ကျန်းမာရေးအတွက် မကောင်းဘူးလို့သိရက်နဲ့ အဲ့ဒီအကျင့်တွေကိုဆက်ပြီးလုပ်မိနေတာ ဘာကြောင့်လဲ?
၃)ယုံကြည်မှုရှိပါ
Unicode
ကိုယ်တွေအားလုံး ဘယ်လိုအလေ့အကျင့်တွေက မကောင်းဘူးလဲဆိုတာ သိကြပါတယ်။ ဆေးလိပ်သောက်တာ၊ကျန်းမာရေးမညီညွတ်တဲ့အစားအစာတွေစားတာ၊ အရက်အလွန် အကျွံသောက်တာ၊အိပ်ချိန်စားချိန်မမှန်တာ စသဖြင့်ပေါ့။ အဲ့ဒါတွေကမကောင်းမှန်းသိပေမဲ့လည်း သိသိရက်နဲ့ဆက်လုပ်နေတာကိုယ်တွေပါပဲ။ယူအက်စ်က သိပ္ပံပညာရှင်တွေရဲ ့လေ့လာချက်အရ ကိုယ်အလေးချိန်မှားယွင်းစွာချတာ၊လေ့ကျင့်ခန်းလုပ်ခြင်းမရှိတာ၊ဆေးလိပ်အရက်သောက်
တဲ့သူတွေများစွာတွေ့ရပြီး ယူအက်စ်ရဲ ့လူတစ်ဝက်လောက်ဟာ အဲ့ဒီလိုအကြောင်းတွေကြောင့်ပဲ သေဆုံးသွားကြတာကိုလေ့လာတွေ့ရှိခဲ့ရပါတယ်။ကျန်းမာရေးအတွက်မကောင်းမှန်းသိရက် နဲ့ ဘာလို့ ဒါတွေဆက်လုပ်နေမိတာလဲ?
ကိုယ့်အတွက်မကောင်းမှန်းသိတဲ့အကျင့်တွေကို မဖြတ်နိုင်ပဲဆက်လုပ်နေရတဲ့အကြောင်းကတော့ ဒီလိုအကျင့်တွေက ကိုယ်တွေအတွက် စိတ်သက်တောင့်သက်သာဖြစ်စေလို့ပါတဲ့။ ဆေးလိပ်သောက်နေရင် စိတ်ကျေနပ်သွားတယ်၊အရက်သောက်လိုက်လို့ စိတ်ကျေနပ်သွားတယ်၊ကျန်းမာရေးနဲ့မညီညွတ်ပေမဲ့ဒီအစားအစာကိုစားလိုက်တယ်။ ဘာလို့လဲ? စိတ်ကို ကျေနပ်သာယာစေလို့ပါ။အဲ့ဒါကြောင့်ပဲဒီအကျင့်ဆိုးတွေကိုဖျောက်ဖို ့ခက်နေပြီးရပ်တန့်ဖို့လည်းခက်ခဲနေပါတယ်။
ကိုယ့်ကိုယ်ကိုယ် comfort zone ထဲက ဆွဲမထုတ်နိုင်သေးသရွေ့ ဒီအကျင့်ဆိုးတွေက အမြဲတမ်းကပ်ပါနေတော့မှာပါ။
နောက်တစ်ချက်ကတော့ လူတိုင်းလည်းအဲ့ဒီလိုအကျင့်ဆိုးတွေကို လုပ်နေကြလို့ပါ၊ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီလိုအကျင့်ဆိုးတွေကို မကောင်းမှန်းသိရက်နဲ့ဆက်လုပ်နေကြတဲ့ သူတွေရှိလို့ ကိုယ်ကိုယ်တိုင်ကလည်း ဒီအကျင့်ဆိုးတွေကို အကြောင်းပြချက်နဲ့မျိုးစုံပေးပြီး လုပ်မိနေကြပါတယ်။နောက်နေ့လျှော့သောက်မယ်တို့၊နောက်နေ့မစားတော့ဘူးတု ့ိစသဖြင့် နောက်နေ့၊နောက်နေ့ဆိုပြီး အဲ့ဒီအလေ့အကျင့်ဆိုးတွေကိုမွေးမြူနေကြပါတယ်။
တစ်ချို့တွေကျတော့ ဒီအကျင့်ကြီးကမကောင်းမှန်းသိတယ်၊ဖြတ်လည်းဖြတ်ချင်တယ်၊ဒါပေမဲ့ စိတ်ကိုမနိုင်တော့ ဖြတ်လို့ကမရဖြစ်နေတတ်ပါတယ်။ကိုယ့်ဆီမှာရှိနေတဲ့ မကောင်းဘူးလို့ထင်တဲ့အကျင့်ဆိုးတွေကို အပြတ်ဖြတ်ချင်တယ်၊စွန့်လွှတ်ချင်တယ်ဆိုရင် အချက် ၃ချက်ကိုမှတ်ထားရုံပါပဲ။ဘယ်လိုအချက်တွေလဲဆိုရင်…
၁)ပထမဆုံး ဒီအကျင့်ဆိုးကို ဖျောက်မယ်ဆိုတဲ့စိတ်အမြဲတွေးနေပါ
အကျင့်ဆိုးကိုဖျောက်မယ်လို့မတွေးသရွေ့ဆက်လုပ်နေဦးမှာပါ။အဲ့ဒါကြောင့် အကျင့်ဆိုးကို ဖျောက်မယ်လို့တွေးနေပါ။အဲ့ဒါမှ အဲ့ဒီအကျင့်ဆိုးကိုလုပ်မိတော့မယ်ဆိုရင်” အော် ငါဒါကို သေချာဖျောက်မှဖြစ်မယ်၊င့ါအတွက်မကောင်းဘူး”လို့တွေးမိပြီး အရင်ကထက် အဲ့ဒီအကျင့်ဆိုးကိုလုပ်တာနည်းလာပါလိမ့်မယ်။
၂)ကောင်းတဲ့အကျင့်နဲ့အစားထိုးပါ
ဒါက အကျင့်ဆိုးကိုအကျင့်ကောင်းနဲ့ အစားထိုးတဲ့နည်းပါ။သင်က ဆေးလိပ်ဖြတ်ချင်ပေမဲ့ ဆေးလိပ်သောက်ချိန်ကျရင် စိတ်ကမနေနိုင်၊အာသီသဖြစ်လာတတ်ပါတယ်။အဲ့ဒီအခါ ပီကေဝါးတဲ့အကျင့်နဲ့ အစားထိုးပါ။ပီကေကိုလည်းအချိုမပါ၊အရောင်မပါတဲ့ပီကေမျိုး ရွေးချယ်ပြီးဝယ်ထားဆောင်ထားပါ။ပီကေဝါးတာက ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ သွားကျန်းမာရေးလည်းကောင်းမွန်စေပါတယ်။တဖြည်းဖြည်းနဲ့ ဆေးလိပ်သောက်တဲ့ အကြိမ်ရေနည်းလာပါလိမ့်မယ်။ကျန်းမာရေးနဲ့မညီညွတ်တဲ့အအေးတွေ၊ဆိုဒါတွေ၊အစားအစာတွေစားတော့မယ်ဆိုရင်လည်းမစားခင်၊မဝယ်ခင်မှာ ဒီအကျင့်ကြီးကမကောင်းဘူးလို့တွေးပါ။ပြီးရင်
တစ်ခြားဗိုက်ပြည့်ပြီးအာဟာရရှိတဲ့အစားအစာတွေကိုရွေးချယ်ဝယ်ယူပါ။အရမ်းစားချင်နေရင် တစ်လကိုတစ်ခါဖြစ်စေ သတ်မှတ်ပြီးစားပါ။
၃)ယုံကြည်မှုရှိပါ
အကျင့်ဆိုးတစ်ခုကိုဖျောက်ဖျက်ပစ်ဖို့ဆိုတာမလွယ်တာမှန်ပါတယ်။ဒါပေမဲ့ခဏတာလေးလုပ်ကြည့်ပြီး ဒီအကျင့်ကြီးကိုတော့ ငါ့တစ်သက်ဖျောက်လို့ရမှာမဟုတ်ပါဘူးလို့မတွေးပါနဲ့။ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုအပြည့်ရှိပါ။ပြီးရင်ဖြည်းဖြည်းချင်းရအောင်ဖြတ်မယ်ဆိုတဲ့စိတ်ကိုမွေးထားပါ။ယုံကြည်မှုမရှိရင် ၁၀၀ မှာ ၅ဝလောက်ရှုံးပြီးသားပါတဲ့။
ကိုယ့်အတွက်မကောင်းတဲ့အကျင့်မှန်းသိရက်နဲ့ မစွန့်လွှတ်နိုင်တာ ကိုယ့်စိတ်ကိုသက်တောင့်သက် သာဖြစ်စေပါတယ်။သို့ပေမဲ့လည်း စိတ်ကိုသက်တော့င်သက်သာချည်းပဲ အမြဲတမ်းဖြစ်ခိုင်း လို့မရဘူးလေ။ကျန်းမာရေးအတွက်မကောင်းဘူးဆိုရင် ရှောင်သင့်တာရှောင် ၊ဖြတ်သင့်တာဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
98 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.