ပထမဆုံးအနေနဲ့ ချစ်သူဆက်ဆံရေးတစ်ခုမှာ ဘယ်လိုအချက်တွေနဲ့ပြည့်စုံနေရမယ်လို့ သတ်မှတ်ချက်တွေမပေးချင်ပါဘူး။ ဒါပေမယ့် လူ့သဘာဝအရချစ်ခင်စုံမင်ကြပြီဆိုရင် လောကီဝတ္တတရားတွေလိုက်နာ ကျင့်သုံး မှီဝဲသင့်တဲ့နည်းနာလေးတွေကလည်း ရှေ့ ကအတွေ့အကြုံရှိတဲ့လူတွေချပြခဲ့တော့ ကိုယ်တိုင်မကြုံဖူးပေမယ့် ဖတ်ထားတာလေးတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ ကိုယ့်အလှည့်ကျရင် ရှောင်နိုင်တာပေါ့။
လူတိုင်းမှာအပြစ်အနာဆာရှိပါတယ်။ ရူးသွပ်စွာနဲ့ ထောင်ချောက်ထဲကို ခုန်ချရမယ်လို့ မဆိုလိုပါဘူး။ မဖြစ်လာသေးတဲ့အခြေအနေတစ်ခုကို ထိန်းချုပ်လို့ရပါသေးတယ်။ လူတစ်ယောက်ရဲ့ချို့ယွင်းချက် ၊ အပြစ်၊ အားနာချက်ဆိုတာ ရှာရသိပ်လွယ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ လက်တွဲကြတဲ့အခါ ဒါတွေကို ငါနားလည်ပေးနိုင်လားဆိုတာ ကိုယ့်ကိုယ်ကိုယ်အရင်ဆုံး မေးခွန်းထုတ်ဖို့ပဲလိုတာပါ။ ချစ်နေတုန်း မွှန်ထူနေလို့ မမြင်နိုင်ရင် မြင်အောင်ကြည့်ပါ။ စဉ်းစားပါ။ ဆင်ခြင်ပါ။ ရှင်းပါတယ် … ယောက်ျားတစ်ယောက်က ကိုယ့်ကိုလက်ထပ်ဖို့ အစီစဉ်မရှိဘူးဆိုရင် သူ့ရဲ့အမူရာတွေကနေတစ်ဆင့်သိနိုင်ပါတယ်။ လွယ်လွယ်လေးပါ။
သင့်ကိုခေါ်သွားတဲ့နေရာတွေကို မှတ်ထားပါ
ခဏတာ သင့်ကိုလက်တွဲမယ့်ယောက်ျားတစ်ယောက်ကဟာ ပါတီ၊ အရက်ဆိုင်နဲ့ ကလပ်တို့လောက်သာ သင့်ကိုခေါ်သွားပါလိမ့်မယ်။ တကယ်သဘောကျတဲ့ ယောက်ျားမျိုးဆိုရင်တော့ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ နေရာမျိုးကိုရွေးချယ်ပြီးခေါ်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုနေရာမျိုးတွေက အေးဆေးစကားပြောလို့ကောင်းပြီး လှပတဲ့အချိန်အခိုက်တန့်လေးတွေကိုဖန်တီးနိုင်သလို တစ်ယောက်နဲ့တစ်ယောက်ကိုလည်း နီးစပ်မှုပိုရှိစေလို့ပါပဲ။
လုံလောက်တဲ့ ယုံကြည်မှုပေးရဲ့လား?
တစ်သက်လုံးလက်တွဲသွားဖို့ ရည်စူးထားတဲ့လူဟာ သူမရှိလည်း သင်ဟာ လင်းလက်တောက်ပပြီး ကိုယ်ပိုင်အရည်ချင်း အစွမ်းစနဲ့ တိုးတက်အောင်မြင်နေတာမျိုးကိုပဲ လိုလားတောင့်တပါတယ်။ ဒီလိုမဟုတ်ပဲ ဘယ်သွားသွား၊ ဘာလုပ်လုပ် သင့်ကိုစိတ်မချတာ၊ မယုံကြည်တာမျိုးနဲ့ သူမပါပဲ သင်ပျော်ရွှင်နေတာကို မမြင်ချင်တဲ့ ယောက်ျားမျိုးဆိုရင်တော့ မှားယွင်းတဲ့လူကို လက်တွဲမိနေပြီလို့ ပြောချင်ပါတယ်။
စိတ်တူကိုယ်တူရှိရဲ့လား
ကိုယ်နဲ့စိတ်တူ ကိုယ်တူလူမျိုးတွေ့ဖို့ဆိုတာ တကယ်ခက်ခဲပါတယ်။ အမေတစ်ယောက်ကပဲမွေးတဲ့ သားသမီးတွေတောင် အချင်းချင်းရန်ဖြစ်၊ စကားများနေကြတာပါ။ သူများသူစိမ်းဆိုရင်တော့ ပိုဆိုးတာပေါ့။ သူ့ပတ်ဝန်းကျင် ၊ ကိုယ့်ပတ်ဝန်းကျင်မတူညီတဲ့အခါ အတွေးခေါ် အမြင်တွေ နေထိုင်မှုစရိုက်တွေကလည်းပြောင်းလဲ ကွဲလွဲသွားတတ်ကြပါတယ်။ ကိုးကွယ်တဲ့ဘာသာမတူရင် နေပါစေ၊ မွေးရာပါဗီဇ စရိုက်ချင်းမတူရင်တော့ ဘယ်လောက်ပဲချစ်ချစ် ရေရှည်အဆင်ပြေမှာမဟုတ်ပါဘူး။
အနာဂတ်စီမံကိန်းတွေ တိုင်ပင်
သူက ရှေ့လျှောက် ဘာတွေလုပ်ဖို့ရှိတယ်၊ အနာဂတ်အတွက် သင်နဲ့ပတ်သတ်ပြီး သူဘယ်လိုရည်မှန်းထားလဲဆိုတာ တိုင်ပင်လာခဲ့ရင် တကယ်လက်တွဲဖို့စဉ်းစားထားလို့ပါ။ ယောက်ျားတွေဟာ တကယ်မချစ်မနှစ်သက်တဲ့ မိန်းကလေးကို အနာဂတ်အကြောင်းတွေပြောဖို့ စိတ်မဝင်စားပါဘူး။ သူ့ဘာသာ အေးအေးလူလူပဲနေနေပါလိမ့်မယ်။
သူ့ရဲ့အချိန်တွေ ဘယ်လောက်ပေးထားလဲ
သူက သင့်ရဲ့သူငယ်ချင်း အပေါင်းသင်းတွေနဲ့ လိုက်လျောညီထွေ ဖော်ရွှေမှုရှိရဲ့လားဆိုတာကြည့်ပါ။ ဟိုလူနဲ့ပေါင်းလည်းမကြိုက်၊ ဒီလူနဲ့ပေါင်းလည်း စိတ်ဆိုးနေတာမျိုးဆို တစ်ချက်စဉ်းစားရမှာက သူဟာ တစ်ကိုယ်ကောင်းဆန်နေတာလား ၊ သင့်ကိုအပေါင်းသင်းမမှားစေချင်တာလားဆိုတာ သိရပါမယ်။ တစ်ချို့ အပေါင်းသင်းတွေက လိုက်ပြီးကြားဝင်ရှုပ်တတ်တယ်။ အမျိုးမျိုးရှိနိုင်တာကြောင့် သင့်အနေနဲ့ သေချာဝေဖန်ပိုင်းခြားပါ။ တကယ်ချစ်ရင် သူ့ရဲ့အချိန်တွေက သင့်အတွက်ပါပဲ။
မိဘတွေနဲ့ သူလိုက်တွေ့ချင်ရဲ့လား?
မိဘတွေနဲ့ တွေ့ဖို့ သူ့ကိုဖိတ်တဲ့အခါ တကယ်မချစ်ရင် အကြောင်းပြချက်အမျိုးမျိုးပေးပြီး ရှောင်ပြေးနေမှာသိသာပါတယ်။ တကယ်ချစ်တဲ့လူဆို သင့်ရဲ့မိဘတွေနဲ့တွေ့နိုင်မယ့်အခွင့်ရေးကို သူကျေကျေနပ်နပ်လက်ခံပါလိမ့်မယ်။ ဆွေမျိုး အသိုင်းဝိုင်းတွေနဲ့ တည့်အောင်ပေါင်းပြီး သင်စိတ်ချမ်းသာအောင်ပဲထားဖို့ သူကြိုးစားမှာပါ။
သူက ရှေ့လျှောက် ဘာတွေလုပ်ဖို့ရှိတယ်၊ အနာဂတ်အတွက် သင်နဲ့ပတ်သတ်ပြီး သူဘယ်လိုရည်မှန်းထားလဲဆိုတာ တိုင်ပင်လာခဲ့ရင် တကယ်လက်တွဲဖို့စဉ်းစားထားလို့ပါ။ ယောက်ျားတွေဟာ တကယ်မချစ်မနှစ်သက်တဲ့ မိန်းကလေးကို အနာဂတ်အကြောင်းတွေပြောဖို့ စိတ်မဝင်စားပါဘူး။ သူ့ဘာသာ အေးအေးလူလူပဲနေနေပါလိမ့်မယ်။