ကြောင်လေးတစ်ကောင် အခုချက်ချင်းကောက်မွေးလိုက်သင့်တဲ့ အကြောင်းရင်းများ
၂)စိတ်တည်ငြိမ်စေတယ်
၎)ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုကောင်းမွန်စေတယ်
၅)ပျော်ရွှင်စေတယ်
Unicode
ခွေးလေးတွေ၊ကြောင်လေးတွေဆိုတာ လူသားတွေနဲ့အနီးကပ်ဆုံးသော သူငယ်ချင်းလေးတွေ ပါ။အိမ်တစ်အိမ်မှာ ခွေးတစ်ကောင်၊ကြောင်တစ်ကောင်တော့ရှိနေကြတာပါပဲ။ ဒီလို ချစ်စရာခွေးလေးတွေကြောင်လေးတွေပိုင်ဆိုင်ထားသူက အရမ်းကိုကံကောင်းပါတယ်။ ချစ်စရာကောင်းရုံသာမက လူသားတွေအတွက်အကျိုးကျေးဇူးတွေများစွာပေးစွမ်းနိုင်တာ ကြောင်လေးတွေပါပဲ။ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုရင်…
၁)အထီးကျန်မှုပြေပျောက်စေတယ်
တကယ်လို့များ သင့်မှာကြောင်လေးတစ်ကောင်ရှိမယ်ဆိုရင် သင်တစ်ယောက်တည်း ဖြစ်နေတယ်လို့ခံစားရတော့မှာမဟုတ်ပါဘူး။ကြောင်လေးတွေကသခင်အနားမှာ ပွတ်သီးပွတ်သပ်သိပ်လုပ်တတ်လို့ သခင်တွေရဲ့အချစ်တော်လေးတွေဖြစ်နေတာပေါ့။ကိုယ့်အနားမှာ ကြောင်လေးတစ်ကောင်ရှိနေတာကလူတစ်ယောက်ရှိနေပေးတာနဲ့မခြားပါဘူးတဲ့။
၂)စိတ်တည်ငြိမ်စေတယ်
ကြောင်လေးတွေက စိတ်ခြောက်ခြားမှုဖြစ်တာကိုလည်းတည်ငြိမ်စေပါတယ်တဲ့။အထူးသဖြင့် ကလေးတွေအတွက်ပေါ့။ကြောင်လေးတစ်ကောင်အနားမှာရှိနေရင် စိတ်ပိုလုံခြုံမှု ရှိတယ်လို့လေ့လာချက်တွေအရတွေ့ရပါတယ်။ဒါ့အပြင်အထီးကျန်ဝေဒနာခံစားနေရတဲ့ကလေးတွေကို ကုသဖို့ ကြောင်လေးတွေကအများကြီးအသုံးဝင်ပါတယ်။
၃)ကြောင်ညည်းသံက ကျန်းမာရေးအတွက်ကောင်းမွန်စေတယ်
ထူးထူးခြားခြားပါပဲ။ကြောင်လေးတွေရဲ ့တညောင်ညောင်အော်သံကို အာရုံကြောတွေကို ကောင်းမွန်စေပြီး နာကျင်မှုတွေကိုပါ ပျောက်စေပါတယ်တဲ့။ကြောင်လေးတွေရဲ ့အော်သံဟာ အရိုးတွေအတွက်ကောင်းမွန်စေပြီးနာကျင်မှုကိုဖြေဖျောက်ပေးပါတယ်။ယောင်ယမ်းမှုတွေကိုလည်းလျှော့ချပေးပြီးဒဏ်ရာရနေရင်တောင် အမြန်ဆုံးပျောက််ကင်းဖို့ကူညီပေးနိုင်ပါတယ် လို့သိပါတယ်။
၄)ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုကောင်းမွန်စေတယ်
ကြောင်လေးတစ်ကောင်ရှိနေတာက သူ့ဘေးနားကလူတွေရဲ ့ကိုယ်တွင်းဇီဝဖြစ်စဉ် ကိုသန်မာစေပါတယ်တဲ့။ကြောင်လေးတစ်ကောင်မွေးထားရင်ကူးစက်ရောဂါကြောင့် ဖျားနာတာ၊အလက်ဂျစ်ထတာမျိုးဖြစ်တာတွေ လျော့နည်းသွားပါတယ်။အထူးသဖြင့် ကြောင်လေးတွေနဲ့အမြဲဆော့ကစားနေတဲ့ကလေးငယ်တွေဟာ တစ်ခြားသူတွေထက်ပိုပြီးကျန်းမာရေးကောင်းတယ်လို့လေ့လာတွေ့ရှိရပါတယ်။ကြောင်လေးတစ်ကောင်မွေးထားရတာ တကယ့်ကိုကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရပါတယ်။
၅)ပျော်ရွှင်စေတယ်
စိတ်ညစ်နေတဲ့အချိန်၊ဝမ်းနည်းနေတဲ့အချိန်တွေမှာ ကြောင်လေးတွေနဲ့ဆော့ကစားတာ ၊ချော့မြူတာမျိုးက သင့်ရဲ့စိတ်ကိုပြန်လည်လန်းဆန်းလာစေပြီးပျော်ရွှင်စေပါတယ်။ ပျော်ရွှင်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကလည်းနေရထိုင်ရတာကောင်းမွန်ပြီး ကျန်းမာရေးအတွက်ပိုပြီးကောင်းမွန်စေပါတယ်။
၆)စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်
ကြောင်လေးတွေက တကယ့်ကိုုသဘာဝဆေးတစ်လက်ပါပဲ။စိတ်ဖိစီးမှုများတာက သင့်ခန္ဓာကိုယ်အတွက်မကောင်းမွန်ပါဘူး။စိတ်ဖိစီးလာရင် ခန္ဓာကိုယ်ကလည်း
ထင်သလောက်အလုပ်မလုပ်တော့ပါဘူး။နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါ၊ခေါင်းကိုက်ရောဂါတွေဖြစ်လာနိုင်ပါတယ်။ဒီလိုအချိန်မျိုးမှာ ကြောင်လေးတွေနဲ့ဆော့ကစားတာက သင့်ရဲ့စိတ်ဖိစီးမှုကိုပြေလျော့စေတယ်လို့လေ့လာတွေ့ရှိရပါတယ်။
၇)ကိုလက်စထရောကျဆင်းစေတယ်
ခန္ဓာကိုယ်ထဲမှာကိုလက်စထရောဓာတ်များပြားတာက လေဖြတ်တာမျိုး၊နှလုံးရှော့ခ်ဖြစ်တာမျိုး ဖြစ်စေပါတယ်။ဒါပေမဲ့ ကြောင်လေးတွေမွေးထားရင်တော့သင့်ခန္ဓာကိုယ်ထဲက ကိုလက်စထရောတွေကို ကျဆင်းစေပါတယ်တဲ့။စိတ်ပျော်ရွှင်မှုရတဲ့အတွက် ခန္ဓာကိုယ််အတွင်းအလုပ်လုပ်ပုံကလည်းကောင်းမွန်လာတာဖြစ်ပါတယ်။
ကဲ ကြောင်လေးတစ်ကောင် မြန်မြန်မွေးလိုက်ရအောင်
419 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.