့ နာမည်ကြီး
ခဲ့ပါသေးတယ်။ အဲ့တုုန်းကလည်း သောက်သုံးသူတွေများပြားခဲ့သလို ယခုချိန်ထိ ဒီစားသုံးသူတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ အခုဆို အစာပြေမုန့်ချို ့တစ်မျိုးနဲ့ပါ စားသုံးသူတွေကို မိတ်ဆက်လိုက်ပါပြီ။ နောက်ထပ်အသစ်အနေနဲ့ရှိနိုင်တဲ့ အအေးတွေကတော့ milo avocado coffee shake ၊ dirty sakura matcha (သို့) chocolate တို့ပဲဖြစ်ပါတယ်။
အလားတူ ‘Boba Tea Toast’ လိုပဲ ထိုင်ဝမ်မှာလည်းရှိတယ်လို့ အစောပိုင်းလောက်က
ကြားဖူးသလိုလိုရှိခဲ့ပါတယ်။ စင်ကာပူလိုမျိုးပဲ အရသာကို ဖော်စပ်ထားလားဆိုတာတော့ သေချာမသိရသေးပါဘူး။
စင်ကာပူရောက်နေတဲ့ သူငယ်ချင်းတွေ ၊ အမျိုးတွေရှိရင် ဒါလေးသွားစားကြည့်ပါလားလို့ ညွန်းလိုက်ကြပါဦးနော်…
28 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.