သင်ရွေးချယ်လိုက်တဲ့အဖြေကပြောပြနေတဲ့ သင့်ဘ၀ရဲ့ အရေးကြီးဆုံးအရာ
၅။ဖုန်းကလည်း လာနေတယ်
၎)အိမ်ရှေ့ကိုသွားပြီးတံခါးသွားဖွင့်ပေးမယ်ဆိုရင် သင့်ရဲ့ ဘ၀မှာအရေးအကြီးဆုံးက သူငယ်ချင်းတွေနဲ့ဆွေမျိုးသားချင်းတွေပါပဲ။
Unicode
သင့်ဘဝရဲ ့အရေးကြီးဆုံးအရာက ဘာများပါလိမ့်?မိသားစုလား? ချစ်သူလား? စီးပွားရေးလား? ပညာရေးလား? သင့်ကိုယ်သင် မဖြေခင် ဒီမေးခွန်းလေးတွေကို အရင်ဖြေကြည့်ပါလား။ သင့်ဘဝရဲ ့အရေးကြီးဆုံးအရာက ဘာလဲဆိုတာ ဒီမေးခွန်းရဲ့အဖြေလေးတွေက ပြောပြပေးသွားပါလိမ့်မယ်။
စဉ်းစားကြည့်လိုက်ပါ။သင့်မှာ အခုချက်ချင်းထလုပ်မှဖြစ်မယ့်အခြေအနေ တစ်ခုရောက်နေပြီဆိုပါတော့။ဥပမာ
၁။ရှိုက်ကြီးတငင် သည်းသည်းမဲမဲငိုနေတဲ့ကလေးကိုချော့ရမယ်
၂။မိုးရွာနေပြီမို့လို့ အပြင်မှာလှန်းထားတဲ့အဝတ်အစားတွေကို ရုတ်ရတော့မယ်
၃။မီးဖိုချောင်ထိတောင်ရေတွေစီးလာလို့ ဖွင့်ထားတဲ့ရေပန်းခလုတ်ကိုပိတ်ရမယ်
၄။အိမ်ရှေ့ကနေ တစ်ယောက်ယောက်တံခါးလာခေါက်လို့ဖွင့်ပေးရမယ်
၅။ဖုန်းကလည်း လာနေတယ်
ဒီ ငါးခုထဲက သင်ရွေးချယ်ရမယ်ဆိုရင် ပထမဆုံးသင်ချက်ချင်းထလုပ်မယ့်အရာက ဘာများလဲ?
ဖြေပြီးပြီဆိုရင်တော့ သင့်ရဲ ့အဖြေကနေတစ်ဆင့် သင့်ဘဝရဲ့အရေးကြီးဆုံးအရာက ဘာလဲ ကြည့်လိုက်ရအောင်။
၁)သင်ပထဆုံးရွေးချယ်လိုက်တဲ့အလုပ်က ကလေးငယ်လေးကိုတိတ်အောင်ချော့မြူဖို့ဆိုရင် သင့်ရဲ ့ဘဝမှာ အရေးအကြီးဆုံးက မိသားစုပါတဲ့။
၂)အဝတ်တွေရုတ်ဖို့ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင့်ရဲ ့ဘဝမှာအရေးအကြီးဆုံးအရာက အချစ်နဲ့အိမ်ထောင်ရေးပါတဲ့။
၃)ရေပိုက်ခေါင်းကိုပိတ်ဖို့အရင်ဆုံးသွားမယ်ဆိုရင်တော့ ငွေက သင့်ရဲ ့ဘဝမှာအရေးကြီးဆုံးအရာပါတဲ့။
၄)အိမ်ရှေ့ကိုသွားပြီးတံခါးသွားဖွင့်ပေးမယ်ဆိုရင် သင့်ရဲ ့ဘဝမှာအရေးအကြီးဆုံးက သူငယ်ချင်းတွေနဲ့ဆွေမျိုးသားချင်းတွေပါပဲ။
၅)နောက်ဆုံး သင်က ဖုန်းကိုအရင်ဖြေခဲ့မယ်ဆိုရင် သင့်ရဲ့အလုပ်ကသာ သင့်ဘဝအတွက်အရေးအကြီးဆုံးအရာပဲလို့ ဖော်ပြနေပါတယ်။
သင်ရွေးချယ်တဲ့အဖြေနဲ့သင့်ဘဝရဲ ့အရေးကြီးဆုံးအရာ ထပ်တူကျရဲ့လား?
355 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.