‘A Quiet Place’ ဇာတ်ကားဟာ တစ်ပတ်စာ Box office မှာတော့ ဆူညံ့ပွက်လောရိုက်အောင် လုပ်သွားလေပြီ။ ဒါရိုက်တာ John Krasinski ရိုက်ကူးထားတာဖြစ်ပြီး စအဖွင့်မှာတင် ရုပ်ရှင်ရုံပေါင်း ၃၅ဝ၈ ရုံမှာ ဒေါ်လာ ၅ဝ.၃သန်း ရောင်းချနိုင်ခဲ့တာဟာ ခန့်မှန်းထားတာထက်ကို မြင့်တက်နေခဲ့ပါတယ်။ ဒေါ်လာ ၂ဝ၂သန်းနဲ့အတူ ဖေဖော်ဝါရီလအတွင်းပြသခဲ့တဲ့ ‘Black Panther’ ပြီးရင် ဒုတိယအဖွင့်ကောင်းဆုံး ဇာတ်ကားတစ်ခုလို့ပြောရပါမယ်။ Rotten Tomatoes မှာလည်း ထိုဇာတ်ကားစံနှုန်းက က ၉၇ရာခိုင်နှုန်းအခိုင်မာရရှိထားပါတယ်။
‘A Quiet Place’ မှာ ပါဝင်သရုပ်ဆောင်ထားသူများကတော့ Emily Blunt နဲ့ John Krasinski ဖြစ်ပြီး Pramount Pictures မှ ထုတ်လုပ်ဖြန့်ချိပါတယ်။ အမေရိကန်မှာ ဧပြီလ (၆)ရက်နေ့က ထွက်ရှိသွားပါပြီ။ ရင်ခုန်စိတ်လှုပ်ရှားစရာ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းကို မကြာခင်ကြည့်ရှုရတော့မှာဖြစ်ပါတယ်…
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။