စစ်မှုထမ်းဆောင်ပြီး ပထမဆုံးအကြိမ် Variety Show မှာ မြင်တွေ့ရမယ့် Lee Seung Gi
Unicode
တောင်ကိုရီးယားမင်းသားချော Lee Seung Gi ဟာ ‘Knowing Brothers’ တီဗီအစီအစဉ်မှာ ဧည့်သည်အဖြစ် မကြာခင်ပြန်လည်ရိုက်ကူးမယ်လို့သိရပါတယ်။ဒီအစီအစဉ်မှာ
“1 Night 2 Days’ variety show ရဲ ့season 1 မှာအတူပါဝင်ခဲ့ဖူးတဲ့ Kang Ho Dong နဲ့ Lee Soo Geun တို့လည်း ပြန်ပြီးပါဝင်မှာဖြစ်တယ်လို့ ပြည်ပမီဒီယာတွေကဖော်ပြထားပါတယ်။
‘Knowing Brothers’ အစီအစဉ်ကို ဧပြီ ၁၂ရက်နေ့မှာစတင်ရိုက်ကူးမှာဖြစ်ပြီး ဒီဟာက Lee Seung Gi စစ်မှုထမ်းဆောင်ရာက ပြန်လာပြီး ပထမဆုံးအကြိမ် Variety Show
မှာဧည့်သည်အဖြစ်ပါဝင်တာပဲဖြစ်ပါတယ်။Lee Seung Gi ဟာ အောက်တိုဘာ ၃၁ရက်နေ့က စစ်မှုထမ်းဆောင်ရာကနေ ပြန်လာခဲ့တာဖြစ်ပါတယ်။’KnowingBrothers’အစီအစဉ်ရိုက်ကူးပြီး ဧပြီလလယ်လောက်မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။
‘Knowing Brothers’အစီအစဉ်က ၂၀၁၅၊ဒီဇင်ဘာ ၅ရက်နေ့မှာစတင်ပြသခဲ့တာဖြစ်ပြီး ပါဝင်တဲ့သရုပ်ဆောင်တွေက အထက်တန်းကျောင်းသား၊ကျောင်းသူတွေအဖြစ် သရုပ်ဆောင်ရင်းအစီအစဉ်တင်ဆက်ကြတာဖြစ်ပါတယ်။ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေတဲ့အစီအစဉ်တစ်ခုဖြစ်ပြီး ကိုရီးယားနိုင်ငံVariety Show တွေထဲမှာ အောင်မြင်နေတဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။
43 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.