ဘီယာသောက်ခြင်းက သင့်ကျန်းမာရေးကို ဘာကြောင့်ကောင်းမွန်စေနိုင်တာလဲ?

ကမ္ဘာပေါ်မှာ လူသောက်အများဆုံးနဲ့ လူကြိုက်အများဆုံး အရည်တစ်မျိုး ၊ အထူးသဖြင့် ဥရောပနဲ့ မြောက်အမေရိက မြောက်ပိုင်းတွေမှာ ပိုမိုမှီဝဲသောက်သုံးကြပါတယ်။သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားလေးဘာလေးစမြည်ပြောရင်း ဘီယာလေး တစ်ခွက် ၊ နှစ်ခွက်လောက် တစ်မြုံမြုံသောက်ပြီးပြောရတာလည်း အလေ့ထတစ်ခုလိုဖြစ်လာပါပြီ။ဒါမှလည်း စကားပြောလို့ကောင်းမှာကိုး။ ဘီယာကို ကျန်းမာရေးအတွက် ဘာကြောင့် မှီဝဲသင့်လဲဆိုတာကို သူငယ်ချင်းတွေကိုလည်း လက်တို့လိုက်ပါဦးနော်….

ဘီယာမှာ antioxidants ၊ ပရိုတိန်းနဲ့ ဗီတာမင် ဘီပါဝင်ပါတယ်။ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်အောင် အဓိကလုပ်ဆောင်ပေးတဲ့ flavonoids နဲ့ Minerals ဓာတ်တွေများစွာပါဝင်ပါတယ်။ ဘီယာက ကျန်းမာရေးအတွက်လိုအပ်တဲ့အကျိုးထောက်ပံ့မှုတွေကို ထိန်းညှိပေးနိုင်ပါတယ်။ ဘယ်လိုအကျိုးထောက်ပံ့မှုတွေလဲဆိုတော့…

  • ဘီယာတစ်ခွက်က ကျောက်ကပ်မှာ ကျောက်တွယ်ခြင်းကို ၄ဝရာခိုင်နှုန်းလျော့ချပေးနိုင်တာကြောင့် ကျောက်ကပ်ရောဂါဖြစ်မှာကိုစိတ်ပူစရာမလိုပါဘူး။
  • မကောင်းတဲ့ ကိုလက်စထရောတွေကိုလျော့ကျစေပြီး အမျှင်ဓာတ်တွေကြွယ်ဝစေပါတယ်။
  • B12, B6, B2 နဲ့ B1 တို့ကြွယ်ဝစွာပါဝင်တာကြောင့် ဘီယာသောက်သုံးသူဟာ ဝိုင်သောက်သုံးသူထက် Vitamin 6 levels မြင့်တက်မှုကို ပိုခံစားရမှာဖြစ်ပါတယ်။
  • ဘီယာသောက်သုံးခြင်းဖြင့် စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်းနဲ့ အယ်ဇိုင်းမားရောဂါတွေကို ကာကွယ်ပေးနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်း တိုက်ထုတ်ပေးနိုင်တယ်။ ကျန်းမာရေးပညာရှင်များကတော့ တစ်နေ့ကိုနှစ်ခွက်လောက်သောက်သုံးပေးနိုင်ပါတယ်တဲ့။

  • အရေပြားကိုကြည်လင်တောက်ပလာစေပြီး ငယ်ရွယ်နုပျို အရွယ်တင်စေပါတယ်။ ညဘက်အိပ်မပျော်သူများလည်း ဘီယာက နှစ်ခြိုက်စွာအိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
  • ညသန်းခေါင်ယံအချိန် ရင်ပူရင်ဆာဖြစ်ခြင်းကို ၄၀ – ၆၀ ရာခိုင်နှုန်းထိသက်သာစေပါတယ်။အရိုးဆစ်တွေလည်း သန်မာစေပါတယ်။ ကဲ.. ဘီယာချစ်သူများတော့ ဒါဖတ်ပြီးရင် ပြုံးပြုံးကြီးပီတိဖြာနေတော့မယ်ဟုတ်… ဘီယာမကြိုက်သူများလည်း အတင်းသောက်ဖို့ မတိုက်တွန်းပါဘူး။ အခြားကျန်းမာရေးအတွက်ကောင်းတာတွေလည်း ရှိတာမှန်ပေမယ့် ဒါလေးက ဆေးလည်းဖြစ် ၊ ကျန်းမာရေးလည်းကောင်းစေဆိုတော့ ပိုအကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်။
51 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.