Slipknot အဖွဲ့ဟာ Durmmer Joey Jordison နဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အံ့သြတုန်လှုပ်စရာသတင်းကို ဒီဇင်ဘာလကကြေငြာခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ အဲဒီ့သတင်းကြောင့် အံ့သြတုန်လှုပ်သွားခဲ့သူကတော့ Joey ကိုယ်တိုင်ဖြစ်နေပုံရပါတယ်။
ဇန်န၀ါရီ ၁ ရက်နေ့ Joey ရဲ့ Facebook မှာတင်ခဲ့တဲ့ ကြေငြာချက်တစ်ခုမှာတော့ အဲ့ဒီ့အံ့အားသင့်ဖွယ်ကြေငြာချက်နဲ့ ပါတ်သတ်ပြီး ပထမဆုံးလူသိရှင်ကြား မှတ်ချက်ပေးသွားခဲ့တာဖြစ်ပါတယ်။ သူဝိုင်းကထွက်ခွာသွားတာမဟုတ်ကြောင်း၊ ဒီဆုံးဖြတ်ချက်ကြောင့် ထိပ်လန့်တုန်လှုပ်သွားရကြောင်း အခိုင်အမာဆိုထားပါတယ်။ Slipknot ရဲ့မူရင်းကြေငြာချက်မှာလိုပဲ သူဝိုင်းကထွက်ခွာသွားတဲ့ ကိစ္စနဲ့ပါတ်သတ်ပြီးလွတ်လပ်စွာပြောခွင့်မရှိကြောင်း ပရိတ်သတ်တွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့်သူ့ရဲ့ထုတ်ဖေါ်ပြောကြားမှုက ဒီထွက်ခွာခဲ့မှုနဲ့ပါတ်သတ်တဲ့ သတင်းသဲလွန်စတစ်ခုကို ပေးနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ကြေငြာချက်ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
“ကျွန်တော့်ပရိတ်သတ်များ၊ သူငယ်ချင်းများနှင့် လုပ်ဖေါ်ကိုင်ဖက်များသို့
Slipknot ကထွက်ခွာခဲ့မှုနဲ့ပါတ်သတ်တဲ့ မကြာသေးခင်းကပေါ်ပေါက်ခဲ့တဲ့ ကောလဟာလတွေ၊ အထင်အမြင်တွေအကြောင်းပြောပြီး နှစ်သစ်ကိုစတင်ချင်ပါတယ်။ ကျွန်တော် Slipknot ကထွက်ခဲ့တာမဟုတ်ဘူးဆိုတာကို ရှင်းလင်းအောင်ပြောပြချင်ပါတယ်။ ဒီဝိုင်းဟာပြီးခဲ့တဲ့ ၁၈နှစ်တာအတွင်း ကျွန်တော့်ရဲ့ဘ၀ဖြစ်လာခဲ့တာပါ။ ပြီးတော့ ကျွန်တော်ဒီဝိုင်းကို ဒါမှမဟုတ် ကျွန်တော့်ပရိတ်သတ်တွေကို ဘယ်တော့မှစွန့်ခွာခဲ့မှာမဟုတ်ပါဘူး။ ခင်ဗျားတို့လိုပဲ ဒီသတင်းကကျွန်တော့်ကို ထိပ်လန့်တုန်လှုပ်စေပြီး ခြုံခိုတိုက်ခိုက်တာခံရတာပါ။ ကျွန်တော်အများကြီးပြောပြချင်ပေမယ့် အခုအချိန်မှာ ကျွန်တော်အသံတိတ်နေရမှာဖြစ်ပါတယ်။ ဘယ်တော့မှလျော့မသွားတဲ့ ချစ်ခြင်းတွေ အားပေးမှုတွေအတွက် ခင်ဗျားတို့အားလုံးကိုကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပြီးတော့ အားလုံးကို အလွန်ပျော်ရွှင်စရာကောင်းပြီး ကျန်းမာတဲ့နှစ်သစ်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်” လို့ဆိုပါတယ်။
Ref:loudwire