Busကားပေါ်တို့ရထားပေါ်တို့မှာမပြုလုပ်သင့်တဲ့ခပ်ရိုင်းရိုင်းအပြုမူတွေက
(၁) နေရာလုထိုင်တာ
ဆုတောင်းရင်း…
Unicode
Bus ကားတို့ ရထားတို့လို လူအများနဲ့ရောပြီးစီးနှင်းလိုက်ပါရတဲ့ နေရာမျိုးတွေမှာ ကိုယ့်ရဲ့မထင်မှတ်ပဲလုပ်လိုက်မိတဲ့ အပြုမူတစ်ချို့ကလူတစ်ချို့အတွက်ရောကိုယ့်ရဲ့သိက္ခာ အတွက်ပါ ဆိုးဝါးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို လူအများနဲ့လိုက်ပါစီးနှင်းရတဲ့ယာဉ်ပေါ်တွေ မှာ မပြုလုပ်သင့်တဲ့ရိုင်းစိုင်းသလိုဖြစ်သွားစေတဲ့ အပြုမူတစ်ချို့ကဘာတွေဖြစ်မလဲဆိုတာ…
(၁) နေရာလုထိုင်တာ
လူအများနဲ့စီးတဲ့အခါမှာနေရာလုတာကြီးဟာ ယောကျင်္ားလေး အတွက်ပဲဖြစ်ဖြစ် မိန်းကလေး အတွက်ပဲဖြစ်ဖြစ် သိပ်ကိုရုပ်ပေါက်လွန်းတဲ့အရာကြီးပါ။ ကိုယ့်ရှေ့ကခုံအားလို့ထိုင်တာမျိုးု မဟုတ်ပဲ ကိုယ်နဲ့အလှမ်းဝေးတဲ့နေရာကလူထလို့အဲ့နေရာထိ အပြေးလွှားသွားပြီးအဲ့ခုံနားမှာရပ်နေတဲ့သူနဲ့အပြိုင်ခုံလုတာမျိုးတွေရှိတတ်ပါတယ်။ဘယ်လိုပဲလုလု သူတစ်ပါးကိုဦးစားပေးပြီးမှ ကိုယ်ထိုင်တာ ဟာ အများမြင်မှာလည်းကြည့်ကောင်းပြီး ယဉ်ကျေးတဲ့ အပြုမူတစ်ခုပါ။
(၂) နေရာပေးဖို့အလိုက်မသိတာ
ခုံနေရာအားတဲ့အချိန်ကိုယ်ဝင်မထိုင်ခင်ပါဘေးဘယ်ညာ မှာရဟန်းသင်္ဃာတွေ၊သီလရှင်တွေ၊ အဖိုးဖွားတွေ သက်ကြီးရွယ်အိုတွေ ဗိုက်ကြီးသည်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ကလေးသူငယ်တွေတွေ့ရင်ဒီလူတွေကို အရင်ဦးစားပေးပြီးထိုင်ခိုင်ဖို့လုပ်သင့်ပါတယ်။ ငါ့ရှေ့မှာလွတ်တာငါထိုင်လို့ရတာပဲဆိုပေမဲ့ ဦးစားပေးသင့်တယ်လို့အများကခံယူထားတဲ့သူတွေကိုဦးစားပေးထိုင်ခြင်းဟာလည်းလုပ်သင့်တဲ့အရာတစ်ခုပါပဲ။
(၃) ထိုင်ပြီးတာနဲ့ပတ်ဝန်းကျင်ကိုဂရုမစိုက်တော့တာ
ခုံနေရာတော့ မလုပ်ပါဘူး၊ ထိုင်ခိုင်းသင့်တယ်လူတွေလည်းဦးစားပေးပြီးထိုင်ခိုင်းပြီးလို့ကိုယ်တိုင်ထိုင်နေရပြီဆိုပါစို့။ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ မတ်တပ်ရပ်ကျန်နေတဲ့သူတွေဆီက မနိုင်မနင်းအထုတ်အပိုးတွေ အိတ်တွေ ပစ္စည်းတွေကို ထိုင်ရက်နဲ့ကိုယ်ကကိုင်ပေးဖို့မမေ့ပါနဲ့။ ကိုယ်ထိုင်ခုံရပြီဆိုတာနဲ့ပတ်ဝန်းကျင်ကိုကူညီပေးဖို့မေ့နေပြီးဖုန်းကိုငုံ့သုံးနေတတ်တဲ့သူမျိုးတွေလည်းရှိတတ်ပါတယ်။ ဒါကြောင့်ယဉ်ကျေးပြီးနိုင်ငံကြီးသားပီသတဲ့သူအနေနဲ့အလိုက်သိဖို့လိုပါတယ်။
(၄) ခြေထောက်တစ်ဖျပ်ဖျပ်လှုပ်တာ
မိန်းကလေးပဲဖြစ်ဖြစ် ယောကျင်္ားလေးပဲဖြစ်ဖြစ် တစ်ချို့သောသူတွေမှာ ခြေထောက်ကို ခါခါပြီးလှုပ်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒီအပြုမူဟာလူကြားသူကြားထဲမှာ ဘယ်နိုင်ငံရောက်ရောက်ဘယ်ဒေသရောက်ရောက်ကြည့်ရဆိုးဝါးလှတဲ့အရာပါ။ ဒါကြောင့်ဒီလိုမပြုမူမျိုးကို ရိုင်းဖို့မရည်ရွယ်ပင်မဲ့လည်းအကျင့်ရှိတယ်ဆိုဖျောက်ပစ်ဖို့လိုပါတယ်။
(၅) တိုးထွက်တဲ့အခါတောင်းပန်စကားမဆိုတတ်တာ
အထူးသဖြင့်Bus ကားပေါ်ပဲဖြစ်ဖြစ်ရထားပေါ်မှာပဲဖြစ်ဖြစ် လူတိုးရတဲ့အခါ (သို့) ကိုယ်ကားပေါ်က ဆင်းခံနီးလူတွေကိုတိုးပြီထွက်ရတဲ့အခါ Sorry ဆိုတာမျိုးလေးပါးစပ်ကထွက်ဖို့ဝင်မလေးပါနဲ့။ ဘယ်သူ့ရယ်ကိုမှသီးသန့်တောင်းပန်တာမျိုးမဟုတ်ပဲ ကိုယ်ကားပေါ်ကတိုးဆင်းသွားလို့အတိုးခံလိုက်ရတဲ့သူတွေကိုယဉ်ကျေးသမှုနဲ့တောင်းပန်တာမျိုးမလို့ဒီလိုအပြုမူမျိုးကို အလေ့အကျင့်ရှိသင့်ပါတယ်။
နေ့တလူလူဝ လူအများနဲ့ဆက်ဆံသွားလာနေရတဲ့နေရာမျိုးမှာ တစ်ချို့ကိုယ်မသိလိုက်ပဲလုပ်မိတဲ့အပြုမူတွေဟာ ရိုင်းသလိုဖြစ်သွားတတ်တာမို့အတတ်နိုင်ဆုံး ဆင်ခြင်နိုင်ကြပါစေလို့
ဆုတောင်းရင်း…
171 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.