လောကီိဘက်ခြမ်းမှ ရေအကျိုးငါးပါး

ဘာခေါင်းစဉ်ကြီိးလဲဟ လို့ တွေးနေပြီဟုတ်။ ဘာခေါင်းစဉ်ကြီးလဲဆိုတော့ လူတွေစိတ်ဝင်စားပြီးဝင်ဖတ်ချင်စိတ်ပေါ်အောင်၊ချဲ့ကားရေးထားတာလည်းမဖြစ်အောင်၊စာရဲ့ဆိုလိုရင်းကနေလည်းမသွေဖီအောင် အင်မတိအင်မတန်တွေးတောစဉ်းစားပြီးပေးထားရတဲ့ခေါင်းစဉ်ပါ 😛

ဒီလိုလေ.. လောကုတ္တရာမှာက သူတစ်ပါးကိုရေအလှူပြုတဲ့အခါ ရရှိတဲ့ ရေအကျိုးဆယ်ပါးရှိတယ်မဟုတ်လား။အဆင်းလှခြင်း၊အနာမဲ့ခြင်းနဲ့အခြားသောကောင်းကျိုးတွေပေါ့။ ခုပြောပြမှာကတော့ ရေကိုသူများကိုလှူတာမဟုတ်ပဲကိုယ်တိုင်သောက်တဲ့အခါ ရရှိမယ့်အကျိုးကျေးဇူးတွေဖြစ်လို့ လောကီဘက်ခြမ်းမှ ရေအကျိုးငါးပါးလို့ခေါင်းစဉ်တပ်လိုက်ရခြင်းပါပဲ။ခေါင်းစဉ်ဖြစ်ပေါ်လာပုံရာဇဝင်ကိုသိသွားပြီဆိုရင်ဆက်ဖတ်ကြည့်ကြစို့နော်။

ထမင်းအသက် ခုနှစ်ရက် ရေအသက်တစ်မနက်ဆိုတဲ့ စကားလည်းအရှိသားမဟုတ်လား။ ဒီစကားရဲ့အဓိပ္ပာယ်ကတော့ထမင်းမစားပဲခုနှစ်ရက်လောက်နေနိုင်ပေမယ့် ရေမသောက်ပဲ တစ်မနက်တောင်မနေနိုင်ဘူးဆိုတဲ့အဓိပ္ပါယ်ပါ။လူသားမျိုးနွယ်အတွက် ရေရဲ့အကျိုးပြုမှုမှ တကယ်ကိုအရေးပါအရာရောက်တဲ့အပြင်မရှိမဖြစ်လိုအပ်တဲ့အခန်းကဏ္ဍမှာပါပါဝင်နေပါတယ်။ ရေကိုသာအဓိကထားသောက်ပေးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲလာမလဲဆိုတော့…..

 

တီထွင်ဖန်တီးနိုင်စွမ်းပိုကောင်းလာမယ်

ဒါက စိတ်ပဲကို ခန္ဓာကိုယ်နဲ့ဘာဆိုင်လို့တုန်းလို့မပြောခင် တီိထွင်ဖန်တီးနိုင်စွမ်းဆိုတာက ဦးနှောက်တစ်ဆင့်ထွက်ပေါ်လာတယ်ဆိုတာသတိပြုပါ။ ဦးနှောက်ဆိုတာက ခန္ဓာကိုယ်ရဲ့အဓိကအကျဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဦးနှောက်ဟာ သူ့ရဲ့ရှုပ်ထွေးပွေလီပြီးများပြားလှတဲ့ လုပ်ဆောင်ချက်တွေအတွက် အောက်ဆီိဂျင်အများအပြားလိုအပ်ပါတယ်။ အများအပြားဆိုတာထက် တော်တော်များများလိုအပ်တယ်လို့ဆိုရမှာပါ။ သိကြတဲ့အတိုင်း အသက်ရှုသွင်းနေကြတဲ့ အောက်ဆီဂျင်အပြင် ရေထဲမှာပါအောက်ဆီိဂျင်ပါဝင်လေတော့ ရေများများသောက်ပေးခြင်းက ဦးနှောက်အတွက်အောက်ဆီဂျင်ရရာရကြောင်းပံ့ပိုးပေးနေတာပါပဲ။ ဒါကြောင့် ရေများများသောက်မယ်၊အခြားဖျော်ရည်တွေမသောက်ပဲကင်းရှင်းနေတဲ့ခန္ဓာကိုယ်ကို ရေနဲ့အမြဲမပြတ်အားဖြည့်ပေးနေမယ်ဆိုခဲ့ရင် ဦးနှောက်ကိုကျေးဇူးပြုရာရောက်ပြီး ဦးနှောက်ကလည်း တီထွင်ဖန်တီးနိုင်စွမ်းတွေ အကြံကောင်းညဏ်ကောင်းတွေ အများအပြားထုတ်လုပ်ပေးခြင်းအားဖြင့် သင့်ကိုပြန်လည်ကျေးဇူးပြုပါလိမ့်မယ်။

 

အိုမင်းရင့်ရော်ခြင်းနှေးကွေးစေမယ်

 

အိုမင်းရင့်ရော်ခြင်းကို ကာလအပိုင်းအခြားအားဖြင့် ရပ်တန့််ထားချင်ကြတာ လူတော်တော်များများရဲ့ဘဝတစ်ပါးကိုမကူးပြောင်းမချင်းဖြစ်ပေါ်နေတတ်ကြတဲ့ဆန္ဒပါ။ ဒါကြောင့်ပဲ လတ်စတစ်ဆာဂျရီတွေ၊ကြိုးထိုးတာတွေ၊ကြွက်သားတင်းစေတဲ့ ဆေးထိုးတာတွေစုံပလုံစိနေအောင်ကိုမမောနိုင်မပန်းနိုင်လုပ်နေကြတာမဟုတ်လား၊ဒီရုပ်ကြီိးတစ်ခုအတွက်လေ။ရှေးကလူကြီးသူမတွေပြောတတ်တဲ့စကားတစ်ခွန်းရှိပါတယ်။ ရေကမအိုဆေးပဲတဲ့။ ငယ်ငယ်တုန်းကတော့ အဲ့ဒါမျိုးတွေကြားရင်ရယ်တာပေါ့။ဘယ့်နှယ့်ဒီလောက်နေ့တိုင်းသောက်ရင်းနဲ့အသက်တွေကြီိးလာတဲ့ဟာကို ရေကပဲမအိုဆေးဖြစ်ရဦးမလားပေါ့။ တကယ်တော့ အဲ့ဒီ့စကားဟာ ဆေးပညာအသိညဏ်နဲ့ ကြည့်ရင် မှန်ကြောင်းတွေ့ရမှာပါ။ လူ့ခန္ဓာကိုယ်ရဲ့နေ့တဓူဝလုပ်ငန်းဆောင်တာတော်တော်များများမှာရေဆိုတာမရှိမဖြစ်လိုအပ်ချက်တစ်ခုပါပဲ။ ရေက အသားအရည်ကိုကြည်လင်စေတယ်၊ကျန်းမာစေတယ်၊ငယ်ရွယ်နုပျိုစေတယ်၊ဒါ့အပြင် အတွင်းကလီစာတွေကိုလည်းသန့်စင်စေတဲ့အပြင် ကြွက်သားတွေကိုပါသန်မာစေပါတယ်။ ဒါကြောင့် သန့်စင်တဲ့ရေကို အမြဲမပြတ်သောက်သုံးပေးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်ရဲ့အိုမင်းရင့်ရော်ခြင်းလုပ်ငန်းစဉ်ကိုနှေးကွေးသွားစေမှာပါ။

 

ခန္ဓာကိုယ်ခုခံအားကောင်းမွန်စေတယ်

 

စလိုဗားကီးယန်း စကားပုံတစ်ခုကဒီလိုဆိုပါတယ်။ “သန့််စင်တဲ့ရေဟာ ကမ္ဘာကြီိးရဲ့အဦးဆုံးနဲ့အဓိကအကျဆုံး ဆေးဝါးပါပဲ”တဲ့။ ဒါက လုံးဝလုံးဝကို အပိုပြောနေခြင်းမဟုတ်တဲ့အမှန်တရားတစ်ခုပါ။ ရေက ခန္ဓာကိုယ်မှာအစဉ်သဖြင့်ဖြစ်ပေါ်နေတဲ့ အသစ်အသစ်သော လုပ်ဆောင်မှုတွေအတွက် အဓိကကျတဲ့ ဓာတ်တိုးပစ္စည်းအဖြစ် ဆောင်ရွက်ပါတယ်။ ရေကိုလုံလောက်စွာသောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အတွင်းက ကျောက်ကပ်နဲ့အသည်းလိုကလီစာတွေရဲ့လုပ်ငန်းဆောင်တာတွေကိုကူညီရာကျပါတယ်။ကျောက်ကပ်တို့အသည်းတို့ဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေအညစ်အကြေးတွေကိုစွန့်ထုတ်ပေးတဲ့ အစိတ်အပိုင်းတွေပါ။ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေမရှိမှလည်းသင်ကျန်းမာရေးဒေါင်ဒေါင်မြည်မှာပါ။

 

အရိုးတွေကိုသန်မာစေတယ်

ရေက ခန္ဓာကိုယ်ထဲကိုရောက်သွားပြီဆိုရင် အရိုးတွေကနေလည်းရေကိုစုပ်ယူပါတယ်။ အရိုးအဆစ်တွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့ နေရာတွေ၊ဥပမာဒူးဆစ်၊ ဒီလိုနေရာတွေကို ချောမွေ့လွယ်ကူစွာရွေ့လျားနိုင်အောင် ရေက ကူညီပေးပါတယ်။ ဒါ့အပြင် အရိုးနုတွေအရွတ်တွေကနေလည်းရေကိုစုပ်ယူထားပြီး လက်တွေခြေထောက်တွေကွေးတဲ့ဆန့််တဲ့နေရာမှာ ချောဆီလိုမျိုးအသုံးချတာကြောင့် ရေများများသောက်ခြင်းက လူခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေပေါ်မှာလည်း ကောင်းသော အကျိုးသက်ရောက်မှုရှိပါတယ်။

 

အဆီကျမယ်

ဒါကတော့ နောက်ဆုံးနဲ့ လူတွေအနှစ်သက်ဆုံး၊ကြားရတာအချိုမြိန်ဆုံးအချက်တစ်ချက်ဖြစ်ပါလိမ့်မယ်။ ရေသောက်တာအသားကျလာတဲ့အခါ ရေကခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ အညစ်အကြေးတွေကို သန့်စင်ပေးပြီးသားဖြစ်တာမို့ ခန္ဓာကိုယ်အတွက်အသုံးမဝင်တဲ့ အဆီတွေပါပါပါသွားမှာပါ။သိသိသာသာကျဆင်းနိုင်တဲ့အဆီကတော့ ဗိုက်နဲ့ခါးတစ်ဝိုက်ကအဆီတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ရေကိုအမြဲမပြတ်သောက်နေတာက သင့်ရဲ့အစားစားချင်စိတ်ကိုပါ အန္တရာယ်ကင်းတဲ့နည်းနဲ့ထိန်းချုပ်ပေးပါတယ်။ဒါကြောင့် ပြန်ဝလာတာတွေဘာတွေမဖြစ်စေပဲ ကျန်းမာလှပနေနိုင်မှာပါ။ရေသာပုံမှန်သောက်ရင်ပေါ့လေ။

ဒါတွေကတော့ ကိုယ်တိုင်ရေသောက်ခြင်းအားဖြင့်ရရှိလာနိုင်မယ့် လောကီအပိုင်းက ရေအကျိုးငါးပါးပဲဖြစ်ပါတယ်။ ဘာကြည့်နေတာလဲ ရေပြေးသောက်တော့လေ… 😛

 

Unicode Format

 

ဘာခေါင်းစဉ်ကြီိးလဲဟ လို့ တွေးနေပြီဟုတ်။ ဘာခေါင်းစဉ်ကြီးလဲဆိုတော့ လူတွေစိတ်ဝင်စားပြီးဝင်ဖတ်ချင်စိတ်ပေါ်အောင်၊ချဲ့ကားရေးထားတာလည်းမဖြစ်အောင်၊စာရဲ့ဆိုလိုရင်းကနေလည်းမသွေဖီအောင် အင်မတိအင်မတန်တွေးတောစဉ်းစားပြီးပေးထားရတဲ့ခေါင်းစဉ်ပါ 😛

ဒီလိုလေ.. လောကုတ္တရာမှာက သူတစ်ပါးကိုရေအလှူပြုတဲ့အခါ ရရှိတဲ့ ရေအကျိုးဆယ်ပါးရှိတယ်မဟုတ်လား။အဆင်းလှခြင်း၊အနာမဲ့ခြင်းနဲ့အခြားသောကောင်းကျိုးတွေပေါ့။ ခုပြောပြမှာကတော့ ရေကိုသူများကိုလှူတာမဟုတ်ပဲကိုယ်တိုင်သောက်တဲ့အခါ ရရှိမယ့်အကျိုးကျေးဇူးတွေဖြစ်လို့ လောကီဘက်ခြမ်းက ရေအကျိုးငါးပါးလို့ခေါင်းစဉ်တပ်လိုက်ရခြင်းပါပဲ။ခေါင်းစဉ်ဖြစ်ပေါ်လာပုံရာဇဝင်ကိုသိသွားပြီဆိုရင်ဆက်ဖတ်ကြည့်ကြစို့နော်။

ထမင်းအသက် ခုနှစ်ရက် ရေအသက်တစ်မနက်ဆိုတဲ့ စကားလည်းအရှိသားမဟုတ်လား။ ဒီစကားရဲ့အဓိပ္ပာယ်ကတော့ထမင်းမစားပဲခုနှစ်ရက်လောက်နေနိုင်ပေမယ့် ရေမသောက်ပဲ တစ်မနက်တောင်မနေနိုင်ဘူးဆိုတဲ့အဓိပ္ပါယ်ပါ။လူသားမျိုးနွယ်အတွက် ရေရဲ့အကျိုးပြုမှုမှ တကယ်ကိုအရေးပါအရာရောက်တဲ့အပြင်မရှိမဖြစ်လိုအပ်တဲ့အခန်းကဏ္ဍမှာပါပါဝင်နေပါတယ်။ ရေကိုသာအဓိကထားသောက်ပေးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲလာမလဲဆိုတော့…..

 

တီထွင်ဖန်တီးနိုင်စွမ်းပိုကောင်းလာမယ်

ဒါက စိတ်ပဲကို ခန္ဓာကိုယ်နဲ့ဘာဆိုင်လို့တုန်းလို့မပြောခင် တီိထွင်ဖန်တီးနိုင်စွမ်းဆိုတာက ဦးနှောက်တစ်ဆင့်ထွက်ပေါ်လာတယ်ဆိုတာသတိပြုပါ။ ဦးနှောက်ဆိုတာက ခန္ဓာကိုယ်ရဲ့အဓိကအကျဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဦးနှောက်ဟာ သူ့ရဲ့ရှုပ်ထွေးပွေလီပြီးများပြားလှတဲ့ လုပ်ဆောင်ချက်တွေအတွက် အောက်ဆီိဂျင်အများအပြားလိုအပ်ပါတယ်။ အများအပြားဆိုတာထက် တော်တော်များများလိုအပ်တယ်လို့ဆိုရမှာပါ။ သိကြတဲ့အတိုင်း အသက်ရှုသွင်းနေကြတဲ့ အောက်ဆီဂျင်အပြင် ရေထဲမှာပါအောက်ဆီိဂျင်ပါဝင်လေတော့ ရေများများသောက်ပေးခြင်းက ဦးနှောက်အတွက်အောက်ဆီဂျင်ရရာရကြောင်းပံ့ပိုးပေးနေတာပါပဲ။ ဒါကြောင့် ရေများများသောက်မယ်၊အခြားဖျော်ရည်တွေမသောက်ပဲကင်းရှင်းနေတဲ့ခန္ဓာကိုယ်ကို ရေနဲ့အမြဲမပြတ်အားဖြည့်ပေးနေမယ်ဆိုခဲ့ရင် ဦးနှောက်ကိုကျေးဇူးပြုရာရောက်ပြီး ဦးနှောက်ကလည်း တီထွင်ဖန်တီးနိုင်စွမ်းတွေ အကြံကောင်းညဏ်ကောင်းတွေ အများအပြားထုတ်လုပ်ပေးခြင်းအားဖြင့် သင့်ကိုပြန်လည်ကျေးဇူးပြုပါလိမ့်မယ်။

 

အိုမင်းရင့်ရော်ခြင်းနှေးကွေးစေမယ်

အိုမင်းရင့်ရော်ခြင်းကို ကာလအပိုင်းအခြားအားဖြင့် ရပ်တန့််ထားချင်ကြတာ လူတော်တော်များများရဲ့ဘဝတစ်ပါးကိုမကူးပြောင်းမချင်းဖြစ်ပေါ်နေတတ်ကြတဲ့ဆန္ဒပါ။ ဒါကြောင့်ပဲ လတ်စတစ်ဆာဂျရီတွေ၊ကြိုးထိုးတာတွေ၊ကြွက်သားတင်းစေတဲ့ ဆေးထိုးတာတွေစုံပလုံစိနေအောင်ကိုမမောနိုင်မပန်းနိုင်လုပ်နေကြတာမဟုတ်လား၊ဒီရုပ်ကြီိးတစ်ခုအတွက်လေ။ရှေးကလူကြီးသူမတွေပြောတတ်တဲ့စကားတစ်ခွန်းရှိပါတယ်။ ရေကမအိုဆေးပဲတဲ့။ ငယ်ငယ်တုန်းကတော့ အဲ့ဒါမျိုးတွေကြားရင်ရယ်တာပေါ့။ဘယ့်နှယ့်ဒီလောက်နေ့တိုင်းသောက်ရင်းနဲ့အသက်တွေကြီိးလာတဲ့ဟာကို ရေကပဲမအိုဆေးဖြစ်ရဦးမလားပေါ့။ တကယ်တော့ အဲ့ဒီ့စကားဟာ ဆေးပညာအသိညဏ်နဲ့ ကြည့်ရင် မှန်ကြောင်းတွေ့ရမှာပါ။ လူ့ခန္ဓာကိုယ်ရဲ့နေ့တဓူဝလုပ်ငန်းဆောင်တာတော်တော်များများမှာရေဆိုတာမရှိမဖြစ်လိုအပ်ချက်တစ်ခုပါပဲ။ ရေက အသားအရည်ကိုကြည်လင်စေတယ်၊ကျန်းမာစေတယ်၊ငယ်ရွယ်နုပျိုစေတယ်၊ဒါ့အပြင် အတွင်းကလီစာတွေကိုလည်းသန့်စင်စေတဲ့အပြင် ကြွက်သားတွေကိုပါသန်မာစေပါတယ်။ ဒါကြောင့် သန့်စင်တဲ့ရေကို အမြဲမပြတ်သောက်သုံးပေးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်ရဲ့အိုမင်းရင့်ရော်ခြင်းလုပ်ငန်းစဉ်ကိုနှေးကွေးသွားစေမှာပါ။

 

ခန္ဓာကိုယ်ခုခံအားကောင်းမွန်စေတယ်

စလိုဗားကီးယန်း စကားပုံတစ်ခုကဒီလိုဆိုပါတယ်။ “သန့််စင်တဲ့ရေဟာ ကမ္ဘာကြီိးရဲ့အဦးဆုံးနဲ့အဓိကအကျဆုံး ဆေးဝါးပါပဲ”တဲ့။ ဒါက လုံးဝလုံးဝကို အပိုပြောနေခြင်းမဟုတ်တဲ့အမှန်တရားတစ်ခုပါ။ ရေက ခန္ဓာကိုယ်မှာအစဉ်သဖြင့်ဖြစ်ပေါ်နေတဲ့ အသစ်အသစ်သော လုပ်ဆောင်မှုတွေအတွက် အဓိကကျတဲ့ ဓာတ်တိုးပစ္စည်းအဖြစ် ဆောင်ရွက်ပါတယ်။ ရေကိုလုံလောက်စွာသောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အတွင်းက ကျောက်ကပ်နဲ့အသည်းလိုကလီစာတွေရဲ့လုပ်ငန်းဆောင်တာတွေကိုကူညီရာကျပါတယ်။ကျောက်ကပ်တို့အသည်းတို့ဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေအညစ်အကြေးတွေကိုစွန့်ထုတ်ပေးတဲ့ အစိတ်အပိုင်းတွေပါ။ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေမရှိမှလည်းသင်ကျန်းမာရေးဒေါင်ဒေါင်မြည်မှာပါ။

 

အရိုးတွေကိုသန်မာစေတယ်

ရေက ခန္ဓာကိုယ်ထဲကိုရောက်သွားပြီဆိုရင် အရိုးတွေကနေလည်းရေကိုစုပ်ယူပါတယ်။ အရိုးအဆစ်တွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့ နေရာတွေ၊ဥပမာဒူးဆစ်၊ ဒီလိုနေရာတွေကို ချောမွေ့လွယ်ကူစွာရွေ့လျားနိုင်အောင် ရေက ကူညီပေးပါတယ်။ ဒါ့အပြင် အရိုးနုတွေအရွတ်တွေကနေလည်းရေကိုစုပ်ယူထားပြီး လက်တွေခြေထောက်တွေကွေးတဲ့ဆန့််တဲ့နေရာမှာ ချောဆီလိုမျိုးအသုံးချတာကြောင့် ရေများများသောက်ခြင်းက လူခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေပေါ်မှာလည်း ကောင်းသော အကျိုးသက်ရောက်မှုရှိပါတယ်။

 

အဆီကျမယ်

ဒါကတော့ နောက်ဆုံးနဲ့ လူတွေအနှစ်သက်ဆုံး၊ကြားရတာအချိုမြိန်ဆုံးအချက်တစ်ချက်ဖြစ်ပါလိမ့်မယ်။ ရေသောက်တာအသားကျလာတဲ့အခါ ရေကခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ အညစ်အကြေးတွေကို သန့်စင်ပေးပြီးသားဖြစ်တာမို့ ခန္ဓာကိုယ်အတွက်အသုံးမဝင်တဲ့ အဆီတွေပါပါပါသွားမှာပါ။သိသိသာသာကျဆင်းနိုင်တဲ့အဆီကတော့ ဗိုက်နဲ့ခါးတစ်ဝိုက်ကအဆီတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ရေကိုအမြဲမပြတ်သောက်နေတာက သင့်ရဲ့အစားစားချင်စိတ်ကိုပါ အန္တရာယ်ကင်းတဲ့နည်းနဲ့ထိန်းချုပ်ပေးပါတယ်။ဒါကြောင့် ပြန်ဝလာတာတွေဘာတွေမဖြစ်စေပဲ ကျန်းမာလှပနေနိုင်မှာပါ။ရေသာပုံမှန်သောက်ရင်ပေါ့လေ။

ဒါတွေကတော့ ကိုယ်တိုင်ရေသောက်ခြင်းအားဖြင့်ရရှိလာနိုင်မယ့် လောကီအပိုင်းက ရေအကျိုးငါးပါးပဲဖြစ်ပါတယ်။ ဘာကြည့်နေတာလဲ ရေပြေးသောက်တော့လေ… 😛

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.