၇နှစ်ကြာပြီးမှ ပြန်လည်တွေ့ဆုံဖို့ အခွင့်အရေးရလာတဲ့ သူတို့နှစ်ယောက်
ဧပြီ ၁၇ရက်နေ့က YNK Entertainment နဲ့ King Kong အေဂျင်စီနှစ်ခုလုံးက မင်းသားနဲ့မင်းသမီးဆီ ရုပ်ရှင်ကားတစ်ကားကမ်းလှမ်းမှုရောက်လာခဲ့တယ်လို့
“High Kick 3! The Revenge Of The Short Legged” ဇာတ်ကားမှာ အတူပါဝင်ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီတစ်ခါဇာတ်ညွှန်းကိုလက်ခံမယ်ဆိုရင် ဒါက ၇နှစ်နီးပါး
Unicode
မင်းသားချော Lee Jong Suk နဲ့မင်းသမီးချောလေး Kim Ji Won တို့ကို မကြာခင်ရုပ်ရှင်တစ်ကား ထဲ ပြန်လည်မြင်တွေ့ရပါတော့မယ်။သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ရနှစ် “High Kick 3” ဇာတ်ကားပြီးကတည်းက အတူတူရိုက်ကူးတာတွေမရှိခဲ့ပါဘူး။ဒါက ပထမဆုံးသူတို့နှစ်ယောက် အတူရိုက်ကူးမယ့်ကားလည်းဖြစ်ပါတယ်။
ဧပြီ ၁ရရက်နေ့က YNK Entertainment နဲ့ King Kong အေဂျင်စီနှစ်ခုလုံးက မင်းသားနဲ့မင်းသမီးဆီ ရုပ်ရှင်ကားတစ်ကားကမ်းလှမ်းမှုရောက်လာခဲ့တယ်လို့
အတည်ပြုပြောကြားခဲ့ပါတယ်။Netflix ကရိုက်ကူးမယ့်ကားဖြစ်ပြီး လောလောဆယ် ရုပ်ရှင်ကားနာမည်ကို “See You Again” လို့ပေးထားကြောင်းသိရပါတယ်။
နှစ်ယောက်လုံးက ဇာတ်ညွန်းကိုလေ့လာနေတုန်းဖြစ်ပြီး လက်ခံမယ်၊လက်မခံဘူးဆိုတာ အတည်မပြုရသေးပါဘူး။
“See You Again” ဇာတ်ကားဟာ အချစ်ဇာတ်လမ်းမျိုးဖြစ်ပြီး “Oh My Venus”ဇာတ်ကားရဲ ့ဇာတ်ညွှန်းရေးဆရာရေးသားထားတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ၂၀၁၁ ခုနှစ်က
“High Kick 3! The Revenge Of The Short Legged” ဇာတ်ကားမှာ အတူပါဝင်ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီတစ်ခါဇာတ်ညွှန်းကိုလက်ခံမယ်ဆိုရင် ဒါက ရနှစ်နီးပါး
ကြာပြီးနောက် ပထမဆုံး ပြန်လည်တွေ့ဆုံရိုက်ကူးမယ့်ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ Lee Jong Suk ဟာ Hymn of Death ဇာတ်ကားသစ်ကို ရိုက်ကူးနေဆဲကာလဖြစ်ပြီး မင်းသမီး Kim Ji Won ကိုတော့ မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ “Detective K: Secret of the Living Dead.” ဇာတ်ကားမှာမြင်တွေ့ခဲ့ရပါတယ်။
သူတို့နှစ်ယောက် ဒီဇာတ်လမ်းကိုလက်ခံရိုက်ကူးမလားဆိုတာတော့ နောက်ထပ်သတင်း တွေစောင့်မျှော်အားပေးကြပါဦး။
328 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.