ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့မှာ သင့်ချစ်သူကိုမေးသင့်တဲ့မေးခွန်းတွေ

ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့အချိန်ဆိုတာ သင်တို့ချစ်သူဘဝရဲ့တစ်ဆစ်ချိုးပြောင်းလဲချိန်ဆိုလည်း မမှားပါဘူး။ သိပ်ပြီးအလေးအနက်မထားတဲ့သူတွေ၊တစ်ယောက်နဲ့တစ်ယောက်ချစ်တာပဲရှိပြီး အဆင်ပြေအောင်ညှိမယူနိုင်သူတွေ၊ကံမစပ်သူတွေဟာ လေးငါးခြောက်လနဲ့ကွဲလေ့ရှိပြီး အမှန်တကယ်ကိုအနွံအတာခံပြီး ချစ်မြတ်နိုးမှသာတစ်နှစ်အထိမြဲကြတာပါ။တစ်နှစ်ကိုကျော်သွားပြီဆိုရင် သုံးလေးငါးနှစ်ဆိုတာခဏလေးလို့ထင်ရစေမှာပါပဲ။ဒါကြောင့် ဘဝမှာအချိန်တွေအများကြီးအတူဖြတ်သန်းရမယ့်သူတစ်ယောက်အနေနဲ့ သူကသင်နဲ့ဖူးစာပါသူဟုတ်မဟုတ် ဒီမေးခွန်းလေးတွေမေးပြီး သူ့အဖြေကိုဆန်းစစ်ခြင်းဖြင့် ဆုံးဖြတ်ကြည့်လို့ရပါတယ်။

 

သူက သင်နဲ့အတူအနာဂတ်တစ်ခုတည်ဆောက်ဖို့စိတ်ကူးရှိလား

ချစ်သူသက်တမ်းလပိုင်းလောက်မှာ အနာဂတ်အကြောင်းပြောတာဟာ ရယ်စရာဖြစ်ပေမယ့် ချစ်သူသက်တမ်းတစ်နှစ်ပြည့်ပြီးရင်တော့သေချာပေါက်ကိုပြောသင့်ပါပြီ။တစ်နှစ်တိတိကိုယ့်အချိန်တွေဖဲ့ပေးခဲ့ရသူတစ်ယောက်အနေနဲ့ သူ့မှာ သင်နဲ့အတူအနာဂတ်ကိုတည်ဆောက်ဖို့စိတ်ကူးရှိမရှိ သင်သိထားသင့်ပါတယ်။အနာဂတ်အကြောင်းပြောဖို့စောပါသေးတယ်ကွာဆိုရင်တော့ တစ်နှစ်ဆိုတဲ့အချိန်ဟာ အလဟဿဖြစ်သွားပြီလို့သာမှတ်လိုက်ပါတော့။ အနာဂတ်အကြောင်းကိုအသေးစိတ်ကအစဝေဝေဆာဆာပြောနေပြီဆိုရင်လည်း လိမ်နေတာ၊လျှာအရိုးမရှိလျှောက်ပြောနေတာဖြစ်နိုင်လို့ပိုပြီးသတိထားသင့်ပါတယ်။ဖြစ်သင့်တာက သင်နဲ့ဖြတ်သန်းရမယ့်ဘဝလမ်းအတွက် ပုံကြမ်းခြစ်ထားသင့်တာပါ။ ဘယ်နှစ်နှစ်လောက်ကြာရင်လက်ထပ်ကြမယ် ဘာညာပေါ့။

 

သင့်အပေါ်မြင်တဲ့အမြင်

သင့်မှာသူမကြိုက်တဲ့အချက်တစ်ခုတစ်လေကစလို့အများကြီးရှိနေနိုင်ပါတယ်။ချစ်သူဖြစ်စမှာတော့ ကိုယ့်အချစ်နဲ့ အရာရာကိုအကောင်းအတိုင်းဖြစ်စေမယ်ဘာညာဆိုပြီး အပြစ်အနာအဆာတွေကိုမျက်စိမှိတ်ထားပေးလို့ရမှာပေမယ့် ချစ်သူသက်တမ်းကြာရင့်လာတဲ့အခါ အစကမမြင်ခဲ့တဲ့အပြစ်တွေကိုထိုက်သင့်သလောက်မြင်လာမှာပါ။အဲ့ဒီ့အခါ ရန်တွေဖြစ်ပြီးအချစ်လျော့လာမှာကလည်းသဘာဝပါပဲ။ဒါကြောင့် သင့်အနေနဲ့ သူနဲ့အတူဘဝကိုတည်ဆောက်ဖို့စိတ်ကူးရှိရင် သင့်ရဲ့သူမကြိုက်တဲ့အပြုအမူတွေအကျင့်စရိုက်တွေကို ပြင်ဖို့ရာမေးထားသင့်ပါတယ်။ သူ့ကိုလည်းသင်မကြိုက်တာတွေတဖြည်းဖြည်းချင်းပြင်ပေးဖို့ပြောထားနိုင်ပါတယ်။

 

သူ့မိဘတွေနဲ့ဘယ်တော့မိတ်ဆက်ပေးမှာလဲ

မိဘတွေနဲ့မိတ်ဆက်ပေးထားလို့မကွဲတော့ဘူးလားဆိုတာတော့မဟုတ်ပေမယ့် မိဘတွေနဲ့မိတ်ဆက်ပေးတယ်ဆိုတာ လေးစားတန်ဖိုးထားခြင်းပြယုဂ်ပါ။ဒါကြောင့် ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့မှာ သင့်ကိုသူ့မိဘတွေနဲ့ဘယ်တော့မိတ်ဆက်ပေးမှာလဲဆိုတာ မေးကြည့်သင့်ပါတယ်။သူ့အနေနဲ့ သင့်ကိုမိတ်ဆက်မပေးချင်သေးတဲ့ပုံ အင်တင်တင်လုပ်နေပြီဆိုရင်တော့ သူနဲ့အတူဘဝကိုဖြတ်သန်းမယ်ဆိုတဲ့သင့်ဆုံးဖြတ်ချက်ကိုလည်း ပြန်လည်စဉ်းစားသင့်ပါပြီိ။

 

သူ့ရဲ့အရေးကြီးတဲ့လျို့ဝှက်ချက်တွေ

လူတိုင်းလူတိုင်းမှာဘယ်သူ့ကိုမှပြောမပြဖြစ်တဲ့ ဘဝနဲ့ချီတဲ့အရေးကြီးတဲ့လျို့ဝှက်ချက်တွေတော့ရှိကြစမြဲပါပဲ။ ချစ်သူသက်တမ်းနုစဉ်ကာလမှာတော့ ဒီလိုလျို့ဝှက်ချက်တွေကိုစပ်စပ်စုစုမေးတာလည်းမကောင်းသလို မမေးပဲပြောပြထားတာလည်းမကောင်းပါဘူး။သို့ပေမယ့် တစ်နှစ်ဆိုတဲ့ချစ်သူသက်တမ်းဟာ သိပ်ကိုနုနယ်ငယ်ရွယ်သေးတဲ့အထိအခိုက်မခံတဲ့ ကာလအပိုင်းအခြားတစ်ခုမဟုတ်တော့တာကြောင့် တစ်ယောက်ရဲ့အမှောင်ဘက်ခြမ်းကိုတစ်ယောက်ကသိသင့်သလောက်သိနေရမယ့်အချိန်ပါ။ ဒါပေမယ့်လျို့ဝှက်ချက်ဟာဘယ်လောက်အရေးကြီးသလဲဆိုတာနဲ့အညီ ဖွင့်ပြောပြခြင်းတွေမှာလည်း သူ့အခြေအနေအချိန်အခါနဲ့ရှိတာမို့ မပြောပြတာနဲ့ သူကသစ္စာမရှိဘူးလို့တော့စွပ်စွဲလို့မရပါဘူး။ကိုယ်ချင်းစာပါ။

ဒီမေးခွန်းတွေဟာ ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့မှာသင့်ချစ်သူကိုသေချာပေါက်မေးသင့်တဲ့မေးခွန်းတွေဖြစ်ပါတယ်။ စိတ်ကျေနပ်ပျော်ရွှင်ဖွယ်အဖြေများရကြပါစေ။

Unicode Format


 



 



 



 



 


 

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.