ျမင္ျမင္ခ်င္း ခ်စ္မိတယ္ဆိိုတာ ျဖစ္နုိင္ရဲ ႔လား?

ျမင္ျမင္ခ်င္းခ်စ္တယ္ဆိုတဲ႔စကားကုိ ၾကားဖူးၾကမွာပါ။ဒီစကားနဲ႔ပတ္သက္္ျပီး တစ္ခ်ိဳ႔က်ေတာ့ မျဖစ္ႏုိင္ဘူးလို႔ေ၀ဖန္ၾကသလို တစ္ခ်ိဳ႔ကလည္းျမင္ျမင္ခ်င္းခ်စ္မိသြားတယ္ဆိုရင္ ဒါက ရုပ္ပိုင္းဆုိင္ရာအရ ဆြဲေဆာင္မႈရွိလြန္းလို႔ပဲလို႔ေျပာၾကပါတယ္။ျမင္ျမင္ခ်င္းအခ်စ္ကုိ နားလည္ေအာင္ရွင္းျပဖုိ႔မလြယ္ပါဘူး။ဒါေပမဲ႔ ျမင္ျမင္ခ်င္းအခ်စ္ကုိၾကံဳခဲ႔ရတဲ႔ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ သူမရဲ ႔ခ်စ္သူကုိျမင္ျမင္ခ်င္းခ်စ္မိခဲ႔တာျဖစ္တဲ႔အေၾကာင္း၊
စေတြ႔တဲ႔အခ်ိန္ခဏေလးမွာ ဘ၀တစ္ေလ်ွာက္လံုးမွာတစ္ခါမွမၾကံဳခဲ႔ရဖူးတဲ႔စိတ္ေက်နပ္ေပ်ာ္ရႊင္မႈမ်ိဳး၊ စိတ္လႈပ္ရွားႏူးညံ႔မႈမ်ိဳး၊ထူးဆန္းျပီး ႏွလံုးသားကပါေႏြးေထြးမႈကိုခံစားခဲ႔ရေၾကာင္္း သူမရဲ႔အေတြ႔အၾကံဳကုိေျပာျပခဲ႔ဖူးတယ္လုိ႔သိရပါတယ္။

တစ္ခါမွမျမင္ဖူးတဲ႔သူတစ္ေယာက္ကုိ ျမင္ျမင္ခ်င္းခ်စ္သြားျပီး ဘ၀တစ္ခုတည္ေထာင္ဖို႔ ဆိုတာျဖစ္ႏုိင္ပါ့မလားဆိုတဲ႔အေျဖကုိ သိပၸံပညာရွင္တစ္ခ်ိဳ႔ကေတာ့ျဖစ္ႏုိင္ပါတယ္လို႔ ေထာက္ခံခဲ႔ၾကပါတယ္။ေထာက္ခံတဲ႔သူေတြရွိသလို မျဖစ္ႏုိင္ဘူးလို႔ေ၀ဖန္ေျပာဆို ၾကတဲ႔သူေတြလည္းရွိၾကပါတယ္။အခ်စ္နဲ႔ပတ္သက္ရင္အားလံုးလိုလုိက တစ္ေယာက္တစ္မ်ိဳးစီအဓိပၸာယ္ဖြင့္ဆုိေနၾကတာပဲမဟုတ္လား။

ျမင္ျမင္ခ်င္းအခ်စ္ဆုိတာ ျဖစ္ႏုိင္လို႔လားလုိ႔စဥ္းစားေနၾကေပမဲ႔ မျဖစ္ႏုိင္ဘူးဆုိရင္လည္း ဘယ္သူကမွ ေစ့ေစ့စပ္စပ္လိုက္ျပီး ျမင္ျမင္ခ်င္းအခ်စ္ဆုိတာမျဖစ္ႏုိင္တဲ႔အေၾကာင္း လိုက္ရွင္းျပေနမွာမဟုတ္ပါဘူး။ဘယ္သူမဆို “ငါကသူ႔ကုိျမင္ျမင္ခ်င္းခ်စ္ခဲ႔တာ”ဆိုတဲ့ စကားကုိၾကားရင္ ေအာ္ သူတို႔ရဲ႔ေတြ႔ဆံုပံုေလးကခ်ိဳျမိန္လိုက္တာလို႔ပဲ ေတြးမိမွာပါ။

တကယ္လို႔မ်ားသင္က တစ္ေယာက္ေယာက္ကုိျမင္ျမင္ခ်င္းခ်စ္မိသြားတာမ်ိဳးမ်ားၾကံဳရမလားလို႔ ေတြးမိေနရင္ ျမင္ျမင္ခ်င္းခ်စ္မိသူေတြရဲ႔ပထမဆံုးရင္ခုန္သံအေတြ႔အၾကံဳ ေလးေတြကုိေျပာျပေပးသြားပါမယ္။ တကယ္လို႔ တစ္ေယာက္ေယာက္ကုိ စေတြ႔တာနဲ႔ ဒီအခ်က္ေတြနဲ႔ကိုက္ညီေနရင္ အဲ႔ဒါ သင္သူ႔ကိုျမင္ျမင္ခ်င္းခ်စ္မိသြားလို႔ပါပဲတဲ႔။

၁)တစ္စံုတစ္ေယာက္ကုိျမင္လိုက္လို႔ သင့္ရဲ ႔အစာအိမ္ထဲမွာလိပ္ျပာေတြခတ္ေနသလို လွပ္လွပ္ လွပ္လွပ္ျဖစ္လာတာမ်ိဳး။

၂)စေတြ႔ခ်ိန္မွာေတာင္ သူ႔ရဲ ႔အာရံုစိုက္မႈကို လိုခ်င္ေနတာမ်ိဳး။

၃)သူက သင္နဲ႔လံုး၀မလိုက္ဖက္ဘူး၊မသင့္ေတာ္ဘူးလို႔သိေနတာေတာင္ သူ႔ဆီမွာ နစ္ေမ်ာသြားတာမ်ိဳး။

၄)သူနဲ႔စေတြ႔ျပီးကတည္းက စဥ္းစားတာမရပ္ေတာ့တာမ်ိဳး။ခရီးသြားဟန္လႊဲေတြ႔တာမ်ိဳးဆို ေနာက္တစ္ၾကိမ္ဆံုစည္းဖို႔ ေစာင့္ေပေတာ့ပဲ။

၅)သူနဲ႔စကားေျပာေနရင္ စြန္႔စားခန္းထြက္ေနရသလို ရင္ေတြခုန္လာတာမ်ိဳး။

၆)ပထမဆံုးအၾကိမ္ေတြ႔တာဆိုေပမဲ႔ ဒီတစ္ေယာက္က ကုိယ့္ရဲ ႔King ၊Queen ပဲလို႔ စိတ္ထဲက ကြက္တိေသခ်ာေနတာမ်ိဳး။

၇)သူနဲ႔အခုမွစေတြြ႔ေပမဲ့ သူ႔အေၾကာင္းအကုန္လံုးကုိသိခ်င္သြားတာမ်ိဳး၊အထူးသျဖင့္အခ်စ္ေရးေပါ့။

ဒီလို ဒီလိုအခ်က္ေလးေတြက ျမင္ျမင္ခ်င္းအခ်စ္ဆုိတာရဲ ႔ခံစားခ်က္ေလးေတြ ပါတဲ႔။ျမင္ျမင္ခ်င္းအခ်စ္ဆိုိတာ ရုပ္ပုိင္းဆုိင္ရာဆြဲေဆာင္မႈရွိလို႔ ခ်စ္မိတယ္ဆိုတာထက္ စိတ္ခံစားခ်က္ေၾကာင့္ ပုိျပီးျဖစ္ႏုိင္ပါတယ္။သင့္ဘ၀မွာေရာ တစ္စံုတစ္ေယာက္ကုိ ျမင္ျမင္ခ်င္း ခ်စ္တယ္ဆိုတဲ႔ခံစားခ်က္မ်ိဳးျဖစ္ဖူးရဲ႔လား? အေတြ႔အၾကံဳေတြေ၀မ်ွခဲ႔ဦးေနာ္။

Unicode

မြင်မြင်ချင်းချစ်တယ်ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ဒီစကားနဲ့ပတ်သက််ပြီး တစ်ချို့ကျတော့ မဖြစ်နိုင်ဘူးလို့ဝေဖန်ကြသလို တစ်ချို့ကလည်းမြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင် ဒါက ရုပ်ပိုင်းဆိုင်ရာအရ ဆွဲဆောင်မှုရှိလွန်းလို့ပဲလို့ပြောကြပါတယ်။မြင်မြင်ချင်းအချစ်ကို နားလည်အောင်ရှင်းပြဖို့မလွယ်ပါဘူး။ဒါပေမဲ့ မြင်မြင်ချင်းအချစ်ကိုကြုံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ ့ချစ်သူကိုမြင်မြင်ချင်းချစ်မိခဲ့တာဖြစ်တဲ့အကြောင်း၊
စတွေ့တဲ့အချိန်ခဏလေးမှာ ဘဝတစ်လျှောက်လုံးမှာတစ်ခါမှမကြုံခဲ့ရဖူးတဲ့စိတ်ကျေနပ်ပျော်ရွှင်မှုမျိုး၊ စိတ်လှုပ်ရှားမှုမျိုး၊ထူးဆန်းပြီး နှလုံးသားကပါနွေးထွေးမှုကိုခံစားခဲ့ရကြောင််း သူမရဲ့အတွေ့အကြုံကိုပြောပြခဲ့ဖူးတယ်လို့သိရပါတယ်။

တစ်ခါမှမမြင်ဖူးတဲ့သူတစ်ယောက်ကို မြင်မြင်ချင်းချစ်သွားပြီး ဘဝတစ်ခုတည်ထောင်ဖို့ ဆိုတာဖြစ်နိုင်ပါ့မလားဆိုတဲ့အဖြေကို သိပ္ပံပညာရှင်တစ်ချို့ကတော့ဖြစ်နိုင်ပါတယ်လို့ ထောက်ခံခဲ့ကြပါတယ်။ထောက်ခံတဲ့သူတွေရှိသလို မဖြစ်နိုင်ဘူးလို့ဝေဖန်ပြောဆို ကြတဲ့သူတွေလည်းရှိကြပါတယ်။အချစ်နဲ့ပတ်သက်ရင်အားလုံးလိုလိုက တစ်ယောက်တစ်မျိုးစီအဓိပ္ပာယ်ဖွင့်ဆိုနေကြတာပဲမဟုတ်လား။

မြင်မြင်ချင်းအချစ်ဆိုတာ ဖြစ်နိုင်လို့လားလို့စဉ်းစားနေကြပေမဲ့ မဖြစ်နိုင်ဘူးဆိုရင်လည်း ဘယ်သူကမှ စေ့စေ့စပ်စပ်လိုက်ပြီး မြင်မြင်ချင်းအချစ်ဆိုတာမဖြစ်နိုင်တဲ့အကြောင်း လိုက်ရှင်းပြနေမှာမဟုတ်ပါဘူး။ဘယ်သူမဆို “ငါကသူ့ကိုမြင်မြင်ချင်းချစ်ခဲ့တာ”ဆိုတဲ့ စကားကိုကြားရင် အော် သူတို့ရဲ့တွေ့ဆုံပုံလေးကချိုမြိန်လိုက်တာလို့ပဲ တွေးမိမှာပါ။

တကယ်လို့များသင်က တစ်ယောက်ယောက်ကိုမြင်မြင်ချင်းချစ်မိသွားတာမျိုးများကြုံရမလားလို့ တွေးမိနေရင် မြင်မြင်ချင်းချစ်မိသူတွေရဲ့ပထမဆုံးရင်ခုန်သံအတွေ့အကြုံ လေးတွေကိုပြောပြပေးသွားပါမယ်။ တကယ်လို့ တစ်ယောက်ယောက်ကို စတွေ့တာနဲ့ ဒီအချက်တွေနဲ့ကိုက်ညီနေရင် အဲ့ဒါ သင်သူ့ကိုမြင်မြင်ချင်းချစ်မိသွားလို့ပါပဲတဲ့။

၁)တစ်စုံတစ်ယောက်ကိုမြင်လိုက်လို့ သင့်ရဲ ့အစာအိမ်ထဲမှာလိပ်ပြာတွေခတ်နေသလို လှပ်လှပ် လှပ်လှပ်ဖြစ်လာတာမျိုး။

၂)စတွေ့ချိန်မှာတောင် သူ့ရဲ ့အာရုံစိုက်မှုကို လိုချင်နေတာမျိုး။

၃)သူက သင်နဲ့လုံးဝမလိုက်ဖက်ဘူး၊မသင့်တော်ဘူးလို့သိနေတာတောင် သူ့ဆီမှာ နစ်မျောသွားတာမျိုး။

၄)သူနဲ့စတွေ့ပြီးကတည်းက စဉ်းစားတာမရပ်တော့တာမျိုး။ခရီးသွားဟန်လွှဲတွေ့တာမျိုးဆို နောက်တစ်ကြိမ်ဆုံစည်းဖို့ စောင့်ပေတော့ပဲ။

၅)သူနဲ့စကားပြောနေရင် စွန့်စားခန်းထွက်နေရသလို ရင်တွေခုန်လာတာမျိုး။

၆)ပထမဆုံးအကြိမ်တွေ့တာဆိုပေမဲ့ ဒီတစ်ယောက်က ကိုယ့်ရဲ ့King ၊Queen ပဲလို့ စိတ်ထဲက ကွက်တိသေချာနေတာမျိုး။

၇)သူနဲ့အခုမှစတွွေ့ပေမဲ့ သူ့အကြောင်းအကုန်လုံးကိုသိချင်သွားတာမျိုး၊အထူးသဖြင့်အချစ်ရေးပေါ့။

ဒီလို ဒီလိုအချက်လေးတွေက မြင်မြင်ချင်းအချစ်ဆိုတာရဲ ့ခံစားချက်လေးတွေ ပါတဲ့။မြင်မြင်ချင်းအချစ်ဆိိုတာ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိလို့ ချစ်မိတယ်ဆိုတာထက် စိတ်ခံစားချက်ကြောင့် ပိုပြီးဖြစ်နိုင်ပါတယ်။သင့်ဘဝမှာရော တစ်စုံတစ်ယောက်ကို မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်ဖူးရဲ့လား? အတွေ့အကြုံတွေဝေမျှခဲ့ဦးနော်။

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.