ကိုယ့္ခ်စ္သူရဲ ႔အက်င့္စရိုက္ေတြကုိေျပာင္းလဲဖို႔ၾကိဳးစားေနတာဟာ တကယ္ေရာမွန္ကန္ရဲ႔လား?

ေျပာင္းလဲတာ ေကာင္းပါတယ္။ဒါေပမဲ႔ တစ္ျခားသူေတြကုိမေျပာင္းလဲပါနဲ႔။ကုိယ့္ကုိယ္ကုိယ္ပဲ ေျပာင္းလဲပါတဲ႔။ကုိယ္ေတြက တစ္ျခားသူတစ္ေယာက္ရဲ ႔အေလ့အက်င့္ေတြ၊အက်င့္စရိုက္ေတြကုိ ေျပာင္းလဲပစ္ဖို႔ အၾကိမ္ေပါင္းမ်ားစြာၾကိဳးစားေနေလ့ရွိပါတယ္။ေျပာင္းလဲလာမလားဆုိတဲ႔ စိတ္ေတြနဲ႔ေပါ့။ဒါေပမဲ႔ တစ္ျခားသူတစ္္ေယာက္ကုိ ေျပာင္းလဲဖုိ႔ၾကိဳးစားေနတာက တကယ္ေရာ အက်ိဳးရွိလို႔လား၊ေကာင္းမြန္လို႔လားစဥ္းစားၾကည့္ပါ။အထူးသျဖင့္စံုတြဲေတြမွာ ကုိယ့္ရဲ ႔လက္တြဲေဖာ္ဆီမွာရွိေနတဲ႔အမူအက်င့္တစ္ခ်ိဳ႔ကုိမၾကိဳက္လုိ႔ေျပာင္းလဲဖို႔ေျပာၾကတယ္။ဖိအားေပးၾကတယ္။သူတို႔တကယ္ေရာ ေျပာင္းလဲရဲ႔လား? တစ္ခ်ိဳ႔တစ္၀က္ကေတာ့ ခ်စ္တဲ႔စိတ္ၾကီးမားလို႔ သူ႔အတြက္ငါၾကိဳးစားျပင္မဟဲ႔ဆိုျပီး ေျပာင္းလဲသြားတာေတြရွိပါတယ္။
ဒါေပမဲ႔ မ်ားေသာအားျဖင့္ေတာ့ တစ္ျခားသူတစ္ေယာက္ကိုေျပာင္းလဲဖုိ႔ၾကိဳးစားေနတာဟာ သူတို႔ကုိပုိဆိုးလာေစတာပါတဲ႔။ဘယ္လိုမ်ိဳးလဲဆိုရင္…

၁)အရြဲ႔တိုက္လာမယ္
တစ္ခါတစ္ေလ သေဘာထားေသးသိမ္တဲ႔သူေတြဆိုရင္ သူတို႔ကုိေကာင္းေစခ်င္္လို႔ ေျပာင္းလဲဖု႔ိေျပာေပမဲ႔ သူတုိ႔ရဲ႔စိတ္ထဲမွာေတာ့ ငါ့ကုိဆရာၾကီးလာလုပ္ရမလား၊
ငါလုပ္ေနတာ ဘာမွမမွားဘူး။ငါ့ကိုလာျပီးလႊမ္းမိုးခ်င္ေနတယ္စသျဖင့္ေတြးေန တတ္ပါတယ္။အဲ႔ဒီအခါက် သူတို႔က ပုိျပီးအရြဲ႔တိုက္လာတတ္ပါတယ္။ဒါက
သူတို႔ရဲ ႔အျပဳအမူကုိ ပိုျပီးဆုိး၀ါးေစတာပါပဲ။

၂)ဟန္ေဆာင္လာမယ္
တစ္ခ်ိဳ႔က်ေတာ့လည္း ကိုယ့္ရဲ ႔ခ်စ္သူကုိခ်စ္တယ္၊ဒါေပမဲ႔ မေျပာင္းလဲခ်င္ၾကဘူး။အဲ႔ဒါေၾကာင့္ ေရွ႔မွာတစ္မ်ိဳး၊ကြယ္ရာတစ္မ်ိဳးလုပ္လာၾကတယ္။ဥပမာ ကုိယ့္ခ်စ္သူေရွ႔မွာေတာ့ ေဆးလိပ္္မေသာက္တာ၊အရက္ျဖတ္လိုက္ျပီလို႔ညာေျပာတာစသျဖင့္၊မိန္းကေလးဆိုရင္လည္း ကုိယ့္ခ်စ္သူမၾကိဳက္ဘူးေျပာထားတဲ႔အရာကုိသူ႔ေရွ႔မွာေတာ့မလုပ္၊ ကြယ္ရာက်မွလုပ္တာမ်ိဳးေပါ့။အဲ႔ဒီလိုေရွ႔မွာေတာ့ဟန္ေဆာင္ေနျပီးေနာက္ကြယ္မွာလုပ္ခ်င္တာကုိလုပ္ေနတဲ႔အခါ ခ်စ္သူကျပန္သိသြားရင္ႏွစ္ေယာက္လံုးအတြက္ မေကာင္းႏုိင္ပါဘူး။ ဟန္ေဆာင္တယ္ဆိုတာလည္းလိမ္ညာျခင္းတစ္မ်ိဳးပါပဲ။

၃)ေရွာင္ဖယ္လာမယ္
လူတစ္ေယာက္္ရဲ႔အက်င့္စရိုက္ဆိုတာ လြယ္လြယ္နဲ႔ေျပာင္းလဲပစ္လို႔မရသလို ေျပာင္းလဲခ်င္တဲ႔စိတ္ရွိမွျဖစ္တာပါ။အဲ႔ဒါကုိ ေဘးကေနတတြတ္တြတ္ေျပာေနမယ္၊
မျပင္ရေကာင္းလားဆိုျပီး စကားစပ္မိတိုင္းေျပာဆိုေနမယ္ဆုိရင္ သင္တို႔ရဲ႔ Relationship ၾကီးက စိတ္ညစ္စရာၾကီးျဖစ္ေနမွာပါ။ဘယ္သူကမွနားပူမခံခ်င္ၾကပါဘူး။အဲ႔ဒီအခါက်ေတာ့ ေတြ႔ရင္လည္းဒါေတြပဲထပ္ေျပာေနမွာပဲဆိုျပီးခ်ိန္းရင္မအားဘူးလို႔အေၾကာင္းျပခ်က္ေတြမ်ိဳးစံုေပးျပီးေရွာင္ေနပါလိမ့္မယ္။

၄)သင့္အတြက္ပိုနာက်င္စရာျဖစ္ႏုိင္မယ္
သင့္ခ်စ္သူက သင့္ကိုခ်စ္တဲ႔စိတ္နဲ႔ေျပာင္းလဲဖုိ႔ၾကိဳးစားေပမဲ႔ အက်င့္စရိုက္ဆိုတာ တစ္ခ်က္တစ္ခ်က္ ေတာ့ျပန္ေပၚလာစျမဲပါပဲ။ေဒါင္းေယာင္ေဆာင္ထားတဲ႔က်ီးပံုျပင္လိုေပါ့။ အဲ႔ဒီလိုေပၚလာတဲ႔အခါသင့္ရဲ႔စိတ္ကုိပုိျပီးနာက်င္ေစပါတယ္။ နားလည္ေပးနုိင္ရင္ေတာ့ ေကာင္းတာေပါ့။နားမလည္ေပးႏုိင္တဲ႔အခါ ငါဘယ္ေလာက္ေျပာေျပာ
မရပါလားဆုိတဲ႔စိတ္ၾကီးနဲ႔ ပုိျပီး၀မ္းနည္းခံစားရႏုိင္ပါတယ္။

၅)လမ္းခြဲျပတ္စဲဖို႔ေျပာလာမယ္
အျပတ္အျပတ္နဲ႔ႏွာေခါင္းေသြးထြက္ဆုိသလို သင့္ဘက္က သူတို႔ရဲ ႔အက်င့္စရိုက္ေတြ ကုိေျပာင္းလဲဖု႔ိ အတင္းအက်ပ္ဖိအားေပးလာတဲ႔အခါစိတ္ေတြရႈပ္ေထြးလာတတ္ ပါတယ္။အဲ႔ဒီအခါက် သင့္ေဘးနားမွာရွိေနခ်င္ေတာ့မွာမဟုတ္ပါဘူး။လူတိုင္းမွာ ကိုယ့္ဘ၀နဲ႔ကိုယ္ရွိၾကပါတယ္။ဘယ္ေလာက္ပဲကုိယ္က ေကာင္းေစခ်င္လို႔ေျပာတာျဖစ္ျဖစ္ တစ္ျခားသူတစ္ေယာက္ရဲ ႔ဘ၀ကုိ ကုိယ္လိုသလိုေဆးသြားျခယ္လိ႔ုမရပါဘူး။ဒါကုိ ေမ့ေနရင္ေတာ့ သင္ပဲနာက်င္ခံစားရမွာပါ။

၆)လူတစ္ေယာက္ကုိေျပာင္းလဲဖို႔ၾကိဳးစားတာဟာ အတၱၾကီးျခင္းပဲ
ေနာက္ဆံုးအေနနဲ႔ေျပာရမယ္ဆိုရင္ ျပန္စဥ္းစားၾကည့္ပါ။ခ်စ္သူဆီက အက်င့္စရိုက္ေတြကုိ ေျပာင္းလဲပစ္ခ်င္ေနတာ တကယ္ေရာသူ႔အတြက္လား?သင္ကိုယ္
တိုင္အတြက္မဟုတ္ဘူးလား?သင္နဲ႔အတူ ဘ၀ကုိလက္တြဲသြားမယ္ဆိုရင္ ပတ္၀န္းက်င္အျမင္မွာေကာင္းဖို႔၊သင့္မိဘေတြအျမင္မွာေကာင္းဖို႔၊ေဆြမ်ိဳးေတြရဲ ႔
အေျပာအဆိုမခံရဖို႔၊အထင္ၾကီးခံရဖို႔ သင့္ခ်စ္သူမွာရွိတဲ႔ သင္မၾကိဳက္တဲ႔အက်င့္စရုိက္ေတြ ကုိေျပာင္းလဲပစ္ခ်င္ေနတာမွ ဟုတ္ရဲ႔လား? ဒါက အတၱၾကီးျခင္းတစ္မ်ိဳး
ပါပဲ။ကုိယ္ေပ်ာ္ရႊင္ရဖို႔ တစ္ျခားသူရဲ ႔အက်င့္္စရုိက္ေတြကုိေျပာင္းလဲဖို႔ၾကိဳးစားေနတာ မမ်ွတပါဘူး။သူ႔ရဲ႔အက်င့္စရုိက္ေတြကုိေျပာင္းလဲေစခ်င္ရင္ သူမၾကိဳက္တဲ႔
သင့္ရဲ႔အျပဳအမူေတြကုိေရာ ေျပာင္းလဲႏုိင္ရဲ႔လား?

တစ္ျခားသူကိုေျပာင္းလဲဖို႔မၾကိဳးစားပါနဲ႔။သူက သင့္အေပၚတကယ္ ခ်စ္ရင္ၾကိဳးစားျပီး ေျပာင္း္လဲလာပါလိမ့္မယ္။ အျပန္အလွန္နားလည္မႈရွိျပီးရိုးေျမက်ေပါင္းဖက္သြား
ၾကတဲ႔စံုတြဲေတြဆုိတာ တစ္ေယာက္ကုိတစ္ေယာက္ေျပာင္းလဲဖို႔ၾကိဳးစားေနတာထက္ တစ္ေယာက္ရဲ ႔လိုအပ္ခ်က္ေတြကုိ တစ္ေယာက္က ေျပာျပျပီးနွစ္ေယာက္စလံုး ျပင္ဆင္ၾကိဳးစားသြားၾကတာပါ။

ပြောင်းလဲတာ ကောင်းပါတယ်။ဒါပေမဲ့ တစ်ခြားသူတွေကိုမပြောင်းလဲပါနဲ့။ကိုယ့်ကိုယ်ကိုယ်ပဲ ပြောင်းလဲပါတဲ့။ကိုယ်တွေက တစ်ခြားသူတစ်ယောက်ရဲ ့အလေ့အကျင့်တွေ၊အကျင့်စရိုက်တွေကို ပြောင်းလဲပစ်ဖို့ အကြိမ်ပေါင်းများစွာကြိုးစားနေလေ့ရှိပါတယ်။ပြောင်းလဲလာမလားဆိုတဲ့ စိတ်တွေနဲ့ပေါ့။ဒါပေမဲ့ တစ်ခြားသူတစ််ယောက်ကို ပြောင်းလဲဖို့ကြိုးစားနေတာက တကယ်ရော အကျိုးရှိလို့လား၊ကောင်းမွန်လို့လားစဉ်းစားကြည့်ပါ။အထူးသဖြင့်စုံတွဲတွေမှာ ကိုယ့်ရဲ ့လက်တွဲဖော်ဆီမှာရှိနေတဲ့အမူအကျင့်တစ်ချို့ကိုမကြိုက်လို့ပြောင်းလဲဖို့ပြောကြတယ်။ဖိအားပေးကြတယ်။သူတို့တကယ်ရော ပြောင်းလဲရဲ့လား? တစ်ချို့တစ်ဝက်ကတော့ ချစ်တဲ့စိတ်ကြီးမားလို့ သူ့အတွက်ငါကြိုးစားပြင်မဟဲ့ဆိုပြီး ပြောင်းလဲသွားတာတွေရှိပါတယ်။
ဒါပေမဲ့ များသောအားဖြင့်တော့ တစ်ခြားသူတစ်ယောက်ကိုပြောင်းလဲဖို့ကြိုးစားနေတာဟာ သူတို့ကိုပိုဆိုးလာစေတာပါတဲ့။ဘယ်လိုမျိုးလဲဆိုရင်…

၁)အရွဲ့တိုက်လာမယ်
တစ်ခါတစ်လေ သဘောထားသေးသိမ်တဲ့သူတွေဆိုရင် သူတို့ကိုကောင်းစေချင််လို့ ပြောင်းလဲဖို့ပြောပေမဲ့ သူတို့ရဲ့စိတ်ထဲမှာတော့ ငါ့ကိုဆရာကြီးလာလုပ်ရမလား၊
ငါလုပ်နေတာ ဘာမှမမှားဘူး။ငါ့ကိုလာပြီးလွှမ်းမိုးချင်နေတယ်စသဖြင့်တွေးနေ တတ်ပါတယ်။အဲ့ဒီအခါကျ သူတို့က ပိုပြီးအရွဲ့တိုက်လာတတ်ပါတယ်။ဒါက
သူတို့ရဲ ့အပြုအမူကို ပိုပြီးဆိုးဝါးစေတာပါပဲ။

၂)ဟန်ဆောင်လာမယ်
တစ်ချို့ကျတော့လည်း ကိုယ့်ရဲ ့ချစ်သူကိုချစ်တယ်၊ဒါပေမဲ့ မပြောင်းလဲချင်ကြဘူး။အဲ့ဒါကြောင့် ရှေ့မှာတစ်မျိုး၊ကွယ်ရာတစ်မျိုးလုပ်လာကြတယ်။ဥပမာ ကိုယ့်ချစ်သူရှေ့မှာတော့ ဆေးလိပ််မသောက်တာ၊အရက်ဖြတ်လိုက်ပြီလို့ညာပြောတာစသဖြင့်၊မိန်းကလေးဆိုရင်လည်း ကိုယ့်ချစ်သူမကြိုက်ဘူးပြောထားတဲ့အရာကိုသူ့ရှေ့မှာတော့မလုပ်၊ ကွယ်ရာကျမှလုပ်တာမျိုးပေါ့။အဲ့ဒီလိုရှေ့မှာတော့ဟန်ဆောင်နေပြီးနောက်ကွယ်မှာလုပ်ချင်တာကိုလုပ်နေတဲ့အခါ ချစ်သူကပြန်သိသွားရင်နှစ်ယောက်လုံးအတွက် မကောင်းနိုင်ပါဘူး။ ဟန်ဆောင်တယ်ဆိုတာလည်းလိမ်ညာခြင်းတစ်မျိုးပါပဲ။

၃)ရှောင်ဖယ်လာမယ်
လူတစ်ယောက််ရဲ့အကျင့်စရိုက်ဆိုတာ လွယ်လွယ်နဲ့ပြောင်းလဲပစ်လို့မရသလို ပြောင်းလဲချင်တဲ့စိတ်ရှိမှဖြစ်တာပါ။အဲ့ဒါကို ဘေးကနေတတွတ်တွတ်ပြောနေမယ်၊
မပြင်ရကောင်းလားဆိုပြီး စကားစပ်မိတိုင်းပြောဆိုနေမယ်ဆိုရင် သင်တို့ရဲ့ Relationship ကြီးက စိတ်ညစ်စရာကြီးဖြစ်နေမှာပါ။ဘယ်သူကမှနားပူမခံချင်ကြပါဘူး။အဲ့ဒီအခါကျတော့ တွေ့ရင်လည်းဒါတွေပဲထပ်ပြောနေမှာပဲဆိုပြီးချိန်းရင်မအားဘူးလို့အကြောင်းပြချက်တွေမျိုးစုံပေးပြီးရှောင်နေပါလိမ့်မယ်။

၄)သင့်အတွက်ပိုနာကျင်စရာဖြစ်နိုင်မယ်
သင့်ချစ်သူက သင့်ကိုချစ်တဲ့စိတ်နဲ့ပြောင်းလဲဖို့ကြိုးစားပေမဲ့ အကျင့်စရိုက်ဆိုတာ တစ်ချက်တစ်ချက် တော့ပြန်ပေါ်လာစမြဲပါပဲ။ဒေါင်းယောင်ဆောင်ထားတဲ့ကျီးပုံပြင်လိုပေါ့။ အဲ့ဒီလိုပေါ်လာတဲ့အခါသင့်ရဲ့စိတ်ကိုပိုပြီးနာကျင်စေပါတယ်။ နားလည်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။နားမလည်ပေးနိုင်တဲ့အခါ ငါဘယ်လောက်ပြောပြော
မရပါလားဆိုတဲ့စိတ်ကြီးနဲ့ ပိုပြီးဝမ်းနည်းခံစားရနိုင်ပါတယ်။

၅)လမ်းခွဲပြတ်စဲဖို့ပြောလာမယ်
အပြတ်အပြတ်နဲ့နှာခေါင်းသွေးထွက်ဆိုသလို သင့်ဘက်က သူတို့ရဲ ့အကျင့်စရိုက်တွေ ကိုပြောင်းလဲဖို့ အတင်းအကျပ်ဖိအားပေးလာတဲ့အခါစိတ်တွေရှုပ်ထွေးလာတတ် ပါတယ်။အဲ့ဒီအခါကျ သင့်ဘေးနားမှာရှိနေချင်တော့မှာမဟုတ်ပါဘူး။လူတိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ်ရှိကြပါတယ်။ဘယ်လောက်ပဲကိုယ်က ကောင်းစေချင်လို့ပြောတာဖြစ်ဖြစ် တစ်ခြားသူတစ်ယောက်ရဲ ့ဘဝကို ကိုယ်လိုသလိုဆေးသွားခြယ်လို့မရပါဘူး။ဒါကို မေ့နေရင်တော့ သင်ပဲနာကျင်ခံစားရမှာပါ။

၆)လူတစ်ယောက်ကိုပြောင်းလဲဖို့ကြိုးစားတာဟာ အတ္တကြီးခြင်းပဲ
နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် ပြန်စဉ်းစားကြည့်ပါ။ချစ်သူဆီက အကျင့်စရိုက်တွေကို ပြောင်းလဲပစ်ချင်နေတာ တကယ်ရောသူ့အတွက်လား?သင်ကိုယ်
တိုင်အတွက်မဟုတ်ဘူးလား?သင်နဲ့အတူ ဘဝကိုလက်တွဲသွားမယ်ဆိုရင် ပတ်ဝန်းကျင်အမြင်မှာကောင်းဖို့၊သင့်မိဘတွေအမြင်မှာကောင်းဖို့၊ဆွေမျိုးတွေရဲ ့
အပြောအဆိုမခံရဖို့၊အထင်ကြီးခံရဖို့ သင့်ချစ်သူမှာရှိတဲ့ သင်မကြိုက်တဲ့အကျင့်စရိုက်တွေ ကိုပြောင်းလဲပစ်ချင်နေတာမှ ဟုတ်ရဲ့လား? ဒါက အတ္တကြီးခြင်းတစ်မျိုး
ပါပဲ။ကိုယ်ပျော်ရွှင်ရဖို့ တစ်ခြားသူရဲ ့အကျင့််စရိုက်တွေကိုပြောင်းလဲဖို့ကြိုးစားနေတာ မမျှတပါဘူး။သူ့ရဲ့အကျင့်စရိုက်တွေကိုပြောင်းလဲစေချင်ရင် သူမကြိုက်တဲ့
သင့်ရဲ့အပြုအမူတွေကိုရော ပြောင်းလဲနိုင်ရဲ့လား?

တစ်ခြားသူကိုပြောင်းလဲဖို့မကြိုးစားပါနဲ့။သူက သင့်အပေါ်တကယ် ချစ်ရင်ကြိုးစားပြီး ပြောင်း်လဲလာပါလိမ့်မယ်။ အပြန်အလှန်နားလည်မှုရှိပြီးရိုးမြေကျပေါင်းဖက်သွား
ကြတဲ့စုံတွဲတွေဆိုတာ တစ်ယောက်ကိုတစ်ယောက်ပြောင်းလဲဖို့ကြိုးစားနေတာထက် တစ်ယောက်ရဲ ့လိုအပ်ချက်တွေကို တစ်ယောက်က ပြောပြပြီးနှစ်ယောက်စလုံး ပြင်ဆင်ကြိုးစားသွားကြတာပါ။

Unicode

 

132 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.