ယူနီဆက်ဖ် ရဲ့ အဆိုရ အသက် ငါးနှစ်အောက် ကလေးငယ်သုံးယောက်မှာ တစ်ယောက်ဟာ မှတ်ပုံတင်ထားတဲ့ မွေးစာရင်းမရှိဘူးလို့ သိရပါတယ်။ ဆိုမာလီနိုင်ငံမှာဆိုရင် ငါးနှစ်အောက်ကလေး သုံးရာခိုင်နှုန်းသာ တရားဝင် မွေးစာရင်းရှိကြပါတယ်။ ကမ္ဘာတစ်ဝန်းလုံးအရေအတွက်ဆိုရင် ကလေးငယ် အရေအတွက် သန်းပေါင်း (၂၃၀) ဟာ ကမ္ဘာပေါ်မှာ တည်ရှိတယ်လို့ တရားဝင်မပြောဆိုနိုင်ဘူးလို့ Unicef ရဲ့ မှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါ တယ်။ ဒီအတွက်ကြောင့် ဒီတရားဝင်မွေးစာရင်းမရှိတဲ့ကလေးငယ်တွေဟာ စွန့် ပစ်ခံရမှုနဲ့ ကလေးသူငယ်အလွဲ သုံးစားအလုပ်ခံရမှုအန္တရာယ်တွေ ပြည့်နှက်နေပါတယ်။ တရားဝင်မွေးစာရင်းရှိတဲ့ကလေးငယ်တွေသာ ပညာရေးစတဲ့ အခြေခံလူအခွင့်အရေးတွေကို ခံစားရမှာဖြစ်ပါတယ်။ ဒီလိုတရားဝင်မှတ်ပုံတင်မှု အနည်းဆုံး နိုင်ငံ အများစုကတော့ တောင်အာရှနဲ့ အာဖရိကတိုက်တို့ က ပါ။
“ မွေးစာရင်းဆိုတာဟာ ကလေးငယ်အခွင့်အရေးခံစားမှုရရှိဖို့ ထက် ပိုပါတယ်။ လူ့ အဖွဲ့ အစည်းက ဒီကလေးငယ်ရဲ့ အသက်ရှင်ရပ်တည်မှုကို အသိအမှတ်ပြု လိုက်တဲ့သဘောပါပဲ။ တရားဝင်မွေးစာရင်း ရှိမှုဟာ ဒီကလေးငယ်တွေ အမေ့ခံဘ၀၊ လူ့ အခွင့်အရေးဆုံးရှုံးခံဘ၀ တွေ မဖြစ်စေရဖို့ အတွက် အဓိက သော့ချက်ပါပဲ။” လို့ Unicef ရဲ့ တရားဝင်ကိုယ်စားလှယ်အရာရှိ Geeta Rao Gupta က ပြောကြားခဲ့ပါတယ်။
ကလေးတွေဟာ ကိုယ်ပိုင်ထူးခြားတဲ့စွမ်းဆောင်ရည်တွေနဲ့ မွေးဖွားလာကြတာပါ ။ ဒါပေမယ့် လူ့ အဖွဲ့ အစည်း က သူတို့ ကို အသိအမှတ်မပြုဘဲ ၊ ဒီကလေးငယ်တွေ ရှိနေပါတယ်လို့ တောင် မေ့နေကြရင်တော့ ကလေးတွေ အတွက် အန္တရာယ်ဟာ ကြောက်စရာကောင်းလွန်းလှပါတယ်။ ၂၀၁၂ ခုနှစ်ကနေစပြီးတော့ Unicef ဟာ မိုဘိုင်းဖုန်းနဲ့ တရားဝင်မွေးစာရင်း ပြုလုပ်တဲ့ အစီအစဉ်ကို စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ ယူဂန်ဒါနိုင်ငံမှာ မွေးပြီးပြီးချင်း ကလေးငယ်တွေကို မိုဘိုင်းဖုန်းနဲ့ တရားဝင်မွေးစာရင်းပြုလုပ်နိုင်ပြီး အချိန်မိနစ်ပိုင်းသာ ကြာပါတယ်။ အစိုးရ ကြိုးနီစနစ်အတိုင်းသွားမယ်ဆိုရင်တော့ လအနည်းငယ်ကြာနေမှာပါ။ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ဥပဒေစနစ်တွေကို အရေးမထားမှု၊ ယဉ်ကျေးမှုဆိုင်ရာအတားအဆီးများ နဲ့ ကလေးငယ်ကို ရှေ့ ဆက်ပျိုးထောင်ဖို့ ကြောက်ရွံ့ မှုတွေက တရားဝင်မွေးစာရင်းမပြုလုပ်ခြင်းရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်လို့ Unicef က ပြောကြားသွားခဲ့ပါတယ်။
Ref: bbc.co.uk