ပ်င္းရိထံုထိုင္းအိပ္ခ်င္ေနတဲ႔စိတ္ကုိ အခိ်န္တိုအတြင္း လန္းဆန္းတက္ၾကြသြားေစမယ့္နည္းလမ္းမ်ား

မ်ားေသာအားျဖင့္အလုပ္ခြင္၀င္ေနတုန္းမွာ အလုပ္ထဲကုိ စိတ္ပါ၀င္စားလို႔မရပဲ စိတ္က ပ်င္းရိေလးလံေနတာမ်ိဳး၊အားမရွိတာမ်ိဳးျဖစ္တတ္ပါတယ္။အဲ႔ဒီအခ်ိန္မွာစိတ္ကုိလန္းဆန္းတက္ၾကြေအာင္၊အားျပန္ျပည့္ေအာင္ဆုိျပီး အမ်ားဆံုးလုပ္တတ္ၾကတာကေတာ့ ေကာ္ဖီနဲ႔အခ်ိဳရည္ ေသာက္တာပါပဲ။ ေကာ္ဖီနဲ႔အခ်ိဳရည္ဆိုတာလည္း ေန႔တိုင္းေသာက္ရင္ က်န္းမာေရးအတြက္မေကာင္းပါဘူး။အဲ႔ဒါဆို ပ်င္းရိထုံထုိင္းေလးလံေနတဲ႔စိတ္ကုိ လန္းဆန္းသြားေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ႔ေမးခြန္းရွိလာပါျပီ။လြယ္လြယ္ေလးပါပဲ။ တကယ့္ကိုလြယ္လြန္းလို႔ ဟုတ္မွဟုတ္ရဲ႔လားလို႔ထင္ခ်င္စရာပါ။တကယ္လို႔ လုပ္ငန္းခြင္မွာျဖစ္ေစ၊အေရးၾကီးေတြ႔ဆံုရမယ့္အခ်ိန္မွာစိတ္ေတြထိုင္းမိႈင္းေနတာျဖစ္ေစ ျဖစ္လာျပီဆိုရင္ဒီလြယ္ကူတဲ႔အခ်က္ေလးေတြကုိ လက္ေတြ႔လုပ္ၾကည့္လိုက္ပါ။

၁)သံပုရာသီးတစ္ကုိက္ကိုက္လိုက္ပါ
သံပုရာသီးက လြယ္လြယ္ကူကူ၀ယ္လို႔အရဆံုးပါပဲ။အနီးအနားကေစ်း ဆုိင္ေတြမွာသံပရာသီးတစ္လံုး၀ယ္၊ျပီးရင္ေဖ်ာ္ေသာက္တာမ်ိဳးမလုပ္ပဲ တစ္ကုိက္သာ
ကုိက္စားလိုက္ပါ။စိတ္လန္းဆန္းတက္ၾကြသြားပါလိမ့္မယ္။

၂)ေရေအးေအးေလးနဲ႔မ်က္ႏွာသစ္လုိက္ပါ
စိတ္ကပ်င္းေနတဲ႔အျပင္ မ်က္ခြံေတြပါ ေလးလံလာျပီဆိုရင္ျဖင့္ မ်က္ႏွာကို ေရေအးေအးေလးနဲ႔သာ အေျပးသြားသစ္လုိက္ပါ။ေရေအးက သင့္ရဲ ႔မ်က္ႏွာကိုေအးျမလန္းဆန္းသြားေစျပီး စိတ္ကုိပါ ျပန္လည္လန္းဆန္းလာေစပါတယ္။ေရခဲေသတၱာထဲမွာထည့္ထားတဲ႔ေရခဲအိတ္ေလးေတြနဲ႔မ်က္ႏွာကုိကပ္ေပးတာလည္းလုပ္လို႔ရပါတယ္။

၃)လက္ေကာက္၀တ္ကုိေရေအးေလာင္းခ်ပါ
မ်က္ႏွာသစ္ဖုိ႔ အေျခအေနမေပးဘူးဆိုရင္ အလြယ္ဆံုးက သင့္ရဲ ႔လက္ေကာက္၀တ္ကေနစကာ ေရခဲေရေအးေအးေလးေလာင္းခ်လုိက္ပါတဲ႔။အဲ႔ဒါက သင့္ရဲ ႔ပ်င္းရိေနတဲ႔စိတ္ကုိ ျပန္ျပီးတက္ၾကြလန္းဆန္းလာေစပါတယ္။

၄)နားကုိႏွိပ္နယ္ပါ
ခႏၶာကိုယ္ၾကီးရဲ ႔ထူးဆန္းတဲ႔ဆက္ႏြယ္မႈေတြကေတာ့ ေျပာရင္ကုန္မွာမဟုတ္ပါဘူး။သင့္ရဲ ႔ပ်င္းရိထံုထိုင္းေလးလံေနတဲ႔စိတ္ကုိ ျပန္လည္လန္းဆန္းတက္ၾကြေစဖို႔
နားႏွစ္ဖက္ကုိ ႏွိပ္နယ္ေပးပါတဲ႔။ဒါက သင့္ကုိႏုိးႏုိးၾကားၾကားျဖစ္လာေစပါတယ္။

၅)အားနဲ႔သမ္းေ၀ပါ
သမ္းတာေတာင္ အားနဲ႔သမ္းေ၀တာရွိေသးလား ေမးစရာပါပဲ။ပ်င္းရိတဲ႔အခါျဖစ္ေစ၊ ပင္ပန္းတဲ႔အခါျဖစ္ေစ၊အိပ္ခ်င္လာတဲ႔အခါျဖစ္ေစ သမ္းေ၀တတ္ၾကပါတယ္။ဒီလို
သမ္းေ၀တဲ႔အခါမွာ ပံုမွန္ထက္ အားနည္းနည္းေလးထည့္ျပိးသမ္းေ၀ေပးတာက သင့္ရဲ ႔ဦးေနွာက္ကို သဘာ၀အတိုင္းလန္းဆန္းတက္ၾကြလာေစပါတယ္တဲ႔။

၆)တစ္ခုခု၀ါးပါ
ပူရွိန္းရနံ႔ပါ၀င္တဲ႔ပီေက၀ါးတာကလည္း သင့္ရဲ ႔စိတ္ကုိလန္းဆန္းေစပါတယ္။အားျပင္းျပင္းနဲ႔၀ါးေလ ပ်င္းရိေနတဲ႔စိတ္ေတြေပ်ာက္ကြယ္ေလပါတဲ႔။ၾကက္သြန္နီအစိမ္း၀ါးေပးရင္လည္း အိပ္ခ်င္ေနတဲ႔စိတ္ေတြေျပေပ်ာက္ေစတယ္လို႔သိရပါတယ္။

၇)အေၾကာဆန္႔ပါ
အိပ္ငိုက္လာျပီ၊ဦးေႏွာက္ထဲမွာ ဘာမွစဥ္းစားလုိ႔မရေတာ့ဘူး၊အာရံုစိုက္လုိ႔မရေတာ့ဘူးဆိုရင္ ေကာ္ဖီတစ္ခြက္ထေဖ်ာ္မယ့္အစား ကုိယ္လက္ေလ့က်င့္ခန္းေလး
အခါ ၂၀ေလာက္ျဖစ္ေစလုပ္လုိက္ပါ။အဲ႔ဒါက သင့္ရဲ ႔စိတ္ကုိေရာ၊ခႏၶာကုိယ္ကုိပါ တက္ၾကြလန္းဆန္းလာေစပါတယ္။အျမဲတမ္းေကာ္ဖီကုိပဲ အားမကုိးပါနဲ႔။

Unicode

များသောအားဖြင့်အလုပ်ခွင်ဝင်နေတုန်းမှာ အလုပ်ထဲကို စိတ်ပါဝင်စားလို့မရပဲ စိတ်က ပျင်းရိလေးလံနေတာမျိုး၊အားမရှိတာမျိုးဖြစ်တတ်ပါတယ်။အဲ့ဒီအချိန်မှာစိတ်ကိုလန်းဆန်းတက်ကြွအောင်၊အားပြန်ပြည့်အောင်ဆိုပြီး အများဆုံးလုပ်တတ်ကြတာကတော့ ကော်ဖီနဲ့အချိုရည် သောက်တာပါပဲ။ ကော်ဖီနဲ့အချိုရည်ဆိုတာလည်း နေ့တိုင်းသောက်ရင် ကျန်းမာရေးအတွက်မကောင်းပါဘူး။အဲ့ဒါဆို ပျင်းရိထုံထိုင်းလေးလံနေတဲ့စိတ်ကို လန်းဆန်းသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းရှိလာပါပြီ။လွယ်လွယ်လေးပါပဲ။ တကယ့်ကိုလွယ်လွန်းလို့ ဟုတ်မှဟုတ်ရဲ့လားလို့ထင်ချင်စရာပါ။တကယ်လို့ လုပ်ငန်းခွင်မှာဖြစ်စေ၊အရေးကြီးတွေ့ဆုံရမယ့်အချိန်မှာစိတ်တွေထိုင်းမှိုင်းနေတာဖြစ်စေ ဖြစ်လာပြီဆိုရင်ဒီလွယ်ကူတဲ့အချက်လေးတွေကို လက်တွေ့လုပ်ကြည့်လိုက်ပါ။

၁)သံပုရာသီးတစ်ကိုက်ကိုက်လိုက်ပါ
သံပုရာသီးက လွယ်လွယ်ကူကူဝယ်လို့အရဆုံးပါပဲ။အနီးအနားကစျေး ဆိုင်တွေမှာသံပရာသီးတစ်လုံးဝယ်၊ပြီးရင်ဖျော်သောက်တာမျိုးမလုပ်ပဲ တစ်ကိုက်သာ
ကိုက်စားလိုက်ပါ။စိတ်လန်းဆန်းတက်ကြွသွားပါလိမ့်မယ်။

၂)ရေအေးအေးလေးနဲ့မျက်နှာသစ်လိုက်ပါ
စိတ်ကပျင်းနေတဲ့အပြင် မျက်ခွံတွေပါ လေးလံလာပြီဆိုရင်ဖြင့် မျက်နှာကို ရေအေးအေးလေးနဲ့သာ အပြေးသွားသစ်လိုက်ပါ။ရေအေးက သင့်ရဲ ့မျက်နှာကိုအေးမြလန်းဆန်းသွားစေပြီး စိတ်ကိုပါ ပြန်လည်လန်းဆန်းလာစေပါတယ်။ရေခဲသေတ္တာထဲမှာထည့်ထားတဲ့ရေခဲအိတ်လေးတွေနဲ့မျက်နှာကိုကပ်ပေးတာလည်းလုပ်လို့ရပါတယ်။

၃)လက်ကောက်ဝတ်ကိုရေအေးလောင်းချပါ
မျက်နှာသစ်ဖို့ အခြေအနေမပေးဘူးဆိုရင် အလွယ်ဆုံးက သင့်ရဲ ့လက်ကောက်ဝတ်ကနေစကာ ရေခဲရေအေးအေးလေးလောင်းချလိုက်ပါတဲ့။အဲ့ဒါက သင့်ရဲ ့ပျင်းရိနေတဲ့စိတ်ကို ပြန်ပြီးတက်ကြွလန်းဆန်းလာစေပါတယ်။

၄)နားကိုနှိပ်နယ်ပါ
ခန္ဓာကိုယ်ကြီးရဲ ့ထူးဆန်းတဲ့ဆက်နွယ်မှုတွေကတော့ ပြောရင်ကုန်မှာမဟုတ်ပါဘူး။သင့်ရဲ ့ပျင်းရိထုံထိုင်းလေးလံနေတဲ့စိတ်ကို ပြန်လည်လန်းဆန်းတက်ကြွစေဖို့
နားနှစ်ဖက်ကို နှိပ်နယ်ပေးပါတဲ့။ဒါက သင့်ကိုနိုးနိုးကြားကြားဖြစ်လာစေပါတယ်။

၅)အားနဲ့သမ်းဝေပါ
သမ်းတာတောင် အားနဲ့သမ်းဝေတာရှိသေးလား မေးစရာပါပဲ။ပျင်းရိတဲ့အခါဖြစ်စေ၊ ပင်ပန်းတဲ့အခါဖြစ်စေ၊အိပ်ချင်လာတဲ့အခါဖြစ်စေ သမ်းဝေတတ်ကြပါတယ်။ဒီလို
သမ်းဝေတဲ့အခါမှာ ပုံမှန်ထက် အားနည်းနည်းလေးထည့်ပြိးသမ်းဝေပေးတာက သင့်ရဲ ့ဦးနှောက်ကို သဘာဝအတိုင်းလန်းဆန်းတက်ကြွလာစေပါတယ်တဲ့။

၆)တစ်ခုခုဝါးပါ
ပူရှိန်းရနံ့ပါဝင်တဲ့ပီကေဝါးတာကလည်း သင့်ရဲ ့စိတ်ကိုလန်းဆန်းစေပါတယ်။အားပြင်းပြင်းနဲ့ဝါးလေ ပျင်းရိနေတဲ့စိတ်တွေပျောက်ကွယ်လေပါတဲ့။ကြက်သွန်နီအစိမ်းဝါးပေးရင်လည်း အိပ်ချင်နေတဲ့စိတ်တွေပြေပျောက်စေတယ်လို့သိရပါတယ်။

၇)အကြောဆန့်ပါ
အိပ်ငိုက်လာပြီ၊ဦးနှောက်ထဲမှာ ဘာမှစဉ်းစားလို့မရတော့ဘူး၊အာရုံစိုက်လို့မရတော့ဘူးဆိုရင် ကော်ဖီတစ်ခွက်ထဖျော်မယ့်အစား ကိုယ်လက်လေ့ကျင့်ခန်းလေး
အခါ ၂ဝလောက်ဖြစ်စေလုပ်လိုက်ပါ။အဲ့ဒါက သင့်ရဲ ့စိတ်ကိုရော၊ခန္ဓာကိုယ်ကိုပါ တက်ကြွလန်းဆန်းလာစေပါတယ်။အမြဲတမ်းကော်ဖီကိုပဲ အားမကိုးပါနဲ့။

592 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.