သင့္အေပၚနာက်င္ေစခဲ႔သူကုိ ဘာလို႔ခြင့္လႊတ္ေပးသင့္တာလဲ?

ဒီစာကုိ သင္ဖတ္ေနခ်ိန္မွာေတာင္ သင့္အေပၚနာက်င္ေစတဲ႔သူကုိ ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔မွ ခြင့္လႊတ္မေပးႏုိင္ဘူးလို႔ ေတြးမိခ်င္ေတြးမိေနမွာပါ။တကယ္တမ္းခြင့္လႊတ္ေပးဖုိ႔မလြယ္ေပမဲ႔ ေသခ်ာစဥ္းစားၾကည့္ပါဦး။သင္က ခြင့္မလႊတ္ေလ သူတို႔က ပုိျပီးခံစားရေလလုိ႔ ထင္ထားတယ္မဟုတ္လား။မွန္ပါတယ္။သူတို႔လည္းခံစားရမွာပါ။အဲ႔ဒီသူက သင့္ခ်စ္သူလည္းျဖစ္ႏုိင္သလို သင့္ရဲ ႔သူငယ္ခ်င္း၊မိတ္ေဆြ၊မိသားစုေတြထဲကလည္းျဖစ္ႏုိင္ပါတယ္။ ဒါေပမဲ႔ သင္ေရာ အဲ႔ဒီအခ်ိန္မွာ စိတ္ေအးခ်မ္းေနရဲ႔လား၊ေက်နပ္ေနရဲ႔လား သူတို႔ကုိခြင့္မလႊတ္ဘူးလို႔ေျပာလိုက္တာေၾကာင့္ သင့္စိတ္ထဲကခံစားရတာေတြ ေပ်ာက္ျပီလား?သင့္ရဲ ႔နာက်င္ေနတဲ႔စိတ္ေတြ တကယ္ေအးေအးခ်မ္းခ်မ္းရွိခ်င္တယ္ဆိုရင္ ခြင့္လႊတ္လိုက္ပါ။လူတစ္ေယာက္ကုိခြင့္လႊတ္ေပးဖို႔ လံုေလာက္တဲ႔အေၾကာင္းျပခ်က္ေတြရွိပါတယ္။

၁)စိတ္ခ်မ္းသာျပီး ကုိယ္က်န္းမာဖို႔…
လူတစ္ေယာက္ကုိခြင့္လႊတ္ေပးလိုက္တာက သင့္ရဲ ႔စိတ္ကုိလည္းေအးခ်မ္းေစပါတယ္။ျပီးေတာ့ ခြင့္မလႊတ္ဘူးဆိုတဲ႔ပူေလာင္တဲ႔စိတ္ေၾကာင့္ျဖစ္လာမယ့္ ေဒါသေတြက သင့္က်န္းမာေရးအတြက္ မေကာင္းေစပါဘူး။အဲ႔ဒါေၾကာင့္ ခြင့္လႊတ္ေပးလိုက္တာက သင့္ကုိစိတ္ေရာကုိယ္ပါ လြတ္လပ္သြားသလိုခံစားရေစမွာပါ။

၂)စိတ္ပုိင္းဆုိင္ရာရင့္က်က္လာေစဖုိ႔…
ခြင့္လႊတ္ေပးလိုက္တယ္ဆိုကတည္းက ဒါကသင့္ရဲ ႔စိတ္ရင့္က်က္လာတာ ကိုျပေနတာပါ။တျဖည္းျဖည္းနဲ႔ သင့္ကုိ ဒီထက္ပုိေကာင္းတဲ႔လူတစ္ေယာက္ျဖစ္လာ
ေစပါတယ္။

၃)ေပ်ာ္ရႊင္ရတဲ႔အခ်ိန္ေတြပိုမ်ားေစဖုိ႔…
ဘ၀ကတိုတိုေလးပါ။ကုိယ္ေပ်ာ္္ရႊင္ေနရမယ့္အခ်ိန္မွာ တစ္ျခားတစ္ေယာက္ကုိ စိတ္တိုေဒါသထြက္ေနမယ္ဆုိရင္ ကုိယ့္ရဲ ႔အခ်ိန္ေတြကုိျဖဳန္းတီးပစ္ရာေရာက္ပါတယ္။

၄)စိတ္ထားတတ္ေစဖို႔…
ဘယ္ေလာက္ပဲ ကိုယ့္အေပၚမွားခဲ့မွားခဲ႔ ခြင့္လႊတ္ေပးလိုက္ပါ။ခြင့္လႊတ္ေပးလိုက္တာက ႏွစ္ဖက္စလံုးေအးခ်မ္းေစပါတယ္။ျပီးေတာ့ လူတိုင္းက အမွားနဲ႔မကင္းပါဘူး။
သူ႔လိုအမွားမ်ိဳး သင္ကုိယ္တိုင္လည္းလုပ္မိခ်င္လုပ္မိမွာပါ။

၅)အတိတ္ကေနရုန္းထြက္ႏုိင္ဖို႔…
တစ္ဖက္လူမွားခဲ႔တဲ့အမွား၊မွားခဲ႔တယ္ဆိုကတည္းက အဲ႔ဒါက ျပီးသြားခဲ႔ျပီျဖစ္တဲ႔အတိတ္ပါ။ သင့္ဘက္က ခြင့္မလႊတ္ႏုိင္ပဲ တႏုံ့ႏံ႔ုျပန္ေတြးေနမယ္ဆိုရင္ ဒါကသင္ဟာ အတိတ္ကေန ရုန္းမထြက္ႏုိင္ေသးဘူး။အတိတ္မွာပဲသင္က်န္ေနေသးတယ္ဆိုတာျပေနတာပါ။လြန္ခဲ႔တဲ႔အမွားေတြက ျပန္ျပင္လို႔မရပါဘူး။ျပန္ျပင္လုိ႔မရတာကုိ မေမ့ႏုိင္ေသးသေရြ႔ ပူေလာင္ေနရဦးမွာပါပဲ။ အတိတ္ကုိ အတိတ္မွာပဲထားခဲ႔ပါ။

၆)သင္ခန္းစာယူတတ္လာဖုိ႔…
ခြင့္လႊတ္လိုက္ပါ။ဒါေပမဲ႔ မေမ့ပါနဲ႔။ သူမွားခဲ႔တဲ႔အမွားအတြက္ ခြင့္လႊတ္ေပးလုိက္ပါ။ဒါေပမဲ႔ သူကုိယ့္အေပၚမွားခဲ႔တာကုိ မေမ့ပါနဲ႔။ခြင့္လႊတ္ေပးတယ္ဆိုတာအဲ႔ဒီအမွားကုိ သူတို႔ေနာက္တစ္ၾကိမ္ထပ္ျပီးက်ဴးလြန္ဖို႔မဟုတ္ပါဘူး။သူတို႔ကုိယ့္အေပၚ မွားခဲ႔တာကို တစ္ျခားသူေတြဆီကေနလည္း ထပ္ျပီးအမွားမခံပါနဲ႔။

လူတိုင္းကအမွားနဲ႔မကင္းၾကပါဘူး။တစ္ခ်ိဳ႔ေတြဆိုရင္ အမွားလုပ္ခဲ႔ေပမဲ႔ သူတို႔ရဲ႔အမွား ကုိ၀န္မခံၾကဘူး။ဒါေပမဲ႔ လအနည္းငယ္ၾကာတဲ႔အခါမွာ သင္နဲ႔သူ႔ၾကားဘာမွမျဖစ္ခဲ႔သလို ျပန္ျပီးဆက္ဆံလာပါလိမ့္မယ္။အဲ႔ဒီအခါ သင့္ဘက္ကလုပ္ရမွာက သူတို႔ကုိ ခြင့္လႊတ္လိုက္ပါ။သူတို႔နဲ႔ အလိုက္အထုိက္စကားျပန္ေျပာပါ။ဒါေပမဲ႔ သူတို႔ရဲ ႔အမွားကုိ သင္ဘယ္ေတာ့မွမေမ့ပါနဲ႔။ျပီးေတာ့ ခြင့္မလႊတ္ပဲ စိတ္ထဲမွာတင္းခံေနတာက သင့္ကုိ ျမန္ျမန္အရြယ္ရင့္ေစပါတယ္တဲ႔။

စိတ္ပ်ိဳကုိယ္ႏုစြာနဲ႔ ဘ၀ကုိေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းခ်င္တယ္ဆိုရင္ သင့္အေပၚ ဘယ္သူေတြဘယ္လိုပဲမွားခဲ့မွားခဲ႔ သူတို႔ကုိခြင့္လႊတ္ေပးလိုက္ပါ။ဒါေပမဲ႔
သူတို႔ သင့္အေပၚမွားခဲ႔တဲ႔ အမွားကုိ ဘယ္ေတာ့မွမေမ့ပါနဲ႔။

Unicode

ဒီစာကို သင်ဖတ်နေချိန်မှာတောင် သင့်အပေါ်နာကျင်စေတဲ့သူကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ခွင့်လွှတ်မပေးနိုင်ဘူးလို့ တွေးမိချင်တွေးမိနေမှာပါ။တကယ်တမ်းခွင့်လွှတ်ပေးဖို့မလွယ်ပေမဲ့ သေချာစဉ်းစားကြည့်ပါဦး။သင်က ခွင့်မလွှတ်လေ သူတို့က ပိုပြီးခံစားရလေလို့ ထင်ထားတယ်မဟုတ်လား။မှန်ပါတယ်။သူတို့လည်းခံစားရမှာပါ။အဲ့ဒီသူက သင့်ချစ်သူလည်းဖြစ်နိုင်သလို သင့်ရဲ ့သူငယ်ချင်း၊မိတ်ဆွေ၊မိသားစုတွေထဲကလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင်ရော အဲ့ဒီအချိန်မှာ စိတ်အေးချမ်းနေရဲ့လား၊ကျေနပ်နေရဲ့လား သူတို့ကိုခွင့်မလွှတ်ဘူးလို့ပြောလိုက်တာကြောင့် သင့်စိတ်ထဲကခံစားရတာတွေပျောက်ပြီလား?သင့်ရဲ ့နာကျင်နေတဲ့စိတ်တွေ တကယ်အေးအေးချမ်းချမ်းရှိချင်တယ်ဆိုရင် ခွင့်လွှတ်လိုက်ပါ။လူတစ်ယောက်ကိုခွင့်လွှတ်ပေးဖို့ လုံလောက်တဲ့အကြောင်းပြချက်တွေရှိပါတယ်။

၁)စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာဖို့…
လူတစ်ယောက်ကိုခွင့်လွှတ်ပေးလိုက်တာက သင့်ရဲ ့စိတ်ကိုလည်းအေးချမ်းစေပါတယ်။ပြီးတော့ ခွင့်မလွှတ်ဘူးဆိုတဲ့ပူလောင်တဲ့စိတ်ကြောင့်ဖြစ်လာမယ့် ဒေါသတွေက သင့်ကျန်းမာရေးအတွက် မကောင်းစေပါဘူး။အဲ့ဒါကြောင့် ခွင့်လွှတ်ပေးလိုက်တာက သင့်ကိုစိတ်ရောကိုယ်ပါ လွတ်လပ်သွားသလိုခံစားရစေမှာပါ။

၂)စိတ်ပိုင်းဆိုင်ရာရင့်ကျက်လာစေဖို့…
ခွင့်လွှတ်ပေးလိုက်တယ်ဆိုကတည်းက ဒါကသင့်ရဲ ့စိတ်ရင့်ကျက်လာတာ ကိုပြနေတာပါ။တဖြည်းဖြည်းနဲ့ သင့်ကို ဒီထက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာ
စေပါတယ်။

၃)ပျော်ရွှင်ရတဲ့အချိန်တွေပိုများစေဖို့…
ဘဝကတိုတိုလေးပါ။ကိုယ်ပျော််ရွှင်နေရမယ့်အချိန်မှာ တစ်ခြားတစ်ယောက်ကို စိတ်တိုဒေါသထွက်နေမယ်ဆိုရင် ကိုယ့်ရဲ ့အချိန်တွေကိုဖြုန်းတီးပစ်ရာရောက်ပါတယ်။

၄)စိတ်ထားတတ်စေဖို့…
ဘယ်လောက်ပဲ ကိုယ့်အပေါ်မှားခဲ့မှားခဲ့ ခွင့်လွှတ်ပေးလိုက်ပါ။ခွင့်လွှတ်ပေးလိုက်တာက နှစ်ဖက်စလုံးအေးချမ်းစေပါတယ်။ပြီးတော့ လူတိုင်းက အမှားနဲ့မကင်းပါဘူး။
သူ့လိုအမှားမျိုး သင်ကိုယ်တိုင်လည်းလုပ်မိချင်လုပ်မိမှာပါ။

၅)အတိတ်ကနေရုန်းထွက်နိုင်ဖို့…
တစ်ဖက်လူမှားခဲ့တဲ့အမှား၊မှားခဲ့တယ်ဆိုကတည်းက အဲ့ဒါက ပြီးသွားခဲ့ပြီဖြစ်တဲ့အတိတ်ပါ။ သင့်ဘက်က ခွင့်မလွှတ်နိုင်ပဲ တနုံ့နုံ့ပြန်တွေးနေမယ်ဆိုရင် ဒါကသင်ဟာ အတိတ်ကနေ ရုန်းမထွက်နိုင်သေးဘူး။အတိတ်မှာပဲသင်ကျန်နေသေးတယ်ဆိုတာပြနေတာပါ။လွန်ခဲ့တဲ့အမှားတွေက ပြန်ပြင်လို့မရပါဘူး။ပြန်ပြင်လို့မရတာကို မမေ့နိုင်သေးသရွေ့ ပူလောင်နေရဦးမှာပါပဲ။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။

၆)သင်ခန်းစာယူတတ်လာဖို့…
ခွင့်လွှတ်လိုက်ပါ။ဒါပေမဲ့ မမေ့ပါနဲ့။ သူမှားခဲ့တဲ့အမှားအတွက် ခွင့်လွှတ်ပေးလိုက်ပါ။ဒါပေမဲ့ သူကိုယ့်အပေါ်မှားခဲ့တာကို မမေ့ပါနဲ့။ခွင့်လွှတ်ပေးတယ်ဆိုတာအဲ့ဒီအမှားကို သူတို့နောက်တစ်ကြိမ်ထပ်ပြီးကျူးလွန်ဖို့မဟုတ်ပါဘူး။သူတို့ကိုယ့်အပေါ် မှားခဲ့တာကို တစ်ခြားသူတွေဆီကနေလည်း ထပ်ပြီးအမှားမခံပါနဲ့။

လူတိုင်းကအမှားနဲ့မကင်းကြပါဘူး။တစ်ချို့တွေဆိုရင် အမှားလုပ်ခဲ့ပေမဲ့ သူတို့ရဲ့အမှား ကိုဝန်မခံကြဘူး။ဒါပေမဲ့ လအနည်းငယ်ကြာတဲ့အခါမှာ သင်နဲ့သူ့ကြားဘာမှမဖြစ်ခဲ့သလို ပြန်ပြီးဆက်ဆံလာပါလိမ့်မယ်။အဲ့ဒီအခါ သင့်ဘက်ကလုပ်ရမှာက သူတို့ကို ခွင့်လွှတ်လိုက်ပါ။သူတို့နဲ့ အလိုက်အထိုက်စကားပြန်ပြောပါ။ဒါပေမဲ့ သူတို့ရဲ ့အမှားကို သင်ဘယ်တော့မှမမေ့ပါနဲ့။ပြီးတော့ ခွင့်မလွှတ်ပဲ စိတ်ထဲမှာတင်းခံနေတာက သင့်ကို မြန်မြန်အရွယ်ရင့်စေပါတယ်တဲ့။

စိတ်ပျိုကိုယ်နုစွာနဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ်ဆိုရင် သင့်အပေါ် ဘယ်သူတွေဘယ်လိုပဲမှားခဲ့မှားခဲ့ သူတို့ကိုခွင့်လွှတ်ပေးလိုက်ပါ။ဒါပေမဲ့
သူတို့ သင့်အပေါ်မှားခဲ့တဲ့ အမှားကို ဘယ်တော့မှမမေ့ပါနဲ့။

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.