လှပတဲ့ရှုခင်းတွေကို ခံစားရင်း အရသာရှိတဲ့အစားစာတွေကိုသုံးဆောင်နိုင်မယ့် စားသောက်ဆိုင်များ

စားသောက်ဆိုင်လုပ်ငန်းဟာ အစားသောက်ကောင်းရုံတင်မကတော့ နေရာထိုင်ခင်း သပ်သပ်ရပ်ရပ်နဲ့ ရှုခင်းလေးတွေလှမှ လူတွေကလည်း စိတ်ဝင်စားပြီး ဆိုင်ကိုလာစားကြမှာပါ။ လာရောက်သုံးဆောင်သူတွေကို ဆွဲဆောင်တဲ့အနေနဲ့ မျိုးစုံသော အစားသောက်အလှဆင်မှုတွေနဲ့ မျက်လုံးအေစရာ ရှုခင်းတွေရှိရာနေရာမှာ သေချာရွေးချယ်ဆောက်လုပ်ဖွင့်လှစ်ထားကြပါတယ်။ တောင်တန်းကြီးတွေနောက်ခံထားတာတို့၊ ပင်လယ်ရဲ့ဗဟိုအလယ်မှာ ရေပေါ်စားသောက်ဆိုင်လုပ်ထားတာမျိုးတို့၊ ရဲတိုက်ပုံစံ ခမ်းနားဝင့်ကြွားစရာ စားသောက်ဆိုင်တွေ အမျိုးမျိုးဖွင့်လှစ်လာတာတွေ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်းက ဘယ်လိုနေရာမှာ ဘယ်လို ခမ်းနားတဲ့စားသောက်ဆိုင်တွေရှိတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဖိလစ်ပိုင် Labassin ရေတံခွန်

ဖိလစ်ပိုင်မှာတည်ရှိတဲ့ Villa Escudero Resort တစ်ခုဖြစ်ပါတယ်။ Labassin ရေတံခွန်ကို အလည်သွားတာနဲ့ ရေတံခွန်အောက်ခြေမှာ ထိုစားသောက်ဆိုင်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ရေတံခွန်ကို အများအားဖြင့် ဖိလစ်ပိုင်ရဲ့ပုံမှန်မဟုတ်တဲ့ ထိုစားသောက်ဆိုင်ကို နိုင်ငံခြားခရီးသည်တွေ အလည်လာတာပိုများပါတယ်။

ထိုင်းနိုင်ငံက The Grotto စားသောက်ဆိုင်  

ရိုမန်တစ်ဆန်တဲ့ The Grotto စားသောက်ဆိုင်ဟာ ထုံးကျောက်လှိုဏ်ဂူတွေပေါများတဲ့ ထိုင်းနိုင်ငံ Phra Nang ကမ်းခြေမှာတည်ရှိပါတယ်။ Rayavadee Resort အပိုင်ဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်မှာ သူတို့ဆီမှာတည်းတဲ့ ဧည့်သည်မဟုတ်ရင်တော့ လာရောက်စားသောက်ခွင့်မပြုဘူးလို့သိရပါတယ်။ အဓိကလူကြိုက်များဆုံးအစားစာတွေကတော့ ပင်လယ်စာမီးကင်ဖြစ်ပါတယ်။ အခြားအချိုပွဲနဲ့ အပျင်းပြေစားသောက်စရာလေးတွေလည်း ရရှိနိုင်ပါတယ်။

ထိုင်းနိုင်ငံ Treepod Dining

အရမ်းကို ထိုင်လို့ကောင်းမှာပဲနော်။ ပုံလေးကြည့်တာနဲ့ ကိုယ်တိုင်ရောက်သွားသလိုခံစားရတယ်။ ထိုနေရာမှာ ညနေစာစားသုံးရင်း ငှက်သိုက်လေးပေါ်မှာနေနေရသလို ခံစားရမှာဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်က ထိုင်းနိုင်ငံ Soneva Kiri Eco Resort မှာတည်ရှိပြီး အဲ့ဒီမှာရှိတဲ့ ဝန်ထမ်းတွေဟာ သင့်ကိုတစ်ချိန်လုံးမပျင်းရိရအောင် အမျိုးမျိုးပြုစုပေးပါလိမ့်မယ်။

ဖင်လန်နိုင်ငံ Ice Restaurant

ဖင်လန်နိုင်ငံမှာရှိတဲ့ ဆန်တာ ကလော့စ်ရွာလေးဟာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသည်ပေါင်းများစွာကို ဆွဲဆောင်ထားပါတယ်။ စားသောက်ဆိုင်ထဲရောက်သွားတာနဲ့ မှော်ဆန်ဆန်ပြင်ဆင်လေးတွေတွေ့မြင်ရမှာဖြစ်ပါတယ်။ နှင်းလုံးလေးတွေလည်းရှိပြီး ရေခဲတွေကြား မီးရောင်စုံအလှဆင်ထားတာဟာ မျက်စိပဒေဿဖြစ်စရာပါပဲ။အစားသောက်တွေကတော့ လုံးဝရှယ်ပဲလို့သိရပါတယ်။

ဂျပန်နိုင်ငံ Nyotaimori စားသောက်ဆိုင်

ဒီလိုမျိုးစားသောက်ဆိုင်တွေဟာ ဂျပန်နိုင်ငံမှာတော့ ပွလို့ပါပဲ။ Nyotaimori စားသောက်ဆိုင်မှာတော့ စားပွဲမသုံးပဲ မိန်းကလေးခန္ဓာကိုယ်ကိုအသုံးပြုကာ ထိုခန္ဓာကိုယ်ပေါ်မှာ အစားသောက်တွေကိုချပြခင်းကျွေးတာဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့မိန်းကလေးတွေကလည်း ခန္ဓာကိုယ်လှပတောင့်တင်းပြီး လုံခြုံတဲ့အဝတ်စားတော့မဝတ်ရဘူး။ပုံမှာမြင်တဲ့အတိုင်းပါပဲ..တင်ထားတဲ့ အစားသောက်တွေမပျက်ယွင်းလေအောင် စက်ရုံအတိုင်းတောင့်တောင့်ကြီးလှဲနေရမှာဖြစ်ပါတယ်။

ကောင်းကင်ပေါ်က စားသောက်ပွဲ

ဒီပုံကို အင်တာနက်မှာခဏခဏမြင်ဖူးမှာပေါ့။ စွန့်စွန့်စားစားနဲ့ ကင်းကင်အမြင့်မှာ စားသောက်ချင်တယ်ဆိုတဲ့လူတွေအတွက် ဖန်တီးထားတာဖြစ်ပါတယ်။ကရိန်းစက်ကြီးနဲ့မပြီး အပေါ်မှာချိတ်ဆွဲထားတဲ့ စားသောက်ဝိုင်းတစ်ခုပေါ့။ ဘယ်ဂျီယံက ဒီပရောဂျက်ကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်ပုံစံဟာ နိုင်ငံပေါင်း (၄၅)နိုင်ငံမှာတော့ တော်တော်ခေတ်စားနေပါတယ်။ ဈေးနှုန်းကြီး၊ နေရာအမြင့်ကိုမကြောက်ရင် ထိုနေရာကိုသွားကြည့်ုလိုက်ပါ။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.