မင္းသားေခ်ာ Lee Jong-suk ရဲ ႔အခ်စ္ေရးအေၾကာင္း တေစ့တေစာင္း

ေတာင္ကုိရီးယားမင္းသားေခ်ာ Lee Jong-suk ဆိုရင္ မသိတဲ႔မိန္းကေလးပရိသတ္မရွိဘူးဟုတ္! သူသရုပ္ေဆာင္တဲ႔ဇာတ္ကားတိုင္း ေပါက္ခဲ႔သလို ဇာတ္ကားတုိင္းရဲ ႔ မင္းသမီးေခ်ာေတြနဲ႔ တြဲေနတယ္လို႔ေတာင္ သတင္းေတြထြက္ခဲ႔ဖူးတဲ႔သူတစ္ေယာက္ပါ။ဒီလို ပ်ိဳတိုင္းၾကိဳက္တဲ ႔ႏွင္းဆီခိုင္မင္းသားေလးရဲ ႔အခ်စ္ေရးက စိတ္၀င္စားစရာပါပဲ။သူ႔ရဲ ႔အခ်စ္ေရးကုိမေျပာခင္ သူ႔ရဲ ႔အေၾကာင္းေလး နည္းနည္းမိတ္ဆက္ေပးပါမယ္။

Lee Jong-suk ကုိ ၁၉၈၉ခုႏွစ္၊စက္တင္ဘာ ၁၄ရက္ေန႔မွာေမြးဖြားခဲ႔တာျဖစ္ျပီး သူ႔ရဲ ႔ေမြးရပ္ေျမက ေတာင္ကုိရီးယားႏုိင္ငံ၊ေဂ်ာင္ဂီဒိုပါ။အရပ္အျမင့္က၁၈၆ စင္တီမီတာရွိျပီး ကုိယ္အေလးခိ်န္ကေတာ့ ပ်မ္းမ်ွ ၆၅ကီလိုဂရမ္ရွိပါတယ္တဲ႔။ေသြးအုပ္စုကေတာ့ A ပါ။မိန္းကေလးပရိသတ္ေတြကေတာ့ ေသြးအုပ္စုတူရံုနဲ႔တင္ ေပ်ာ္ေနၾကတာပါ။

၂၀၀၅ခုႏွစ္မွာေမာ္ဒယ္လ္စလုပ္ခဲ႔တာျဖစ္ျပီး ဆိုးလ္မွာက်င္းပတဲ႔ဖက္ရွင္ျပပြဲမွာ အငယ္ဆံုးအမ်ိဳးသားေမာ္ဒယ္လ္တစ္ေယာက္အျဖစ္လူသိမ်ားလာခဲ႔တာပါ။
သူ႔ရဲ ႔အရည္အခ်င္းေတြကုိ သိခဲ႔တဲ႔ YG အင္တာတိန္းမန္႔က Lee Jong-suk နဲ႔အတူ စတင္လက္တြဲခဲ႔ျပီး ၂၀၀၉ခုႏွစ္မွာ ဇာတ္လမ္းတို Sympathy ဆုိတဲ႔ရုပ္ရွင္ကုိ ရုိက္ကူးခဲ႔ပါတယ္။၂၀၁၂မွာ School 2013 ဇာတ္ကားရိုက္ကူးခဲ႔ျပီး ပရိသတ္ေတြ သေဘာက်လက္ခံတဲ႔မင္းသားတစ္လက္စတင္ျဖစ္လာခဲ႔ပါတယ္။

၂၀၁၃မွာေတာ့ I Can Hear Your Voice ၊ ၂၀၁၄ မွာ Doctor Stranger ၊Pinocchio ၊၂၀၁၆ မွာ W ၊၂၀၁၇ မွာ While You Were Sleepingဇာတ္လမ္းတြဲတို႔ကုိ ရိုက္ကူးခဲ႔ျပီး မိန္းကေလးပရိသတ္ေတြရဲ ႔အသည္းစြဲမင္းသားတစ္လက္ျဖစ္လာခဲ႔ပါတယ္။ဒီႏွစ္ ၂၀၁၈မွာေတာ့ Hymn of Death ဆိုတဲ႔ဇာတ္ကားကုိ မင္းသမီးေခ်ာ Shin Hye-sun နဲ႔လက္တြဲျပီးရိုက္ကူးေနတယ္လို႔သိရပါတယ္။

မင္းသားရဲ ႔အခ်စ္ေရးကုိစိတ္၀င္စားတဲ႔ပရိသတ္ေတြကေတာ့ သိၾကမွာပါ။ Pinocchio ဇာတ္ကားထဲက တြဲဖက္မင္းသမီးျဖစ္တဲ႔ Park Shin Hye နဲ႔လည္း
တြဲေနတယ္လို႔သတင္းထြက္ခဲ႔ဖူးျပီး ၂၀၁၆မွာရိုက္ကူးခဲ႔တဲ႔ W မင္းသမီး Han Hyo Joo နဲ႔လည္းတြဲေနတယ္လို႔သတင္းထြက္ခဲ႔ဖူးပါတယ္။သူတို႔ကုိစံုတြဲျဖစ္ေစခ်င္တဲ႔ ပရိသတ္ေတြကလည္းမနည္းမေနာပါပဲ။W ဇာတ္ကားမရုိက္ကူးခင္ အခ်ိန္ေတြမွာလည္း သူတို႔ႏွစ္ေယာက္ရဲ ႔ရင္းနွီးမႈေၾကာင့္ပရိသတ္ေတြထင္တာလည္း မဆန္းပါဘူး။ ဒါေပမဲ႔ သူတို႔ႏွစ္ေယာက္ကေတာ့ တြဲေနတယ္ဆိုတဲ႔သတင္းေတြနဲ႔ပတ္သက္လုိ႔ ဘာမွရွင္းလင္းေျပာထားတာမ်ိဳးမရွိပါဘူး။ဒါေပမဲ႔ Han Hyo Joo နဲ႔ လက္တြဲလုပ္ရတာ သက္ေတာင့္သက္သာခံစားရတယ္လုိ႔ Jongsuk ကေျပာျပခဲ႔ဖူးပါတယ္။ေနာက္ပုိင္းမွာေတ့ာ မင္းသမီးေခ်ာ Han Hyo Joo က ေတာင္ကုိရီးယားမင္းသား Kang Do Han နဲ႔ခ်စ္သူေတြျဖစ္ေနတာလို႔ သတင္းထြက္လာခဲ႔ပါတယ္။

အခုလက္ရွိမွာေတာ့ Lee Jong Suk ရဲ ႔ခ်စ္သူနဲ႔ပတ္သက္ျပီး သတင္းအတိအက်မထြက္လာေပမဲ႔ သူ႔ရဲ ႔စံသတ္မွတ္ခ်က္မိန္းကေလးက မင္းသမီး Lee Na Youngလို ပံုစံမ်ိဳးျဖစ္တယ္လို႔ ၀န္ခံထားပါတယ္။Lee Na Young ကုိသေဘာက်သူျဖစ္ျပီး သူမရဲ ႔အမ်ိဳးသား မင္းသားေခ်ာ Won Bin ဆီကေန သူမရဲ ႔လက္မွတ္ေတာင္ေတာင္းခဲ႔ပါေသးတယ္တဲ႔။ျပီးေတာ့ Han Hyo Joo က သူသေဘာက်တဲ႔မိန္းကေလးပံုစံမ်ိဳးျဖစ္တယ္လုိ႔၀န္ခံဖူးခဲ႔ပါတယ္။

Lee Jong Suk ရဲ ႔သူငယ္ခ်င္းျဖစ္တဲ႔ Kim Woo Bin ကေတာ့ Jong suk က သူ႔မွာခ်စ္သူမိန္းကေလးမရွိေသးေပမဲ႔လည္း လက္ထပ္တာနဲ႔ပတ္သက္ျပီးေတာ့
ေဆြးေႏြးရတာကိုၾကိဳက္တယ္လို႔အင္တာဗ်ဴးမွာေျဖခဲ႔ဖူးပါတယ္။Jong Suk က သူ႔ရဲ ႔တြဲဖက္မင္းသားနဲ႔မင္းသမီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရုပ္ရွင္ရုိက္ကူးေနတာကုိျမင္ရင္ လက္ထပ္ခ်င္တဲ့စိတ္ေတြေပၚလာပါတယ္တဲ႔။မင္းသမီး Park Shin Hye နဲ႔လည္းခ်စ္သူေတြလို႔ ပရိသတ္ေတြက ထင္ေနၾကေပမဲ႔မၾကာေသးခင္ကပဲ Park Shin Hye က ခ်စ္သူရွိေၾကာင္းတရား၀င္ေၾကညာခဲ႔ပါတယ္။

အခုလက္ရွိ မင္းသား Lee Jong Suk ရဲ ႔အခ်စ္ေရးကေတာ့ တစ္ေယာက္တည္းပါပဲ။ အင္စတာဂရမ္မွာဓာတ္ပံုေတြတင္ရတာလည္း ႏွစ္သက္သူျဖစ္ျပီး ခ်စ္စရာအျပဳအမူေလးေတြရဲ ႔မိန္းကေလးေတြရဲ ႔အခ်စ္ကုိသိမ္းပုိက္ထားသူပါ။သူ႔ရဲ ႔ပံုရိပ္ေလးေတြကုိ ျပန္ျပီးေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Unicode

တောင်ကိုရီးယားမင်းသားချော Lee Jong-suk ဆိုရင် မသိတဲ့မိန်းကလေးမရှိဘူးဟုတ်! သူသရုပ်ဆောင်တဲ့ဇာတ်ကားတိုင်း ပေါက်ခဲ့သလို ဇာတ်ကားတိုင်းရဲ ့ မင်းသမီးချောတွေနဲ့ တွဲနေတယ်လို့တောင် သတင်းတွေထွက်ခဲ့ဖူးတဲ့သူတစ်ယောက်ပါ။ဒီလို ပျိုတိုင်းကြိုက်တဲ ့နှင်းဆီခိုင်မင်းသားလေးရဲ ့အချစ်ရေးက စိတ်ဝင်စားစရာပါပဲ။သူ့ရဲ ့အချစ်ရေးကိုမပြောခင် သူ့ရဲ ့အကြောင်းလေး နည်းနည်းမိတ်ဆက်ပေးပါမယ်။

Lee Jong-suk ကို ၁၉၈၉ခုနှစ်၊စက်တင်ဘာ ၁၄ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ ့မွေးရပ်မြေက တောင်ကိုရီးယားနိုင်ငံ၊ဂျောင်ဂီဒိုပါ။အရပ်အမြင့်က၁၈၆ စင်တီမီတာရှိပြီး ကိုယ်အလေးချိန်ကတော့ ပျမ်းမျှ ၆၅ကီလိုဂရမ်ရှိပါတယ်တဲ့။သွေးအုပ်စုကတော့ A ပါ။မိန်းကလေးပရိသတ်တွေကတော့ သွေးအုပ်စုတူရုံနဲ့တင် ပျော်နေကြတာပါ။

၂၀၀၅ခုနှစ်မှာမော်ဒယ်လ်စလုပ်ခဲ့တာဖြစ်ပြီး ဆိုးလ်မှာကျင်းပတဲ့ဖက်ရှင်ပြပွဲမှာ အငယ်ဆုံးအမျိုးသားမော်ဒယ်လ်တစ်ယောက်အဖြစ်လူသိများလာခဲ့တာပါ။
သူ့ရဲ ့အရည်အချင်းတွေကို သိခဲ့တဲ့ YG အင်တာတိန်းမန့်က Lee Jong-suk နဲ့အတူ စတင်လက်တွဲခဲ့ပြီး ၂၀၀၉ခုနှစ်မှာ ဇာတ်လမ်းတို Sympathy ဆိုတဲ့ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။၂၀၁၂မှာ School 2013 ဇာတ်ကားရိုက်ကူးခဲ့ပြီး ပရိသတ်တွေ သဘောကျလက်ခံတဲ့မင်းသားတစ်လက်စတင်ဖြစ်လာခဲ့ပါတယ်။

၂၀၁၃မှာတော့ I Can Hear Your Voice ၊ ၂၀၁၄ မှာ Doctor Stranger ၊Pinocchio ၊၂၀၁၆ မှာ W ၊၂၀၁၇ မှာ While You Were Sleepingဇာတ်လမ်းတွဲတို့ကို ရိုက်ကူးခဲ့ပြီး မိန်းကလေးပရိသတ်တွေရဲ ့အသည်းစွဲမင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။ဒီနှစ် ၂၀၁၈မှာတော့ Hymn of Death ဆိုတဲ့ဇာတ်ကားကို မင်းသမီးချော Shin Hye-sun နဲ့လက်တွဲပြီးရိုက်ကူးနေတယ်လို့သိရပါတယ်။

မင်းသားရဲ ့အချစ်ရေးကိုစိတ်ဝင်စားတဲ့ပရိသတ်တွေကတော့ သိကြမှာပါ။ Pinocchio ဇာတ်ကားထဲက တွဲဖက်မင်းသမီးဖြစ်တဲ့ Park Shin Hye နဲ့လည်း
တွဲနေတယ်လို့သတင်းထွက်ခဲ့ဖူးပြီး ၂၀၁၆မှာရိုက်ကူးခဲ့တဲ့ W မင်းသမီး Han Hyo Joo နဲ့လည်းတွဲနေတယ်လို့သတင်းထွက်ခဲ့ဖူးပါတယ်။သူတို့ကိုစုံတွဲဖြစ်စေချင်တဲ့ ပရိသတ်တွေကလည်းမနည်းမနောပါပဲ။W ဇာတ်ကားမရိုက်ကူးခင် အချိန်တွေမှာလည်း သူတို့နှစ်ယောက်ရဲ ့ရင်းနှီးမှုကြောင့်ပရိသတ်တွေထင်တာလည်း မဆန်းပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ကတော့ တွဲနေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ ဘာမှရှင်းလင်းပြောထားတာမျိုးမရှိပါဘူး။ဒါပေမဲ့ Han Hyo Joo နဲ့ လက်တွဲလုပ်ရတာ သက်တောင့်သက်သာခံစားရတယ်လို့ Jongsuk ကပြောပြခဲ့ဖူးပါတယ်။နောက်ပိုင်းမှာတေ့ာ မင်းသမီးချော Han Hyo Joo က တောင်ကိုရီးယားမင်းသား Kang Do Han နဲ့ချစ်သူတွေဖြစ်နေတာလို့ သတင်းထွက်လာခဲ့ပါတယ်။

အခုလက်ရှိမှာတော့ Lee Jong Suk ရဲ ့ချစ်သူနဲ့ပတ်သက်ပြီး သတင်းအတိအကျမထွက်လာပေမဲ့ သူ့ရဲ ့စံသတ်မှတ်ချက်မိန်းကလေးက မင်းသမီး Lee Na Youngလို ပုံစံမျိုးဖြစ်တယ်လို့ ဝန်ခံထားပါတယ်။Lee Na Young ကိုသဘောကျသူဖြစ်ပြီး သူမရဲ ့အမျိုးသား မင်းသားချော Won Bin ဆီကနေ သူမရဲ ့လက်မှတ်တောင်တောင်းခဲ့ပါသေးတယ်တဲ့။ပြီးတော့ Han Hyo Joo က သူသဘောကျတဲ့မိန်းကလေးပုံစံမျိုးဖြစ်တယ်လို့ဝန်ခံဖူးခဲ့ပါတယ်။

Lee Jong Suk ရဲ ့သူငယ်ချင်းဖြစ်တဲ့ Kim Woo Bin ကတော့ Jong suk က သူ့မှာချစ်သူမိန်းကလေးမရှိသေးပေမဲ့လည်း လက်ထပ်တာနဲ့ပတ်သက်ပြီးတော့
ဆွေးနွေးရတာကိုကြိုက်တယ်လို့အင်တာဗျူးမှာဖြေခဲ့ဖူးပါတယ်။Jong Suk က သူ့ရဲ ့တွဲဖက်မင်းသားနဲ့မင်းသမီး ပျော်ပျော်ရွှင်ရွှင်ရုပ်ရှင်ရိုက်ကူးနေတာကို
မြင်ရင် လက်ထပ်ချင်တဲ့စိတ်တွေပေါ်လာပါတယ်တဲ့။မင်းသမီး Park Shin Hye နဲ့လည်းချစ်သူတွေလို့ ပရိသတ်တွေက ထင်နေကြပေမဲ့မကြာသေးခင်ကပဲ Park Shin Hye က ချစ်သူရှိကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။အခုလက်ရှိ မင်းသား Lee Jong Suk ရဲ ့အချစ်ရေးကတော့ တစ်ယောက်တည်းပါပဲ။အင်စတာဂရမ်မှာဓာတ်ပုံတွေတင်ရတာလည်း နှစ်သက်သူဖြစ်ပြီး ချစ်စရာအပြုအမူလေးတွေရဲ ့မိန်းကလေးတွေရဲ ့အချစ်ကိုသိမ်းပိုက်ထားသူပါ။သူ့ရဲ ့ပုံရိပ်လေးတွေကို ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်နော်။

940 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.