ချစ်ရသူနဲ့ မသိသာသိစိတ်ချင်းဆက်သွယ်နေလားဆိုတာ တစ်ချို့ တိုက်ဆိုင်တဲ့ အပြုမူလေးတွေဟာ သတိမထားမိပေမယ့် ထပ်ခါ ထပ်ခါလုပ်မိနေတဲ့အခါ ဒါဟာတိုက်ဆိုက်တာမဟုတ်ပဲ စိတ်ချင်းဆက်သွယ်မိနေပြီဆိုတာ သတိချပ်သင့်ပါပြီ။ ကိုယ်နဲ့သူ့ကြား ဘယ်လိုစိတ်ချင်းဆက်သွယ်နေလဲဆိုတာ ဒီလက္ခဏာတွေကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
အပြုံး
ချစ်သူတွေကြားမှာတော့ တစ်ယောက်ပျော်ရွှင်နေတာမြင်ရင် နောက်တစ်ယောက်လည်းစိတ်ချမ်းသာနေတာ သဘာဝပါ။ သူကလည်း ဒီနေ့ပျော်စရာကိစ္စတစ်ခုနဲ့ကြုံရတယ်။ သင်ကလည်း အလိုလိုနေရင်း ဒီနေ့မှ စိတ်ချမ်းသာနေတယ်။ အဲ့ဒီနေ့မှာ နှစ်ယောက်သားတွေ့လိုက်ရင် တစ်ယောက်အပျော် တစ်ယောက်ကူးစက်ပြီး ကြည်နူးလို့ဆုံးမှာမဟုတ်ပါဘူး။
ရင်းနှီးနွေးထွေးမှု
ချစ်သူတိုင်းလည်း ရင်းနှီးနွေးထွေးမှုမရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက်က အချိန်တွေအကြာကြီးတွဲမှ ရင်းနှီးမှုဆိုတာကိုရရှိတာမဟုတ်ပါဘူး။စရိုက်၊ ဗီဇတွေတူရင် အချိန်ခဏလေးအတွင်းမှာတင် အရမ်းရင်းနှီးနွေးထွေးတဲ့လူတွေအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။ ဒါဟာ ရှေးယခင်ကဆုံမှတ်ခဲ့တဲ့ ရေစက်တွေကြောင့်လည်းဖြစ်နိုင်သလို၊ တကယ်ဖူးစာပါရင် ဒီလိုထူးထူးခြားခြား တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေတဲ့ခံစားချက်ကို ခံစားမိကြပါတယ်။
အခြား ဆက်နွယ်မှုများ
ကိုယ်က သူ့ကိုဖုန်းခေါ်မလို့ စဉ်းစားနေတုန်း သူ့ဆီကချက်ချင်း ဖုန်းလာတာတို့။ တကယ်ချစ်သွားတဲ့အခါ စိတ်ချင်းအလိုလိုဆက်သွယ်နိုင်တယ်ဆိုတာ ရှင်းပြဖို့ရှုပ်ထွေးပေမယ့် စိတ်ပညာရှင်များကတော့ တကယ်ရှိနေကြောင်းအခိုင်မာဆိုထားပါတယ်။ ရယ်မောစရာဟာသတွေကို အတူတူတစ်ထိုင်တည်းပြောနိုင်တာမျိုးတွေပေါ့။ သူပြောတာကိုယ်ရယ်၊ ကိုယ်ပြောတာ သူရယ်၊ ဘာကိုသဘောကျလို့ ကျမှန်းမသိ ၊ ဒါပေမယ့် အဲ့လိုထိုင်ပြောနေရရင် စိတ်ထဲ ဖော်ပြလို့မရအောင် အရမ်းပျော်စရာကောင်းတယ်ဆိုတာ သိကြမှာပါ။ သူနဲ့အတူရှိနေရင် စိတ်ထဲ သက်တောင့်သက်သာဖြစ်ပြီး တစ်လောကလုံးကိုမှာ ကိုယ်တို့နှစ်ယောက်သာရှိနေသလို ခံစားရပါတယ်။ တစ်ခုခုစားမယ်၊ ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုတာကအစ နှစ်ယောက်သား နှစ်ခါပြောစရာမလိုအောင် တူညီနေတာမျိုးတွေကြုံဖူးကြမှာပါ။ ဒါဟာ တစ်ယောက်သွားလို့ တစ်ယောက်ကလိုက်ချင်တာဆိုတာထက် အဲ့ဒီနေရာဟာ နှစ်ယောက်လုံးသွားချင်တဲ့နေရာဖြစ်နေလို့ပါပဲ။ သင့်မှာလည်း စိတ်ချင်းဆက်သွယ်နေတဲ့ ချစ်သူရှိနေပြီဆိုရင် သူမြင်အောင် မန်းရှင်းခေါ်ပြလိုက်ဦးနော် ! <3