Park Seo Joon နဲ့တွဲဖက်သရုပ်ဆောင်အဖြစ်မြင်တွေ့ရမယ့် 2PM အဖွဲ့ဝင် Chansung
Unicode
2PM အဖွဲ့ဝင် Chansung ဆိုတာလည်း ကေပေါ့ပ်သီချင်းကြိုက်တဲ့မိန်းကလေးတွေ ရဲ့အသည်းစွဲအဆိုတော်တစ်လက်ပါပဲ။2PM အဖွဲ့ဝင်တိုင်းလိုလိုမှာ အရည်အချင်းကိုယ်စီ ရှိကြပြီး သူတို့ထဲက Chansung ၊ Nichkhun နဲ့ Taecyeon တို့က သရုပ်ဆောင်လောကမှာပါ အောင်မြင်နေတဲ့သူတွေဖြစ်ကြပါတယ်။Chansung ဟာလည်း ၂၀၁၄ခုနှစ်က A Dynamite Family ဇာတ်ကားရိုက်ကူးပြီး အဆိုဘက်ကိုပဲအာရုံစူးစိုက်နေခဲ့တာပါ။
၂၀၁၈ခုနှစ်မှာတော့ tvN ရုပ်သံဌာနက ထုတ်လွှင့်ပြသမယ့် Why Secretary Kim! ဇာတ်ကားမှာ ပြန်လည်ပါဝင်ဖို့လက်ခံခဲ့တယ်လို့သိရပါတယ်။သူ့ရဲ့အေဂျင်စီဖြစ်တဲ့ JYP Entertainment ကလည်း Chansung ဟာ ဒီရုပ်ရှင်ကားမှာ Go Gwi Nam ဆိုသူအဖြစ်ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့အတည်ပြုပေးခဲ့ပါတယ်။
Why Secretary Kim! ဇာတ်ကားမှာ Park Min Young က မင်းသား Park Seo Joon ရဲ ့အတွင်းရေးမှူးနေရာကနေသရုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ နာမည်ကျော် webtoon တစ်ခုကို အခြေခံပြီးပြန်လည်ရိုက်ကူးမယ့် အချစ်ဟာသဇာတ်လမ်းမျိုးဖြစ်ပါတယ်။Chansung ရဲ ့ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ရုပ်ရှင်ကားလည်းဖြစ်တဲ့အပြင် နာမည်ကြီးမင်းသား၊ မင်းသမီးတွေပါဝင်တာမို့ သရုပ်ဆောင်မကောင်းမှာကတော့ ပူစရာမလိုပါဘူး။ဇာတ်လမ်း
လေးကလည်း လူငယ်ပရိသတ်အကြိုက်ဇာတ်လမ်းမျိုးဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး။ ဇွန်လလယ်လောက်မှာထုတ်လွှင့်ပြသဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။
32 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.