အမျိုးသမီးရင်သားကို စိုက်ကြည့်ပေးခြင်းဖြင့် အမျိုးသားတွေသက်ရှည်ကျန်းမာစေနိုင်

တစ်မျိုးမထင်ဘဲ ကျန်းမာရေးအရ ဖတ်စေလိုပါတယ်။ လူတိုင်း အချိန်အကြာကြီး အသက်ရှည်ရှည်နေချင်ကြမှာပါ။ ကျန်းမာရေးပညာရှင်များကတော့ အမျိုးသားများ သက်ရှည်ကျန်းမာစေမယ့်သဘာဝနည်းလမ်းတစ်ခုကို လတိုင်းလေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ကျန်းမာလတ်ဆတ်တဲ့ အစားစာတွေ စားနေရုံနဲ့မပြီးနိုင်သေး ၊ ကိုယ်ကာယလှုပ်ရှားမှု ၊ ကျန်းမာရေးကိုအထောက်ကူပြုနိုင်ပြီး ယောက်ျားများအတွက်အကျိုးပြုနိုင်တဲ့ အံ့သြစရာ ထူးခြားနည်းလမ်းလေးတွေလည်းရှိနေပါတယ်။

အများအားဖြင့် အမျိုးသားတွေက အမျိုးသမီးတွေထက် သက်တမ်းပိုတိုပါတယ်။ အမေရိကန်မှာဆို အသက် ၇၆ထိသာ အမျိုးသားများအသက်ရှင်နေထိုင်နိုင်ပြီး  အမျိုးသမီးတွေကတော့ ၈၁နှစ်ထိ နေထိုင်နိုင်တာတွေ့ရတယ်။ ဒါကြောင့် အမျိုးသားများ အမျိုးသမီးများလို လောကမှာအသက်ရှည်ရှည်နေထိုင်နိုင်ဖို့ အဓိကသော့ချက်ကတော့…

ရင်သားကို စိုက်ကြည့်ပေးခြင်း

ရင်သားကို စိုက်ကြည့်ပေးတယ်ဆိုပြီး ရုတ်တရက်ဖတ်လိုက်ရင် အမျိုးသမီးတွေကို စော်ကားပုတ်ခတ်လိုက်တာပဲလို့ ထင်ယောင်ထင်မှားဖြစ်သွားနိုင်ပါတယ်။တွေ့ရာ မိန်းကလေးရဲ့ရင်ဘတ်တွေကိုတော့ လိုက်မကြည့်နဲ့ပေါ့ကွယ်။ ကြည့်ချင်ရင် နည်းလမ်းတွေအများကြီးရှိပါတယ်နော်။ ဒီတော့ တကယ်ပဲ ရင်သားကိုစိုက်ကြည့်ခြင်းက အမျိုးသားများအတွက် ကျန်းမာရေးကောင်းပါ့မလား? အကျိုးရလဒ်ကတော့ သင့်ကိုတကယ်ပဲ ပျော်ရွှင်မှုအစစ်မှန်ပေးနိုင်တယ်။ နောက်ပြီး အမျိုးသားများရဲ့အတွေးမြင်ကိုလည်း တိုးတက်ကောင်းမွန်စေသတဲ့။

Internal Medicine မှလေ့လာတွေ့ရှိထားတဲ့ မှတ်တမ်းများအရ ရင်သားစိုက်ကြည့်ပေးရင် အတွေးမြင်ကောင်းတွေ တိုးတက်လာစေပြီး အမျိုးသားများကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေကြောင်းသိရပါတယ်။ မနက်တိုင်း ကိုယ့်ရဲ့ ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်ကို စာရွက်ပေါ်ချရေးခြင်းကလည်း သင့်ရဲ့Lifestyleကို တိုးတက်စေပါသေးတယ်။

မကြာခဏ ချစ်ရည်လူးခြင်း

ဒါကတော့ ပြောစရာမလိုလည်း သိမှာပါ။ လိင်ဆက်ဆံပေးခြင်းက ကျန်းမာရေးကိုဘယ်လောက်ထိ အထောက်ကူပြုလည်းဆိုတာ ဒီခေတ်မှာလည်း ပွင့်လင်းမြင်သာမှုတွေရှိနေပါပြီ။ထူးခြားတာက ဒီအချက်ကြောင့် ယောက်ျားလေးတွေ အသက်ရှည်ရှည်ပိုနေနိုင်တယ်။

BMJ မှ မှတ်တမ်းတွင် လိင်ဆက်ဆံခြင်းက အမျိုးသားများ သေဆုံးမှုနှုန်းကို ၅ဝရာခိုင်နှုန်းထိလျော့ချနိုင်တယ်လို့သိရပါတယ်။ ကောင်းကောင်းမွန်မွန်ပြီးမြောက်သွားလေ ၃နှစ်မှ ၈နှစ်ထိသက်တမ်းကာလတိုးမြင့်သွားနိုင်တာ အံ့မခန်းတွေ့ရပါသေးတယ်။ကဲ .. ဒီတော့ နောက်ထပ်တစ်ဆင့်က ဘာဖြစ်မလဲ?

အိမ်ထောင်ပြုခြင်း

ဒီအချက်က လူတိုင်းအတွက်တော့မမှန်လောက်ပေမယ့် လက်ရှိအိမ်ထောင်ကျနေတဲ့ အမျိုးသားများအတွက် ရည်ညွန်းပါတယ်။ အမေရိကန်အမျိုးသားတွေကို ခြုံငုံလေ့လာကြည့်လိုက်တဲ့အခါ အသက် ၂၅နှစ်ကျော်တာနဲ့ အိမ်ထောင်ပြုလိုက်တဲ့ အမျိုးသားတွေဟာ ထိုအရွယ်မှ လက်တွဲဖော်ရှာနေတဲ့ အမျိုးသားတွေထက် ပိုပြီးကျန်းမာရေးကောင်းကြောင်း၊ နုပျိုခန့်ညားလာနိုင်ကြောင်းအလည်း သိရပါတယ်။ လက်မထပ်ခင်တည်းက ကျန်းမာရေး ချုချာသူတွေကတော့ ချွင်းချက်ပေါ့။ သက်ရှည်ကျန်းမာစွာ နေထိုင်သွားချင်တယ်ဆိုရင်တော့ အိမ်ထောင်ပြုလိုက်ပါလို့ အကြံပေးချင်ပါတယ်။

ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ စာရေးဆရာ Richard G. Bribiescas ကတော့ ခန္ဓာပိန်ပါးတဲ့ အမျိုးသားတွေထက် ခန္ဓာကိုယ်တောင့်တင်း ဗလတွေကြွက်သားတွေ ထွက်မနေရင်တောင် ဗိုက်နည်းနည်းထွက်တဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်နိုင်တယ်လို့ အခိုင်မာပြောသွားပါတယ်။ ကဲ..ဘယ်လိုလဲ ဒီလောက်ဆို သက်ရှည်ကျန်းမာပျော်ရွှင်စေမယ့် နည်းလမ်းတွေကို အမျိုးသားများအနေနဲ့ လိုက်လုပ်ဖို့မခဲယဉ်းလောက်ဘူးလို့ထင်ပါတယ်။

Source: viralthread

 

997 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.