ကြောင်ချစ်သူတွေသာ ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေ

ကြောင်လေးတွေဟာ ကမ္ဘာပေါ်မှာချစ်ဖို့အကောင်းဆုံး သတ္တဝါတွေလို့ ပြောရင်ငြင်းမယ့်သူ သိပ်များများရှိမယ်မထင်။အများဆုံးငြင်းနိုင်တာကတော့ခွေးချစ်သူတွေပေါ့လေ။ဟင့်အင်း ကြောင်မဟုတ်ဘူး ခွေးတွေကမှချစ်ဖို့အကောင်းဆုံးဆိုပြီးတော့ပေါ့။ ဒါပေမယ့် ကိုယ်တွေလိုကြောင်ရောခွေးရော မြင်မြင်သမျှအသည်းတွေယားပြီးချစ်နေတတ်သူကတော့ ကြောင်နဲ့ခွေးနဲ့ဘယ်သူ့ကိုပိုချစ်လဲမေးရင် တော်တော်ဖြေရခက်ပါတယ်။စာရေးဆရာမ ချိုပိန်းနောင်ရဲ့ဝတ္ထုတိုလေးတစ်ပုဒ်ထဲမှာ ကြောင်လေးတွေကလောကရဲ့အဖြူစင်ဆုံးသတ္တဝါကလေးတွေဖြစ်ပြီး လူတွေနဲ့မတန်ဘူးလို့ စာရေးသူရဲ့ထင်မြင်ချက်ကိုထည့်သွင်းရေးသားထားတာဖတ်ဖူးပါရဲ့။တကယ်လို့သင့်မှာကြောင်လေးရှိခဲ့ရင် သူ့ကိုပိုချစ်စေဖို့ ကြောင်ချစ်သူတွေသာရရှိနိုင်မယ့်အကျိုးကျေးဇူးလေးတွေကိုပြောပြမယ်နော်။

 

ပူစီလေးက သင့်ကိုနေမြန်မြန်ပြန်ကောင်းစေနိုင်တယ်

တကယ်လို့သင်အကြောင်းအမျိုးမျိုးနဲ့ နေမကောင်းဖြစ်ပြီိပဲထားပါတော့ သင့်ကြောင်လေးကသင့်အနားမှာ တကပ်ကပ်နဲ့ စိတ်သက်သာရာရအောင်နေပေးမှာပါ။ဒါ့အပြင် သိပ္ပံနည်းကျဆေးစစ်ချက်တွေအရ ကြောင်လေးတွေအနားမှာရှိတဲ့အခါ ကြောင်တွေရဲ့ခန္ဓာကိုယ်ကထုတ်လွှတ်တဲ့ ပဋီဇီဝပစ္စည်းတွေက လူတွေရဲ့ကိုယ်ခံအားကိုပိုမိုသန်စွမ်းစေတာမို့ ပူစီလေးသင့်အနားမှာရှိနေရုံနဲ့သင်သောက်တဲ့ဆေးတွေက ပိုပြီးအစွမ်းထက်လာမှာအသေအချာပါပဲ။

 

ကြောင်တွေကသင့်ကိုသဘာဝအလှတွေခံစားမိစေတယ်

သင့်မှာနေ့တဓူဝအလုပ်တွေနဲ့ ရှုပ်ရှက်ခတ်နေပြီး မအားရအောင်ဖြစ်နေမယ်။ဒါပေမယ့် သင့်ရဲ့ပူစီလေးကတော့ ပြတင်းပေါက်အပြင်ဘက်ကိုစူးစူးစိုက်စိုက်ကြည့်နေမယ်။ အဲ့ဒီိ့မှာ သင်က သူဘာကြည့်နေတာလဲလို့စိတ်ဝင်စားလာပြီးပြတင်းပေါက်နားမှာသွားရပ်မိတဲ့အခါ သင်မေ့ထားခဲ့တဲ့သဘာဝတရားကြီးရဲ့လှပသက်ဝင်မှုတွေကိုခံစားမိလာမယ်။မွမွအိအိနဲ့ချစ်ဖို့ကောင်းလှတဲ့သူတို့ခန္ဓာကိုယ်လေးတွေကို ပွေ့ချီပြီး ပန်းခြံတွေဘာတွေထဲလည်းလမ်းလျှောက်ရင်း စိတ်ကြည်နူးနိုင်ပါသေးတယ်။ နောက်ပြီိး အနောက်တိုင်းတက္ကသိုလ်တွေရဲ့ဆေးသုတေသနစာတမ်းတွေအရ ကြောင်လေးတွေကိုတစ်နေ့ဆယ်မိနစ်လောက်ပွတ်သပ်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကိုသိသိသာသာလျော့ကျစေတယ်လို့ဆိုပါတယ်။

 

ကြောင်လေးတွေက သင့်ရဲ့ပြဿနာတွေကိုနားထောင်ပေးတယ်

သင်ကျောင်းမှာဆရာမဆူတာခံလိုက်ရတာပဲဖြစ်ဖြစ် ရုံးမှာအလုပ်တွေအဆင်မပြေတာပဲဖြစ်ဖြစ် အိမ်ပြန်ရောက်တဲ့အခါ ပူစီိလေးကိုဖက်ထားပြီးအကြောင်းစုံပြောပြတိုင်တည်လို့ရပါတယ်။ဘယ်ဟာကတော့သင့်အမှားပဲဆိုပြီး ပူစီလေးက သင့်ကိုအပြစ်တင်တာတွေလည်းမလုပ်မယ့်အပြင် သင်ပြောသမျှကိုငြိမ်ငြိမ်လေးနားထောင်ပေးနေပြီး သူ့လက်နုနုလေးတွေနဲ့သင့်ပခုံးတွေကိုပွတ်သပ်ရင်း သူ့နဖူးလေးနဲ့သင့်မေးစေ့ကိုလှမ်းတိုက်တဲ့အခါ တစ်နေ့တာစိတ်ပင်ပန်းသမျှတွေဟာ အဝေးကိုလွင့်ပါသွားမှာပါ။

 

ကြောင်တွေကသစ္စာရှိတယ်

ယောက်ျားလေးတွေက အရက်ကမိန်းမထက်သစ္စာရှိတယ်လို့ပြောသလိုမျိုး မိန်းမတွေက ကြောင်တွေက ယောက်ျားတွေထက်သစ္စာရှိတယ်လို့ပြောရမှာပါပဲ။ သင့်ကြောင်က အခြားကောင်မလေးချောချောကိုတွေ့လို့သင့်ကို ပစ်သွားမှာမဟုတ်သလို အခြားကောင်မလေးချောချောလေးနဲ့ပွတ်သီးပွတ်သပ်လုပ်ပြီးသင့်ကိုမနာလိုဖြစ်စေမှာမဟုတ်ပါဘူး။ကြောင်အတွက်တော့ သင်ကသူ့ရဲ့ကမ္ဘာကြီးဖြစ်ပြီး သူဂရုစိုက်ချစ်ခင်တဲ့တစ်ဦးတည်းသော လူသားပါ။ တစ်ခါတစ်လေအစာကျွေးတာနောက်ကျလို့စိတ်ကောက်နေချိန်တွေကလွဲလို့ သင်အိမ်မှာရှိချိန်တွေဆိုသင့်နားမှာတကပ်ကပ်လုပ်နေမှာကလည်း သင်ချစ်တဲ့ပူစီိပါပဲ။

 

ပိုးကောင်မွှားကောင်တွေရန်ကကာကွယ်ပေးတယ်

ပိုးကောင်မွှားကောင်တွေကြွက်တွေ၊ပိုးဟပ်တွေရန်ကကာကွယ်ပေးဖို့အမြဲအသင့်ရှိနေတာဘယ်သူမှတ်လို့လည်း နူးညံ့အိစက်တဲ့ကလေးလေးဆိုပြီးသင်ချစ်နေတဲ့ သင့်ကြောင်လေးပဲပေါ့။ကြောင်တွေက အရုပ်ကလေးတွေလိုအပြစ်ကင်းစင်ပေမယ့် လိုအပ်ချိန်မှာသင့်ကိုကာကွယ်ပေးမယ့် သူရဲကောင်းတွေအဖြစ်လည်း အသွင်ပြောင်းတတ်ကြပါသေးတယ်။

 

ကဲ..ဘာကြည့်နေတာလဲ..သင့်ကြောင်လေးကိုပြေးဖက်တော့လေ။ကြောင်မရှိလည်းတစ်ကောင်လောက်မွေးဖို့လက်မနှေးနဲ့တော့နော်။

Unicode Format


 



 



 



 

ကွောငျတှကေသစ်စာရှိတယျ


 




613 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.