Lee Dong Wook ရဲ့အနုပညာသက်တမ်းတစ်လျှောက် အဆင့်ဆင့်ပြောင်းလဲလာပုံများ

Goblin ရုပ်ရှင်ထဲမှ ခေးတို့ရဲ့အသည်းစွဲမင်းသားတစ်ဦးဖြစ်လာတဲ့  Lee Dong Wook ဟာ ၁၉၉၉ခုနှစ်တွင် School 2ရုပ်ရှင်က ဇာတ်ဝင်ခန်းတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အသက် ၁၈နှစ်သာရှိသေးတဲ့ မျက်နှာသစ်မင်းသားလေးဟာ မော်ဒယ်အတွေ့အကြုံနဲ့ သရုပ်ဆောင် ဒီဂရီတွေလည်း ပိုင်ဆိုင်ထားပြီးသားဖြစ်ပါတယ်။

အဓိက မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကတော့ The Best Theater on the Road ဖြစ်ပြီး ပညာရေးပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲမှုတွေကြား စိတ်ရှုပ်ထွေးစွာ ဖြတ်သန်းနေရတဲ့ အထက်တန်းကျောင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ပထဆုံး ဇာတ်ကားမှာတင် သူ့ရဲ့သရုပ်ဆောင်ဟန်နဲ့ ချစ်စရာကောင်းတဲ့ မျက်နှာထားဟာ မိန်းကလေးများနှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီးသားပါ။

ထိုအချိန်တုန်းကတော့ ငယ်သေးတော့ မျက်နှာလည်း နည်းနည်းပြည့်ပြီး ဝိတ်လေးလည်းတက်ခဲ့တာပေါ့ ။ အချိန်အတိုင်းတာတစ်ခုထိရောက်တော့ သူ့ရဲ့ကလေးလိုမျက်နှာလည်း ပျောက်သွားခဲ့ပြီး ယောက်ျားပီသတဲ့ အသွင်တစ်ခုအဖြစ်ပြောင်းလဲလာတယ်။ မျက်ရစ်အနည်းငယ်နဲ့ မျက်နှာကျပုံကို ခွဲစိတ်ခဲ့ကြောင်းတော့ သိရပါတယ်။

၂ဝဝ၅ခုနှစ် ဇာတ်ကား My Girl မှာတော့ သူဒိတ်ဒိတ်ကြဲအောင်မြင်တဲ့ နှစ်လို့ပြောရပါမယ်။ မထင်မှတ်ထားတဲ့ ပရိတ်သတ်တွေ တရှိန်ထိုးများပြားလာတာတွေ့ရပါတယ်။ နောက်ပိုင်း သူ့ရဲ့ခန္ဓာကိုယ် အချိုးဆစ်တွေ တဖြည်းဖြည်းပြောင်းလဲလာတယ်။ Scent of a Woman ရုပ်ရှင်မှာ ကမ်းခြေ နဲ့ ရေချိုးတဲ့ scene ပါတဲ့အတွက် Body ကစားခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

၂ဝ၁၃မှာတော့ သူ့ရဲ့ပြောင်းလဲမှုက ပရိတ်သတ်တွေကို မျက်လုံးပြူးစေတယ်။ ခုနောက်ဆုံး Goblin ဇာတ်ကားမှာတော့ သူ့ရဲ့ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ဟန်တွေဟာ တကယ်ကိုသဘာဝကျလာပြီး အသက်ရွယ်ကလည်း မထင်ထားလောက်အောင် နုပျိုနေတာတွေ့ရပါတယ်။ အခု အသက် ၃၆ နှစ်ရှိပါပြီ။ Suzy နဲ့လည်း ဒိတ်နေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပြန်လည်ပြတ်စဲသွားပြီလို့လည်း သိရပါတယ်။ ကာယံကရှင်များမှ လွဲရင် ဘယ်သူမှတော့ ပိုမသိနိုင်…. ။

71 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.